Warmly welcome to သစ္စာနွယ်ဘလော့ခ်

Saturday, June 18, 2011

တစ်နပ်စား လမ်းစဉ်

Posted by Thit Car Nwe 8:56 AM, under | No comments

စိတ်ချမ်းသာစွာနေထိုင်နိုင်ရေးသည် ဘ၀တစ်ခုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ မည်မျှပင် ရှိနေစေကာမူ စိတ်ချမ်းသာမှုတစ်ခု ဆိတ်သုဉ်းနေပါက ရရှိထားသည့် ဘ၀တစ်ခု၏တန်ဖိုးသည် ပြီးပြည့်စုံသည်ဟု မဆိုသာပေ။ တစ်ချိန်တည်းမှာပင် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံခြင်းသည် စိတ်ချမ်းသာရေးတွင် အထောက်အပံ့တစ်ခုအနေဖြင့် ပါဝင်နေသည်ကိုလည်း ငြင်းပယ်၍မရနိုင်ပေ။ ဤနေရာတွင် ဘ၀အတွက် ပဓာနနှင့် သာမညကို နားလည်သဘောပေါက်ပြီး ပဓာနကျသည့် လမ်းကြောင်းအမှန်ကို ရွေးချယ်ပြီး လက်တွေ့ကျကျ ကျင့်သုံးနိုင်မှသာလျှင် ဘ၀တွင်သာယာချောမွေ့ပြီး ပျော်ရွှင်မှုကို ရရှိနိုင်ပေလိမ့်မည်။
ယနေ့ကာလတွင် စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝမှု၊ ရာထူးအာဏာရှိမှု စသည့် အကျိုးခံစားမှုများနဲ့ပတ်သက်ပြီး ယင်းတို့၏ နောက်ခံအကြောင်းတရားများအပေါ် အကောင်းနှင့် အဆိုး၊ အမှားနှင့်အမှန် စသည်တို့ကို တစ်နေ့တစ်ခြား ဝေဖန်ပိုင်းခြားလာနေကြသည်။ ဥပမာအားဖြင့် ရာထူးအာဏာရရှိမှု၊ စီးပွါးဥစ္စာဖြစ်ထွန်းမှုစသည့် အကျိုးတရားတိုင်းသည် ကောင်းမှုကုသိုလ်၏ အကျိုးရလာဒ်ဖြစ်ခဲ့ပါက ယင်းတို့၏ အကြောင်းနောက်ခံများ ဖြစ်နိုင်ဖွယ်ရှိသည့် နည်းမျိုးစုံနှင့် လုယက်ယူငင်ခြင်း၊ လိမ်ညာကောက်ကျစ်ခြင်း စသည့် မသမာသည့်နည်းလမ်းများသည် ကုသိုလ်ပင်ဖြစ်ရမည်ဟု တွေးဆလာကြခြင်းဖြစ်သည်။ ယင်းအတွေးအခေါ်အယူအဆသည် အကြောင်းနှင့် အကျိုးဟူသည့် အယူအဆလမ်းကြောင်းနှစ်သွယ်တွင် ပန်းတိုင်ဟူသည့် အကျိုးတစ်ခုတည်းကိုသာ ရှေ့ရှုဦးတည်ထားသည့် မိမိအတွက်အကျိုးရှိက ဘနဖူး သိုက်တူးမည့် ၀ါဒမျိုးဖြစ်သည်။ အဆိုပါလမ်းစဉ်သည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ဘုရားရှင်နှင့် ၀ါဒရေးရာကွဲပြားကြသည့် တိတ္ထိဆရာကြီး ခြောက်ယောက်အနက် ပုရာဏကဿပ တိတ္ထိဆရာကြီး၏ လမ်းစဉ်ပင်ဖြစ်သည်။ ၄င်း၏လမ်းစဉ်အရ မိမိရည်ရွယ်ထားသော အကျိုးပန်းတိုင်သို့ ရောက်ရှိ၊ ရရှိလျှင် ယင်း၏အကြောင်းလမ်းစဉ်သည် အမှန်ဟူ၍ ဆုံးဖြတ်ယူဆသူဖြစ်သည်။ ထိုဆရာကြီး၏ အယူအဆလမ်းစဉ်အရ ဖခင်ကိုသတ်၍ ဘုရင်ဖြစ်လာခဲ့သည်ဖြစ်စေ၊ ရွေးကောက်တင်မြှောက်သည့် လမ်းစဉ်အရ ဘုရင်ဖြစ်လာခဲ့သည်ဖြစ်စေ ဘုရင်ဖြစ်လာရေးသည် အဓိကပန်းတိုင်ဖြစ်သည်။ ဘုရင်ဖြစ်ခြင်း ဟူသည့် အကျိုးပန်းတိုင်သို့ ရောက်လျှင် ယင်းပန်းတိုင်သို့ ရောက်ကြောင်းဖြစ်သော အဖသတ်မှု၊ လိမ်ညာကောက်ကျစ်မှု စသည်တို့သည်လည်း အမှန်ဟုပင်ယူဆသည်။ ၄င်းပုရာဏကဿပ တိတ္ထိဆရာကြီး၏ အယူဝါဒအရ အကျိုးကောင်းခြင်းသည် အကြောင်းကောင်း၍သာဖြစ်သည်ဟု ပြောဆိုလေ့ရှိသည်။ ထို့ကြောင့် အဖကိုသတ်ပြီး မင်းဖြစ်လာသည့် အဇာတသတ်ကိုပင် အဖကိုသတ်ခြင်းသည် မှန်ကန်သည့် အကြောင်းတရားဖြစ်၍ နောင်တရဖွယ်မရှိကြောင်း ဖြောင်းဖျခဲ့ဖူးသည်။ ဤနေရာတွင် ပုရာဏကဿပ တိတ္ထိဆရာကြီး ကဲ့သို့သော အကြံပေးပုဂ္ဂိုလ်များ မြန်မာနိုင်ငံတွင် ရှိ /မရှိ ဆိုသည့်ကိစ္စမှာ စဉ်စားဖွယ်ရာပင် ဖြစ်နေတော့သည်။
အကျိုးရလာဒ် တစ်ခုတည်းကိုသာ ပဓာနထားသူများသည် “ဘယ်သူသေသေ ငတေမာပြီးရော” ဟူသည့် တစ်နပ်စားဉာဏ် သဘောတရားကို လက်ကိုင်ထားသူများဖြစ်သည်။ ၄င်းတစ်နပ်စားဉာဏ်ရှိသူတို့အဖို့ လိမ်ညာကောက်ကျစ် လုယက်ယူငင်၍လည်း စီးပွါးရှာကြသကဲ့သို့ လိမ်ညာ ဟန်ဆောင်၍လည်း လောက၏ပူဇော်သက္ကာရကို ရယူတတ်ကြသည်။ မိမိ၏ အထက်လူကြီး စသည်တို့ကို ဖြားယောင်း၍လည်း ရာထူးအာဏာကို ရယူတတ်ကြသည်။ ထိုသူတို့အဖို့ လုပ်ပိုင်ခွင့်နှင့် ရာထူးအာဏာ လက်ဝယ်ရောက်ရှိပြီးပါက တာဝန်နှင့် ရပိုင်ခွင့်တွင် တာဝန်ဆိုသည်ကို လျစ်လျူရှုတတ်ပြီး ရပိုင်ခွင့်ကိုသာ လက်မလွှတ်စတမ်း အမိအရဆုပ်ကိုင်လေ့ ရှိတတ်ကြသည်။ ယင်းလုပ်နည်းလုပ်ဟန်များသည် ယနေ့ခေတ်တွင် ထင်ရှားစွာတွေ့မြင်နေကြရပြီး လက်တွေ့တွင်လည်း တကယ်ပင် ကြီးပွါးချမ်းသာနေကြသည်မှာ ငြင်းပယ်၍မရအောင်ပင် မှန်နေသည်။ သို့အတွက်ကြောင့် ၄င်းတို့၏ အယူဝါဒ လမ်းစဉ်တို့ကို အမှန်အဖြစ် လက်ခံလိုက်နာ ယုံကြည်ကြရတော့မည်လော။
ကိစ္စတစ်ခုကို တွေးခေါ်ဆုံးဖြတ်ကြရာတွင် မိမိမြင်နိုင်စွမ်းရှိရာ မျက်စိတစ်ဆုံးအတွင်းမှာသာ ကြည့်ပြီး ဆုံးဖြတ်၍မရနိုင်ပေ။ မိမိမြင်နိုင်စွမ်းမရှိသော၊ မိမိဉာဏ်မမှီနိုင်သော အရားများစွာလည်း ရှိနေပေသေးသည်။ အထက်တွင် ဖော်ပြခဲ့သည့် လမ်းစဉ်မျိုးဖြင့် အသက်မွေးဝမ်းကြောင်း ပြုမှုမျိုးကို ဗုဒ္ဓ၀ါဒအလိုအရ မိစ္ဆာဇီဝ မှားယွင်းသည့် အသက်မွေးဝမ်းကြောင်း ပြုမှုမျိုးအဖြစ် ခံယူထားပြီး ရှုတ်ချထားသည်။ ယင်းမိစ္ဆာအာဇီဝလမ်းစဉ်ဖြင့် ကြီးပွါးလာမှုကြောင့် အနာဂတ်ခရီးတွင် အနည်းဆုံး တွေ့ကြုံလာရနိုင်ဖွယ်ရှိသည့် အချက်သုံးချက်ကိုဖော်ပြလိုသည်။ မသမာသည့် နည်းလမ်းများဖြင့် ရရှိလာခဲ့သည့် စည်းစိမ်ဥစ္စာ ချမ်းသာသုခနှင့် ရာထူးဂုဏ်သိန်တို့သည် ကာလအားဖြင့် အရှည်ကြာဆုံး တစ်ဘ၀မျှသာ ဖြစ်နိုင်သကဲ့သို့ ၄င်းတို့ကျက်စားရန် နယ်မြေဒေသမှာလည်း ကျဉ်းမြောင်းလှပေသည်။ မသူတော်များလွှမ်းမိုးရာ ဒေသ တနည်းအားဖြင့်ဆိုရသော် ၀ိပတ္တိတရား ထွန်းကားရာဒေသမျိုးတွင်သာ ကျက်စားနိုင်ပေသည်။ ယင်းကိုပင် ခေတ်ပျက်သူဋ္ဌေးများအဖြစ် ခေါ်ဝေါ်သုံးနေကြခြင်း ဖြစ်ဟန်တူသည်။ ပုဂ္ဂိုလ်အားဖြင့်လည်း ဓာတ်တူချင်းမှ ရောသည် ဆိုသည့်အတိုင်း အကြံတူ ဉာဏ်တူ ကလိမ်ကျသူအချင်းချင်း၊ တကိုယ်ကောင်းကျင့်သူများ အချင်းချင်းမှာသာ မျက်နှာပွင့်နိုင်ကြသည်။ မြတ်ဗုဒ္ဓစာပေများတွင် ဖော်ပြပါ မိစ္ဆာဇီဝ ကျင့်စဉ်မျိုးကို အသက်မွေးမှု လွယ်ကူကြောင်း လမ်းစဉ်အဖြစ် ဖော်ပြထားပြီး ကဲ့ရဲ့ရှုတ်ချထားသည်။
ဗုဒ္ဓဘာသာဆိုသည်မှာ မြတ်စွာဘုရားရှင် ကျင့်သုံးတော်မူခဲ့သည့် လမ်းစဉ်၊ ဟောကြားတော်မူခဲ့သည့် စကားတော်၊ ချမှတ်တော်မူခဲ့သည့် မူဝါဒများကို ဆိုလိုသည်။ ယင်းကျင့်စဉ် စကားတော်များနှင့် မူဝါဒများကို လိုက်နာကျင့်သုံးသူကိုသာလျှင် ဗုဒ္ဓဘာသာဝင်ဟူ၍ ခေါ်ဆိုနိုင်သည်။ ယင်းသို့မဟုတ်ပါက အမည်ခံ ဗုဒ္ဓဘာသာဝင် တစ်ယောက်သာဖြစ်ပေလိမ့်မည်။ ဘာသာ အယူဝါဒတစ်ခုကို ကြိုက်/ မကြိုက် ဆိုသည်ထက် လက်တွေ့ကျင့်သုံးမှုသည်သာ ပို၍အပြုသဘောဆောင်လေသည်။ ပုဂ္ဂိုလ်ခင်မှ တရားမင် ဆိုသည့်စကားအတိုင်း ပုဂ္ဂိုလ်ရေးသို့လိုက်၍ လိုက်နာကျင့်သုံးမှုရှိသကဲ့သို့ အခြားတစ်ဖက်တွင် ဆန့်ကျင်သယောင်ဖြင့် ပုဂ္ဂိုလ်ရေးအရ ဝေဖန်တိုက်ခိုက်နေလင့်ကစား လိုက်နာကျင့်သုံးမှုပိုင်းဆိုင်ရာတွင် ကျင့်ဝတ်သိက္ခာ စာမျက်နှာအရ ထပ်တူကျနေသည်တို့ကိုလည်း တွေ့ရတတ်ပေသည်။ နိဂုံးချုပ်အားဖြင့် ကာလ၊ ဒေသ၊ ပုဂ္ဂလ ဟူသည့် နယ်ပယ်သုံးခုတွင် မိမိဘ၀ လိပ်ပြာသန့်စွာဖြင့် ရှင်သန်နိုင်ရေးအတွက် ပုရာဏကဿပ တိတ္ထိဆရာကြီးကဲ့သို့သော ပုဂ္ဂိုလ်တို့၏ တစ်နပ်စားလမ်းစဉ်မှ ရှောင်ရှားနိုင်ကြစေရန် တင်ပြလိုက်ရပါသည်။

