Warmly welcome to သစ္စာနွယ်ဘလော့ခ်

Saturday, May 14, 2011

အကျဉ်းသား ၂၆၀၀ လွှတ်ပေးမည်

Posted by Thit Car Nwe 12:15 PM, under , | No comments

မကြာမှီရက်ပိုင်းအတွင်း ကျင်းပတော့မည့် ဗုဒ္ဓသာသနာ၂၆၀၀- ခရီး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်ဖြင့် သီရိလင်္ကာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား ၂၆၀၀ ကိုလွှတ်ပေးမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး V.R. De Silva က သတင်းဌာနများသို့ပြောကြားသည်။ ဗုဒ္ဓသာသနာ၂၆၀၀ ခရီး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် သမ္မတ President Mahinda Rajapaksa ၏ အမိန့်ဖြင့် သေးငယ်သည့်ပြစ်မှု ကျူးလွန်ခဲ့သူများနှင့် ဒဏ်ငွေပေးဆောင်ရန်ပျက်ကွက်မှုဖြင့် အကျဉ်းကျနေသူများကို လွတ်ပေးမည်ဖြစ်ပြီး ထိုသို့ အကျဉ်းသားလွှတ်ပေးရေးအတွက် ၀န်ကြီး Chandrasiri Gajadheera က မကြာသေးခင် အပတ်များအတွင်းကပင် သမ္မတထံ မေတ္တာရပ်ခံခဲ့ကြောင်းသိရသည်။
ဗုဒ္ဓသာသနာ ၂၆၀၀ ခရီး အောင်မြင်ခြင်း အထိမ်းအမှတ်ပွဲများကို တစ်နိုင်ငံလုံးတွင် ကျင်းပမည်ဖြစ်ပြီး နိုင်တော်အဆင့် ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်အနားကိုလည်း အနုရာဓပူရမြို့ ဗောဓိပင်တည်ရှိရာ သီရိမဟာဗောဓိဝင်းအတွင်း၌ သမ္မတ၏ ဦးဆောင်မှုဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပမည်ဟုသိရသည်။ ယင်းအခမ်းအနားတွင် သမ္မတ President Mahinda Rajapaksa မှ ယခုနှစ် ကဆုန်လပြည့်နေ့မှ ၂၀၁၂ ခုနှစ် ကဆုန်လပြည့်နေ့အထိ တစ်နှစ်လုံးကို ဗုဒ္ဓသာသနာ ၂၆၀၀ ခရီး အောင်မြင်ခြင်းနှစ်အဖြစ် ကြေငြာသွားရန်ရှိသည်ဟုလည်း သိရသည်။
နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ဂေါတမဘုရားအလောင်းတော် မွေးဖွားတော်မူရာနေ့ ၊ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူရာနေ့ ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူရာနေ့အဖြစ် အထိမ်းအမှတ်ပွဲများ ပြုလုပ်ကျင်းပလေ့ရှိသည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာခဲ့ပြီး နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ရေး သတင်းများ ပေါ်ထွက်နေခဲ့သော်လည်း ယနေ့ထိ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လာခဲ့ခြင်းသတင်းကို မကြားသိရသေးပေ။ မြန်မာနိုင်ငံတွင် မိမိတို့၏ယုံကြည့်ချက်ဖြင့် အကျဉ်းကျခံနေကြရသူ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၅၀၀ ကျော်ရှိသည်ဟု သိရသည်။

0 comments:

Post a Comment