အရှင်ဥက္ကဋ္ဌ

Tuesday, May 31, 2011

တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် မြန်မာပြည်ကြွမည်

Posted by Thit Car Nwe 1:27 AM, under , | No comments

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ချစ်ကြည်ရေး အဖွဲ့ဝင်များသည် မေ ၂၈-ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ Ba Da Chu ဥယျာဉ်ရှိ ဗုဒ္ဓစွယ်တော်မြတ် ကိန်းဝပ် စံပယ်တော်မူရာ Ling Guang Si Buddhist Temple သို့ သွားရောက်ရှိခဲ့ကြပြီး ဗုဒ္ဓစွယ်တော်မြတ်အား ဖူးမြော် ကြည်ညိုခဲ့ကြသည်ဟုသိရသည်။ ၄င်းခရီးစဉ်အတွင်း ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ ဒေသစာရီ ကြွချီရန် ပင့်လျှောက်ထားခဲ့ကြောင်းနှင့် အဆိုပါကျောင်းဆရာတော်က လက်ခံသဘောတူခဲ့ကြောင်း ၂၀၁၁-ခုနှစ် မေလ ၃၀-ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
လေ့လာသူများကတော့ မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်းရေးကြီးအပြီး အဖမ်းခံခဲ့ကြရသည့် သံဃာတော်အများအပြား ယခုချိန်ထိ အကျဉ်းထောင်များအတွင်း ရှိနေသေးသလို စစ်အစိုးရမှ မိမိတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ယနေ့ချိန်အထိ ၀န်ချမတောင်းပန်သေးကြောင်း စစ်အစိုးရတစ်ဖြစ်လည်း ယခုလက်ရှိ ကြံ့ဖွံ့အစိုးသစ်အနေဖြင့် ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်ရန် နည်းမျိုးစုံသုံးပြီး လုပ်ဆောင်လျှက်ရှိကြောင်း ပြောဆိုလျှက်ရှိနေကြသည်။

Monday, May 30, 2011

အကျဉ်းသားများ ဘာသာတရားဖြင့် ပြုပြင်ပြောင်းလဲရေးအစီစဉ်စတင်

Posted by Thit Car Nwe 10:30 AM, under , | No comments

သီရိလင်္ကာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ၏ ကိုယ်ကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ရည်ရွယ်ပြီး မေလ ၁၃ ရက်နေ့က နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်ပေါင်း ၃၃ ခုတွင် ဘာသာရေးကျောင်းများကို တရားဝင် ဖွင့်လှစ်လိုက်ကြောင်းသိရသည်။ အဆိုပါ အစီစဉ်ကို အကျဉ်းသားများ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေးဝန်ကြီးမှ ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပြီး သေးငယ်သည့်ပြစ်မှု ကျူးလွန်ခဲကြသူများကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာန်ဘာသာတို့မှ ဘာသာရေးအဆုံးအမများကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းသို့ လုပ်ဆောင်မှုအတွက် သက်ဆိုင်ရာ ဘာသာအသီးသီမှ ခေါင်းဆောင်များက ချီးကျူးပြောဆိုလိုက်ကြသည်။
ယခုကဲ့သို့ သီရိလင်္ကာနိုင်ငံတွင် ပြစ်မှုကြူးလွန်ခဲ့မှုများကြောင့် အကျဉ်းကျခံနေကြရသည့် အကျဉ်းသားများအား ကောင်းမွန်သည့် ပုံမှန်ဘ၀ကိုပြန်လည်ရရှိရေး ဘာသာတရားများ၏ အဆုံးအမများဖြင့် တည့်မတ်ပေးရေး လုပ်ဆောင်နေသည့် တစ်ချိန်တည်းမှာပါင် ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှာတော့ သံဃာတော်များအပါဝင် မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားများ၏ ဘ၀တိုးတက်ရေး အခွင့်အလမ်းများကို နည်းမျိုးစုံဖြင့် ရိုက်ချိုးခံနေကြရသည်။

Tuesday, May 24, 2011

စတီးပုရပိုက်များဖြင့် ပိဋကတ်သုံးပုံကို ရေးသားဌာပနာသွင်း

Posted by Thit Car Nwe 4:59 AM, under | No comments

၁၇.၅.၂၀၁၁-ရက်နေ့ နံနကိုပိုင်းက ပုဂံ-ညောင်ဦးဒေသရှိ ငှက်ပစ်တောင် ပေါ်တော်မူဘုရားအနီးရှိ ရှေးဟောင်း ရှင်အရဟံ သိမ်တော်ကြီးအတွင်း တိပိဋကတ်သုံးပုံကို ပထမဆုံးအကြိမ်အဖြစ် စတီးပုရပိုက်များဖြင့် ရေးသားကာ ဌာပနာသွင်းခြင်းကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းရှင်အရဟံ သိမ်တော်ကြီးကို အေဒီ ၁၁-ရာစုခန့်က ပုဂံညောင်ဦးဒေသတွင် ရှင်အရဟံမထေရ်ကိုယ်တိုင် သိမ်အဖြစ်သမုတ်ပေးခဲ့သည်ဟုသိရပြီး မြန်မာနိုင်ငံတွင် ရဟန္တာအရှင်မြတ်များ သမုတ်ခဲ့သည့် သိမ်ကိုးသိမ်ထဲတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။
ယင်းသိမ်တော်ကြီးအတွင်း ဌာပနာခဲ့သည့် စတီးပုရပိုက်ပေါင်း ၁၁၆၅၈ ချပ်ဖြစ်ပြီး တစ်ချပ်လျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် အကုန်အကျခံကာ ပူဇော် ဌာပနာသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပိဋကတ်သုံးပုံကို စတီးပုရပိုက်များဖြင့် ရေးထိုးဌပနာသွင်းခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး စတီးပုရပိုက်များအပြင် ဘုရားရှင်၏ မွေတော်ဓါတ်တော်များလည်း ထည့်သွင်းဌာပနာထားကြောင်း မေလ ၂၆-ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Monday, May 16, 2011

မြတ်ဗုဒ္ဓ၏ မီးပြတိုက်

Posted by Thit Car Nwe 8:35 AM, under | No comments

ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် မွေးဖွားတော်မူသည့်နေ့၊ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူသည့်နေ့ ၊ မြတ်စွာဘုရားရှင်၏ ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ ဟူသည့် သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်ပြီး ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ အထူးခြားဆုံး နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပေသည်။ ယင်းကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ကို 1999 ခုနှစ်တွင် ကမ္ဘာကုလသမဂ္ဂ၏ နေ့တစ်နေ့အဖြစ်ဖြင့် အထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချကာ အသိမှတ်ပြုပေးခဲ့သည်။ ၄င်းအချိန်မှစ၍ နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားသို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ထံမှ သ၀ဏ်လွှာများပေးပို့လေ့ရှိသည်။ ယခင်အထွေထွေအတွင်းေ၇းမှုးချုပ်တို့၏ အစဉ်အဆက်က ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍနှင့် ဗုဒ္ဓတရားတော်တို့၏ စွမ်းပကားတော်များကို ချီးကျူးခဲ့ကြပြီး ယင်းတရားတော်များ၏ လူမှုကဏ္ဍ နယ်ပယ်အသီးသီးတို့၌ အကျိုးကျေးဇူးသက်ရောက်ပုံများကိုလည်း ပြောကြားခဲ့ကြသည်။
ယခုတဖန် နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောကြားတော်မူခဲ့သော ဂေါတမဗုဒ္ဓ၏ မိန့်ဆိုချက်များမှာ နေ့စဉ်ရင်ဆိုင်တွေ့ကြုံနေကြရသော ကြီးမားလှသည့် ကမ္ဘာ့ပြဿနာကြီးတို့ကို ဖြေရှင်းရာတွင် လမ်းကြောင်းမှန်သို့ တည့်မတ်ပေးသည့် ကောင်းမွန်သည့် လမ်းညွှန်ကြီးတစ်ခုဖြစ်သည်ဟု ဖွင့်ဟလာသူကတော့ ယနေ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ် မစ္စတာ ဘန်ကီမွန်း ဖြစ်သည်။ ယင်းသတင်းစကားကို ကုလသမဂ္ဂ၏ ဗုဒ္ဓနေ့အထိမ်းအမှတ်ပွဲသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် တင်ပြလိုသည်မှာ တန်ဖိုးကိုသိသူမှာ မိမိတန်ဖိုးသည့်အလျောက် သူနေရာနဲ့သူ အသုံးတည့်အောင် အသုံးချသွားချင်းဖြစ်သည်။ မသိသူတွေက ကျော်ခွသွားပြီး သိသူများက ဖေါ်စားသွားသည့် သဘောပင်ဖြစ်လေသည်။
အရာဝတ္ထုတစ်ခု၏ တန်ဖိုးဆိုသည်မှာ မိမိထံမှ ပေးလိုက်ရသည့် သတ်မှတ်တန်ကြေးထက် သုံးစွဲသူ ကာယကံရှင်ပုဂ္ဂိုလ်၏ တန်ဖိုးသိစိတ်အပေါ်၌သာ များစွာအခြေခံပေသည်။ မြက်ကိုသာ စားတတ်သည့် သားသမင်ရှေ့မှောက်၌ အဖိုးများစွာထိုက်တန်သည့် စိန်ကျောက် ရတနာပုံကြီးကို စုပုံထားသော်လည်း ၄င်းသားသမင်က တန်ဖိုးထားလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများထဲတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်သည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ၊ အဖွဲ့အသီးသီး၊ ပုဂ္ဂိုလ်အများစုကြီးတို့အကြား ဗုဒ္ဓ၏တရားတော်များနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် သဘောပေါက်နားလည်ကာ တန်ဖိုးထားသကဲ့သို့ နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးခဲ့ကြပါလျှင် ယနေ့ မြန်မာပြည်သူအများ ခံစားနေကြရသည့် ဒုက္ခပင်လယ်ဝေနေကြရသည့် အဖြစ်မျိုးမှ ကာကွယ်နိုင်ခဲ့ကြပေလိမ့်မည်။
အထွေထွေအတွင်းရေးမှုးချုပ်၏ စကားထဲတွင် သူတစ်ပါးပစ္စည်းကို မတရားသိမ်းပိုက်လိုမှု လောဘ၊ အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်မှု ဒေါသ၊ ကြောင်းကျိုးဆီလျော်မှုတို့ကို မသိတတ်မှု မောဟ တို့ကို အားမပေးသည့် မြတ်ဗုဒ္ဓ၏တရားတော်များသည် နှစ်ဦးနှစ်ဖက် အပြန်လှန်လေးစားမှု၊ ကိုယ်ချင်းစာနာမှု၊ ဆွေးနွေးတိုင်ပင်မှုတို့ဖက်ဆီသို့ ဦးတည်စေပြီး မလိုလားအပ်သည့် အခက်ခဲ အကြပ်အတည်း ပြဿနာမျိုးစုံနှင့် တစ်ဦးပေါ်တစ်ဦး မတရားအနိုင်ကျင့်မှု ရက်စက်ကြမ်းကြုတ်မှုတို့ကို ကျော်လွှားစေနိုင်သည်ဟု ဖော်ပြထားသည်။ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး နေလို လလို ထွန်းလင်း တောက်ပနေပါသည်ဟု တစ်မျိုး၊ ရွှေရောင်တွေတ၀င်းဝင်း တောက်ပြောင်နေသည့် စေတီပုထိုးတို့ဖြင့် ကြွယ်ဝလှပါသည့် မြန်ပြည်ကြီးဟုဆိုသည်ကတစ်ဖုံ ၀င့်ကြွားစရာ ဘာသာရေးအဆောက်အအုံ တစ်ပုံတပင် အရိပ်အာဝါသများ၏ အောက်က မြန်မာပြည်သူအများ ယနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ခံစားစေချင်သည့် အရသာမျိုး ခံစားနေကြရပါပြီလော။ လက်တွေ့ကျင့်သုံးမှုမပါပဲ မည်သည့်ဘာသာ မည်သည့်အယူဝါဒ ရှိပါသည်ဟု တံဆိပ်ခတ်ရုံမျှဖြင့် အရာအရာ ပြည့်စုံသွားလိမ့်မည်မဟုတ်ပေ။ လူသားတို့ကို ကိုးကွယ်ရာတစ်ခုမှ အခြားကိုးကွယ်ရာတစ်ခုသို့ ပြောင်းလဲစေဖို့ မရည်ရွယ်ပဲ သီလဖြင့် လူသားတို့စည်းကမ်းရှိဖို့ ၊ သမာဓိဖြင့် လူသားတို့ စိတ်ချမ်းသားဖို့ ၊ ပညာဖြင့် အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သိမြင်ပြီး လူအသိစိတ်ဓာတ်ကို မြှင်တင်ဖို့ကိုသာ ရည်ရွယ်ထားသည့် ဗုဒ္ဓ၀ါဒသည် မိမိ၏ လမ်းညွှန်ချက်များကို လေ့လာသင်ကြားခြင်း ၊ လက်တွေကျင့်သုံးခြင်း ၊ သဘောပေါက်နားလည်ခြင်းမှတဆင့် လူသားတို့၏ဘ၀ကို မြှင့်တင်ဖို့ကိုသာ ရည်ရွယ်သည်။ ပညာဖြင့် အမှားအမှန်ကို ခွဲခြမ်းမသိနိုင်ကြသမျှ ကာလပတ်လုံး ငါ၏ ပြုလုပ် ပြောဆို တွေးတောကြံဆမှုများသည်သာ အမှန်ဖြစ်သည်ဟု ငါဟူသည့် အတ္တအစွဲက ကြီးပွါးနေအုံးမည်သာ။ အတ္တအစွဲကြီးသူတစ်ယောက်အဖို့ မီးပြတိုက်ကို ရန်သူဟု အမြင်မှားသည့် မာလိမ်မှုးကဲ့သို့ တရားနည်းလမ်းတကျ လမ်းညွှန်ပြသူများကိုလည်း ရန်သူတစ်ယောက်ပမာ ဆက်ဆံအုံးမည်သာဖြစ်သည်။
မြန်မာနိုင်ငံတွင် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက် မူဝါဒကောင်းများသည် အပြည့်အ၀ရှိနေပေသည်။ သို့သော်လည်း ကျင့်ကြံ ကြိုးစားအားထုတ်မှု ပုဂ္ဂိုလ်ပိုင်းမှ အားနည်းလျှက်ရှိနေပါသည်ဟုဆိုက ၀န်ခံကြရမည်သာဖြစ်သည်။ တိုင်းပြည်တစ်ပြည် အုပ်စုတစ်ခု အဖွဲ့အစည်းတစ်ခုစသည်တို့တွင် မူ နှင့် လူ သီးခြားရပ်တည်၍မရနိုင်ပေ။ မူနှင့်လူ နှစ်ခုလုံး ညီမျှစွာ ယှဉ်တွဲသွားနိုင်ပါမှလျှင် တိုးတက်အောင်မြင်နိုင်ပေသည်။
မြန်မာပြည်သူတွေ ကောင်းမွန်သည့် လူနှင့် မူစနစ်တို့အောက်၌ ငြိမ်းချမ်းသာယာ ပျော်ရွှင်နိုင်ကြပါစေ ---

အရှင်ဥက္ကဋ္ဌ

Saturday, May 14, 2011

အကျဉ်းသား ၂၆၀၀ လွှတ်ပေးမည်

Posted by Thit Car Nwe 12:15 PM, under , | No comments

မကြာမှီရက်ပိုင်းအတွင်း ကျင်းပတော့မည့် ဗုဒ္ဓသာသနာ၂၆၀၀- ခရီး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်ဖြင့် သီရိလင်္ကာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား ၂၆၀၀ ကိုလွှတ်ပေးမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး V.R. De Silva က သတင်းဌာနများသို့ပြောကြားသည်။ ဗုဒ္ဓသာသနာ၂၆၀၀ ခရီး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် သမ္မတ President Mahinda Rajapaksa ၏ အမိန့်ဖြင့် သေးငယ်သည့်ပြစ်မှု ကျူးလွန်ခဲ့သူများနှင့် ဒဏ်ငွေပေးဆောင်ရန်ပျက်ကွက်မှုဖြင့် အကျဉ်းကျနေသူများကို လွတ်ပေးမည်ဖြစ်ပြီး ထိုသို့ အကျဉ်းသားလွှတ်ပေးရေးအတွက် ၀န်ကြီး Chandrasiri Gajadheera က မကြာသေးခင် အပတ်များအတွင်းကပင် သမ္မတထံ မေတ္တာရပ်ခံခဲ့ကြောင်းသိရသည်။
ဗုဒ္ဓသာသနာ ၂၆၀၀ ခရီး အောင်မြင်ခြင်း အထိမ်းအမှတ်ပွဲများကို တစ်နိုင်ငံလုံးတွင် ကျင်းပမည်ဖြစ်ပြီး နိုင်တော်အဆင့် ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်အနားကိုလည်း အနုရာဓပူရမြို့ ဗောဓိပင်တည်ရှိရာ သီရိမဟာဗောဓိဝင်းအတွင်း၌ သမ္မတ၏ ဦးဆောင်မှုဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပမည်ဟုသိရသည်။ ယင်းအခမ်းအနားတွင် သမ္မတ President Mahinda Rajapaksa မှ ယခုနှစ် ကဆုန်လပြည့်နေ့မှ ၂၀၁၂ ခုနှစ် ကဆုန်လပြည့်နေ့အထိ တစ်နှစ်လုံးကို ဗုဒ္ဓသာသနာ ၂၆၀၀ ခရီး အောင်မြင်ခြင်းနှစ်အဖြစ် ကြေငြာသွားရန်ရှိသည်ဟုလည်း သိရသည်။
နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ဂေါတမဘုရားအလောင်းတော် မွေးဖွားတော်မူရာနေ့ ၊ မြတ်စွာဘုရား သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူရာနေ့ ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူရာနေ့အဖြစ် အထိမ်းအမှတ်ပွဲများ ပြုလုပ်ကျင်းပလေ့ရှိသည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာခဲ့ပြီး နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ရေး သတင်းများ ပေါ်ထွက်နေခဲ့သော်လည်း ယနေ့ထိ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ လွတ်မြောက်လာခဲ့ခြင်းသတင်းကို မကြားသိရသေးပေ။ မြန်မာနိုင်ငံတွင် မိမိတို့၏ယုံကြည့်ချက်ဖြင့် အကျဉ်းကျခံနေကြရသူ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၅၀၀ ကျော်ရှိသည်ဟု သိရသည်။

Friday, May 13, 2011

တကျော့ပြန် ခေါင်းထောင်လာသည့် စိတ်ဓာတ်မြင့်တင်ရေးသင်တန်း

Posted by Thit Car Nwe 10:25 AM, under , | No comments

ယခုနှစ် ဇန်န၀ါရီလအတွင်းက မြန်မာနိုင်ငံတွင် တစ်နေ့တခြား လူပြောများနေခဲ့သည့် သင်္ကန်းအရေခြုံ အရှင်ဣဒ္ဓိပါလဆိုသူ၏ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မလျှော်ကန်သည့် စိတ်ဓာတ်မြင့်တင်ရေးအမည်ခံ သင်တန်းကြောင့် ပြည်တွင်းပြည်ပရှိ သံဃာတော်များနှင့် လူဒါယိကာ ဒါယိကာမများမှ အပြင်းအထန် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် အဆိုပါ သင်တန်းခေါင်းဆောင် အရှင်ဣဒ္ဓိပါလဆိုသူအား နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့သည်ဟု ကြားသိခဲ့ရပြီး ယင်းသင်တန်းမှာလည်း ရပ်နားခဲ့ရသည်။
ယခုလို ပြည်တွင်းတွင် အဆိုပါသင်တန်းလုပ်ပိုင်ခွင့် ရရှိရန်ခက်ခဲနေသည့်အချိန်တွင် မလေးရှားနိုင်ငံ SM ကုန်တိုက်၌ ၁၅.၀၅.၂၀၁၁ နေ့တွင် ကျင်းပမည့်ဟု သတင်းများ ထွက်ပေါ်နေလျှက်ရှိသည်။ အဆိုပါ သင်တန်းကျင်းပရေး ကိစ္စနဲ့ပတ်သက်ပြီး မလေးရှားရောက် မြန်မာဘုန်းတော်ကြီးများမှ လက်မှတ်ထိုးပြီး ၁၁.၀၅.၂၀၁၁ နေ့စွဲဖြင့် ကြေငြာချက်ထုတ်ကာ ကန့်ကွက် ထားကြောင်းသိရသည်။
အရှင်ဣဒ္ဓိပါလဆိုသူ ဦးစီးသည့် စိတ်ဓာတ်မြင့်တင်ရေးအမည်ခံ သင်တန်းတွင် သရုပ်ဖော်ကပြသည့် ရုပ်ရှင်ကားတစ်ခုကိုနောက်ခံထားပြီး သင်တန်းသူ/ သားများမှ နောက်ကလိုက်၍ သီချင်းဆိုခြင်း ကခုန်ခြင်းများ ပြုလုပ်ကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးကိစ္စများနှင့် ငြိစွမ်းစေသည့် စကားများကို သုံနှုံးပြောဆိုသည့် သံဃာတော်များကို သာသနာတော်အား ညှိုးနွမ်းစေသည်ဆိုသည့် ပုဒ်ထီး ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေချိန်တွင် ယခုကဲ့သို့ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် လုံးဝဆန့်ကျင်နေသည့် သင်တန်းမျိုး ကျင်းပခွင့်ပေးထားခြင်းသည် မြန်မာနိုင်ငံ၏ တရားစီ၇င်ရေးစနစ် ဖောက်ပြန်နေခြင်းသာ ဖြစ်ကြောင်း မြန်မာပြည်သူများအကြား ပြောဆိုနေကြလျှက်ရှိသည်။

(ယခင် posted မျာကို အောက်ပါ Links များအတိုင်း သွားရောက်ကြည့်ရှုနိုင်သည်)
http://thitcarnwe.blogspot.com/2011/01/blog-post_5317.html
http://thitcarnwe.blogspot.com/2011/01/blog-post_1085.html
http://thitcarnwe.blogspot.com/2011/01/blog-post_16.html

Tuesday, April 26, 2011

ကျောင်းသားသပိတ် ကျောက်စာတိုင် ပြန်ဖွင့်မည်

Posted by Thit Car Nwe 10:06 PM, under , | No comments

ရန်ကုန်မြို့ ၊ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်ရှိ ကျောင်းသားသပိတ် ကျောက်စာတိုင်ကို မကြာမီပြန်လည် ဖွင့်လှစ်တော့မည်ကြောင်း mmdailynews တွင်ဖော်ပြထားသည်။ ယခင်က တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားခဲ့ပြီး ယခုအခါတွင် ယင်းကျောက်စာတိုင်ကို အများပြည်သူများ ပုံမှန်ကြည့်ရှုခွင့် ရနိုင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ပေးရန် ရွှေတိဂုံဂေါပကအဖွဲ့မှ ကြိုးပမ်းလျက်ရှိကြောင်းနှင့် မကြာမှီပြန်လည်ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်းကိုလည်း ယင်းသတင်းဝဒ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါကျောက်စာတိုင်သည် အင်္ဂလိပ် ကိုလိုနီနယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ဖြစ်သည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သဖြင့် ကောလိပ်ကျောင်းသားကြီး ၁၁-ဦးတွေ့ဆုံ၍ သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုခဲ့သည့် အထိမ်းအမှတ်ဖြစ်ဖြင့် တည်ထားခဲ့သော ကျောက်စာတိုင်ဖြစ်သည်။
ယနေ့အချိန်တွင်လည်း မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် စစ်ကျွန်ဖြစ်ရေးဖက်ဆီသို့ ဦးတည်နေသည့် ကျွန်ပညာရေးစနစ် တစ်ခုသာဖြစ်ကြောင်း အများပြည်သူများအကြား ပြောဆိုလျှက်ရှိသည်။




Friday, April 15, 2011

မြန်မာငါးဖမ်းသမားများ သီရိလင်္ကာကယ်ဆယ်

Posted by Thit Car Nwe 8:14 AM, under , | No comments

နိုင်ငံတကာရေပိုင်နက်အတွင်း စက်ပျက်ပြီး  မျောပါနေသည့် သဘောင်္သား ၁၂- ဦးပါ မြန်မာငါးဖမ်းလှေတစ်စီးကို သီရိလင်္ကာ ငါးဖမ်းလှေမှ ကယ်ဆယ်နိုင်လိုက်ကြောင်း သီရိလင်္ကာရေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Kosala Warnakulasuriya ကို ကိုးကားပြီး သီရိလင်္ကာနေ့စဉ်ထုတ် သတင်းစာတွင်ဖော်ပြထားသည်။ အဆိုပါမြန်မာ ငါးဖမ်းသမားများကို ကယ်တင်လာသည့် သီရိလင်္ကာငါးဖမ်းလှေသည် ယခုအခါတွင် သီရိလင်္ကာနိုင်ငံ ထရိန်ကိုမာလီသဘောင်္ဆိပ်သို့ ဦးတည်ခုတ်မောင်းလာနေပြီး မနက်ဖြန်တွင်ရောက်ရှိလာမည် ဟုမျှော်လင့်ရသည်။

Thursday, April 14, 2011

ပိတောက်ချစ်သူ

Posted by Thit Car Nwe 3:30 AM, under | No comments

Posted by Thit Car Nwe 3:26 AM, under | No comments

Posted by Thit Car Nwe 3:20 AM, under | No comments

Posted by Thit Car Nwe 3:16 AM, under | No comments


Saturday, March 5, 2011

သက်ဆိုင်သူသို့

Posted by Thit Car Nwe 4:14 AM, under | No comments

“ပုဂ္ဂိုလ်ရေးအရ သံဃာတော်တွေဟာ နိုင်ငံရေးထဲမှာ မပါဝင်စေချင်ဘူး၊ သာသနာကို သန့်သန့်ရှင်းရှင်းနဲ့ ဗုဒ္ဓရဲ့ ၀ိနည်းအတိုင်း ဗုဒ္ဓရဲ့ စကားကိုနားထောင်ပြီး နိုင်ငံရေးလုပ်မယ့်အစား တမဂ် တဖိုလ်ပေါက်အောင် လုပ်ပြီးတော့ လူထုကို ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးတရားတွေဟောနိုင်တဲ့ ကိုယ်တော်တွေ ဖြစ်စေချင်တယ်” ။ ယခုဖော်ပြလိုက်သည့် စာသားမှာ မတ်လ ၂-ရက်နေ့ ည ဘီဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီစဉ်တွင် ဂျပန်နိုင်ငံမှ ဦးညွန့်ရွှေ ၏ ပါဝင်ဆွေးနွေးချက် စကားကိုကောက်နှုတ် ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။

ယင်းဆွေးနွေးမှုအစီစဉ်တွင် ဦးညွန့်ရွှေ ၏ဆွေးနွေးချက်ကို အပေါ်ယံ ကြည့်ပါက ရဟန်းသံဃာတော်များအပေါ်တွင် ထားရှိသည့် ၄င်း၏စေတနာကောင်းကိုတော့ အသိအမှတ်ပြုကြရမည်ဖြစ်သည်။ သို့သော် တစ်ခါတရံတွင် စေတနာကောင်းကို အခြေခံထားသော်လည်း လုပ်ဆောင်ချက်နဲ့ လမ်းကြောင်းတစ်ခုက လွဲမှားနေခဲ့ပါလျှင် အောင်မြင်မှုမှ ဝေးသွားနိုင်သလို အချိန်လည်းကြာမြင့်သွားနိုင်သည်။ ပို၍ဆိုးသည်မှာ မှားယွင်းသည့်လမ်းကြောင်းကို အမှန်ဟု မျိုးဆက်သစ်တို့ အထင်မှတ်သွားတတ်ခြင်းပင်ဖြစ်သည်။
လူအများ၏ဦးနှောက်ထဲတွင် စွဲမြဲနေသည့် ကိစ္စရပ်တစ်ခုမှာ ဘာသာရေးနဲ့ နိုင်ငံရေးသည် ပြဒါးတစ်လမ်း သံတစ်လမ်းသဖွယ် တွေးထင်နေကြခြင်းဖြစ်သည်။ သို့သော် ဘာသာရေးကို ၄င်းတို့နိုင်ငံရေးအတွက်ဖြစ်စေ ကိုယ်ကျိုးစီးပွါးတစ်ခုအတွက်ဖြစ်စေ အသုံးချလိုသည့်အချိန်မှာတော့ မျဉ်းပြိုင်အဖြစ် အသုံးပြုတတ်ကြလေသည်။ စာရေးသူအနေဖြင့် ဘာသာရေးနဲ့ နိုင်ငံရေးသည် ပြဒါးတစ်လမ်း သံတစ်လမ်းအဖြစ် မယူဆနိုင်သလို မျဉ်းပြိုင်တစ်ခုအဖြစ်လည်း မယူဆနိုင်ပေ။ နိုင်ငံတစ်ခု လူအဖွဲ့အစည်းတစ်ခု၏ တည်ငြိမ်အေးချမ်းရေးအတွက် အာဏာစက်သည်လိုအပ်သလို ဓမ္မစက်မှာလည်း မရှိမဖြစ်လိုအပ်လှပေသည်။ ဓမ္မစက်လွှမ်းမိုးမှုမရှိသည့် မည်သည့်အာဏာစက်မဆို စစ်မှန်သည့် ငြိမ်းချမ်းမှုရလာဒ်မျိုးကို ပေးနိုင်မည်မဟုတ်ပေ။ ဘာသာရေး၏ အထိမ်းအကွပ် ဘာသာရေး၏ အဆုံးအမ လမ်းညွှန်မှုများသည် ဓမ္မစက်လွှမ်းမိုးရေးဖက်ကို ဦးတည်နေသည်ဆိုသည်မှာ ငြင်းပယ်၍မရနိုင်ပေ။ ဗုဒ္ဓဘာသာ၏ လမ်းညွှန်ချက်များကို လက်တွေ့ကျကျ လေ့လာကြည့်ပါက နိုင်ငံရေး စီးပွါးရေး လူမှုရေးစသည့် အရေးကိစ္စပေါင်းများစွာ ပါဝင်နေသည်ကို တွေ့ရှိရပေလိမ့်မည်။ အကယ်၍ ဗုဒ္ဓဘာသာနှင့် ယင်းအရေးကိစ္စများ မသက်ဆိုင်ခဲ့ပါက အကျိုးမရှိသည်ကို ပြောဆိုတော်မမူသည့် မြတ်စွာဘုရားအနေဖြင့် မူလကတည်းက ဟောကြားတော်မူခဲ့လိမ့်မည်မဟုတ်ပေ။ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တော်ကပင် နိဗ္ဗာန်ချမ်းသာကို ၀င်စံတော်မူနိုင်သော်ငြားလည်း ငါသိသလို သတ္တ၀ါအများကို သိရှိစေရမည်၊ ငါ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်သလို သတ္တ၀ါအများလည်း လွတ်မြောက်စေရမည်၊ ငါ သံသရာဝဋ်ဆင်းရဲအပေါင်းမှ ကူးမြောက်သလို သတ္တ၀ါအပေါင်းကိုလည်း ကူးမြောက်စေရမည် ဟူသည့် သတ္တ၀ါတို့အပေါ် မဟာကရုဏာကြီးမားစွာဖြင့် ပါရမီတော်ကြီးများကို ကမ္ဘာပေါင်းများစွာ ပင်ပန်းဆင်းရဲစွာဖြင့် ဖြည့်ကျင့်တော်မူခဲ့သည်။ ယင်းကဲ့သို့ ဘုရားမဖြစ်မှီ ဘုရားအလောင်းတော်၏ ရည်ရွယ်ချက်တစ်ခုတည်းကပင် ဗုဒ္ဓဘာသာ၏ အဓိကဦးတည်ချက်က ဘာလဲဆိုသည်မှာ ထင်ရှားနေသည်။
သိဒ္ဓတ္ထမင်းသားတစ်ဖြစ်လည်း ဂေါတမဘုရားအလောင်းတော်ကြီးသည် မဟာသက္ကရဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ည၏ နောက်ဆုံးယံတွင် သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူပြီး လောကသုံးပါး၌ အတုမရှိဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီးနောက် ပထမ၀ါ၌ပင် နောက်လိုက် တပည့်သံဃာအပါး ၆၀-ရရှိတော်မူခဲ့သည်။ ၄င်းသံဃာတော်အပါး ၆၀ ကို မိန့်တော်မူခဲ့သည့် မြတ်စွာဘုရား၏စကားတော်မှာ ရဟန်းသံဃာတော်များနဲ့ ဗုဒ္ဓဘာသာဝင်များအတွက် အထူးသဖြင့် ထိုထိုအရေးကိစ္စများတွင် ဗုဒ္ဓ၀ါဒ၏ပါဝင်ပတ်သက်မှုများကို နားလည်မှုလွဲမှားနေကြသူများအတွက် မှတ်သားဖွယ်ရာကောင်းလှပေသည်။ သံဃာတော်အပါး ၆၀-ကို မြတ်စွာဘုရားရှင်မိန့်ကြားတော်မူခဲ့သည်မှာ “ရဟန်းတို့ ‘ လူအများရဲ့ အစီးအပွါးအလို့ငှါ လူအများရဲ့ ချမ်းသာသုခအလို့ငှါ ခရီးထွက်ကြ စသည်တို့ပင်ဖြစ်သည်။ ယင်းစကားရပ်သည် မြောက်များလှစွာသော ဘုရားရှင်၏ စကားတော်များထဲမှ အစိတ်အပိုင်းလေးတစ်ခုမျှသာဖြစ်သည်။
ဦးညွန့်ရွှေ ပြောသွားခဲ့သည့် “သာသနာကို သန့်သန့်ရှင်းရှင်းနဲ့ ဗုဒ္ဓရဲ့ ၀ိနည်းအတိုင်း ဗုဒ္ဓရဲ့ စကားကိုနားထောင်ပြီး” ဆိုသည့်စကားတွင် ဗုဒ္ဓ၏ စကားတော်များက ဘာတွေနည်းဆိုသည်ကို ၄င်းအနေဖြင့် လေ့လာရန်ပျက်ကွက်နေပုံရသည်။ အပြစ်သင့်ခြင်းဆိုရာဝယ် မလုပ်အပ် မလုပ်သင့်သည်ကို ပြုလုပ်မိ လွန်ကျူးမိခြင်းကြောင့် အပြစ်သင့်ရောက်ရသကဲ့သို့ လုပ်သင့် လုပ်ထိုက်သည်ကို မလုပ်ခြင်းမှာလည်း အပြစ်တစ်ခုပင်ဖြစ်လေသည်။
ဗုဒ္ဓဘာသာ၏ မှတ်တမ်းဖြစ်သည့် ပိဋကတ်သုံးပုံကို ပြန်လေ့လာကြည့်ပါက မြတ်ဗုဒ္ဓသည် တစ်မဂ် တစ်ဖိုလ် ကိစ္စလောက်ကိုသာ ဟောတော်မူခဲ့တာမဟုတ်ပေ၊ ဦးညွန့်ရွှေ ပြောသွားခဲ့သည့် စကားထဲတွင် “ရဟန်းသံဃာတော်တွေ နိုင်ငံရေးလုပ်မယ့်အစား တစ်မဂ် တစ်ဖိုလ်ပေါက်အောင်လုပ်ဖို့” ဆိုပြီး တိုက်တွန်း သွားခဲ့သည်ကိုလည်း ကြားလိုက်ရသည်။ ဤနေရာတွင် နိုင်ငံရေးဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် လေ့လာဖို့လိုအပ်လှပေသည်၊ လူအပါအ၀င် သက်ရှိသတ္တ၀ါပေါင်းများစွာရှိနေသည့် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် မိမိတို့စွမ်းနိုင်သည့်ဖက်မှ လုပ်ဆောင်နေကြခြင်းသည်လည်း နိုင်ငံရေးပင်မဟုတ်ပါလား။ တမဂ် တဖိုလ် ဆိုသည့်ကိစ္စထဲတွင် အစာအာဟာရ စားသောက်မှီဝဲသုံးဆောင်မှု စသည်များမပါဝင်ပေ။ ယင်းစားသောက်မှုစသည့် ကိစ္စများရပ်များသည် လောကီကိစ္စမျှသာဖြစ်ပေသည်။ လောကီ လောကုတ်ကိစ္စများကိုခွဲပြီး ရဟန်းသံဃာတော်များအနေဖြင့် လောကုတ္တရာကိစ္စများနဲ့သာ သက်ဆိုင်သည် လောကီကိစ္စများနှင့်မသက်ဆိုင်ရဟု ကန့်သတ်လိုက်ပါလျှင် အစာအာဟာရ စားသောက်မှုများပင် ရှောင်ကျင်ရပေတော့မည်။ လောကမှလွတ်မြောက်ခြင်းသည်ပင် လောကုတ္တရာဖြစ်ခြင်းကြောင့် လောကမှ မလွတ်မြောက်သေးမှီ လောကအလုပ် လောကီအလုပ်များကို လုပ်နေရခြင်းမှာ အထူးအဆန်းမဟုတ်သလို လောကီကိစ္စရပ်တိုင်းမှာလည်း အပြစ်ရှိသည်ဟု သတ်မှတ်၍ မရနိုင်ပေ။ မိမိလုပ်ဆောင်သည့်လုပ်ရပ် အပြစ်ကင်းစင်ဖို့သာ လိုအပ်ပါသည်။ ဘုရားဟောတော်မူထားသည့် ပိဋကသုံးပုံကို အနှစ်ချုပ်လိုက်လျှင် မကောင်းမှုကို ရှောင်၊ ကောင်းမှုကို ဆောင်ပြီး၊ မိမိစိတ်ကို ဖြူစင်အောင်ထားရေးဆိုသည့် အချက်သုံးချက်ကိုတွေ့ရပေလိမ့်မည်။ ထို့ကြောင့် မိမိနိုင်ငံနှင့် မိမိတို့ လူမျိုးကောင်းကျိုးတို့အတွက် လုပ်ဆောင် ပြောဆိုနေခြင်းမှာ အပြစ်တစ်ခုလားဟုပင် ပြန်လည်ပြီးမေးခွန်းထုတ်ရပေလိမ့်မည်။
“တမဂ် တဖိုလ်ပေါက်အောင် လုပ်ပြီးတော့ လူထုကို ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးတရားတွေဟောဖို့” ဆိုပြီးလည်း ယင်းအစီစဉ်တွင် ဦးညွှန့်ရွှေ မှတိုက်တွန်းသွားခဲ့သည်။ လူထုကို ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးတရားတွေဟောဖို့ ဆိုသည့်ကိစ္စတွင် တမဂ် တဖိုလ်ပေါက်အောင် လုပ်ပြီးမှ တနည်းအားဖြင့် မဂ်ဖိုလ်၇ပြီးမှ ဟောပြောလို့ရပါသလား ဟုမေးလိုက်ချင်သည်၊ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင်းမှ သံဃာတော်တွေကရော ငြိမ်းချမ်းရေးတရားတွေကို လွတ်လွတ်လပ်လပ် ဟောပြောခွင့်ရကြပါရဲ့လား ဆိုသည်ကိုလည်း စဉ်းစားစေချင်သည်။ ရဟန်းသံဃာ တနည်းအားဖြင့် သံဃာ့အဖွဲ့အစည်းကြီးကို မိမိဟောဖော်ညွှန်ပြတော်မူခဲ့သည့် တရားတော်များကို ထိန်းသိမ်းစောင့်ရေး ကျယ်ကျယ်ပြန့်ပြန့် ဟောပြောပို့ချရေးတို့အတွက် မြတ်စွာဘုရားရှင်မှ တည်ထောင်ထားတော်မူခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ဘုရားရှင်ဟောတော်မူခဲ့သည့် တရားတော်များက ဘာတွေဖြစ်သည် မည်မျှကျယ်ဝန်းသည် ဆိုသည်တို့ကို လေ့လာသင့်ကြပေသည်။ ဘာသာ အယူဝါဒတစ်ခုနဲ့ဆက်စပ်ပြီး ဆွေးနွေး ဝေဖန်ပြောဆိုကြရာတွင် မိမိပြောဆို ဆွေးနွေးမည့် ယင်းအကြောင်းအရာကိစ္စနဲ့ ဆက်စပ်နေသည်များကို ဓမ္မဓိဋ္ဌာန်ကျကျလေ့လာမှုမရှိပဲ မိမိကိုယ်ပိုင်အသိအမြင် အတွေးအခေါ်မျှဖြင့် ပြောဆိုဆွေးနွေးပါက အဂတိတရားများ၏ လွှမ်းမိုးမှုအောက်တွင်သာ အဆုံးသတ်သွားနိုင်ပြီး နောင်လာနောက်သားတို့အတွက်မှာလည်း အမှားကိုပင် အမှန်ဟု အထင်ရောက်သွားနိုင်သည်။
အတွေးမှား အယူမှား မျိုးစေ့များကို အနာဂတ်မျိုးဆက်သစ်တို့၏ နှလုံးသား ဥယျာဉ်ဝယ် မစိုက်ပျိုးမိကြစေဖို့ တိုက်တွန်းလိုက်ရပါသည်။

အရှင်ဥက္ကဋ္ဌ

Sunday, February 27, 2011

ရန်ကုန်တွင်ပေါက်ကွဲမှုဖြစ်ပွါး

Posted by Thit Car Nwe 7:36 PM, under , | No comments

ရန်ကုန်တိုင်း ၊အင်းစိန်မြို့နယ်အတွင်းရှိ အောင်ဇေယျတံတားအနီးတွင် တနင်္ဂနွေနေ့ ညနေ ၇ နာရီ ၁၀ မိနစ်ခန့်က ပေါက်ကွဲမှုတခုဖြစ်ပွား ခဲ့ရာ ဖောက်ခွဲရေးပစ္စည်းကို သယ်ဆောင်လာသူအပါအ၀င် လူခြောက်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းနဲ့ နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေနေတွင်ရှိကြောင်းသိရသည်။ အဆိုပါပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဇော်မင်းသန်း ဆိုသူကို ရဲက စွပ်စွဲထားပြီး ၄င်းမှ အိပ်တစ်အိပ်ကို ကွမ်းယာဆိုင်တစ်ဆိုင်အား လွဲပြောင်းပေးစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပေါက်ကွဲမှုကြောင့် ဖောက်ခွဲရေးပစ္စည်း သယ်ဆောင်လာသူမှာ ခြေထောက်တစ်ချောင်းပြတ်သွားခဲသည်ဟု မျက်မြင်သက်သေတစ်ဦးကဆိုသည်။ ၁၉၆၂ ခုနှစ်ကတည်း စစ်တပ်အုပ်ချုပ်မှုအောက်တွင်ရောက်ရှိခဲ့သည့် မြန်မာပြည်တွင် ပေါက်ကွဲမှုဖြစ်လေတိုင်း အာဏာပိုင်များက နိုင်ငံရေးလှုပ်ရှားသူများနဲ့ ကရင်သောင်းသူများ၏ လက်ချက်ဖြစ်ကြောင်းစွပ်စွဲလေ့ရှိခဲ့သည်။

Wednesday, February 16, 2011

တာဝန်မဲ့လွန်းသည့် သီရိလင်္ကာ မြန်မာသံရုံး

Posted by Thit Car Nwe 8:33 PM, under | No comments

သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့် နိုင်ငံတနိုင်ငံဆိုသည်အား ထေရ၀ါဒဗုဒ္ဓဘာသာ ကို လေ့လာထားကြပြီးသူတိုင်း သိပြီးဖြစ်သည်။ သီရိလင်္ကာနိုင်ငံသူ/သားများ၏ သာသနာ့ဝန်ထမ်း ရဟန်းသံ ဃာတော်များနှင့် ဘာသာရေးအပေါ်မှာ ရိုသေလေးစားမှုများမှာလည်း ဗုဒ္ဓဘာသာဝင်တိုင်း အတုယူစရာတခု ပင် ဖြစ်လို့နေပါသည်။ သီရိလင်္ကာနိုင်ငံတွင်းမှာ နေထိုင်ပြီး စာပေသင်ကြားနေကြသည့် နိုင်ငံပေါင်းစုံမှ သာ သနာ့ဝန်ထမ်းများအတွက် နေထိုင်ခွင့် ဗီဇာကို အခမဲ့ ဆောင်ရွက်ပေးနေခြင်းမှာလည်း ထိုနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာသာသာနာ၏ ဂုဏ်ရောင်ကို ပိုပြီးတောက်ပြောင်စေသည်။

သီရိလင်္ကာနိုင်ငံအခြေစိုက် ပြည်ပနိုင်ငံကိုယ်စားပြုသည့် အခြားသောနိုင်ငံ သံရုံးများမှ သံရုံးဝန်ထမ်း (မြန်မာ သံရုံးဝန်းထမ်းများမပါ) တို့မှာလည်း ဗုဒ္ဓဘာသာဝင် မဟုတ်ကြစေကာမူ ရဟန်းသံဃာတော်များကို ဦးစားပေး အလေးထားကြသည်ကို တွေ့မြင်ကြရသည်။ ယခုကဲ့သို့ ပညာရှိသူတော်ကောင်းတို့၏ မြေပေါ်နေရာမျိုးမှာ န အဖစစ်အုပ်စုလို လူရိုင်းများ အုပ်ချုပ်သည့် မြန်မာနိုင်ငံမှ လာရောက်ပြီး တာဝန်ထမ်းဆောင်ကြသော သံရုံးမှ ၀န်ထမ်းပုဂ္ဂိုလ်များ၏ ရိုင်းစိုင်းသည့် အမူအရာများကား ကာယကံရှင်များကိုယ်တိုင်က မရှက်တတ်သော်ငြား ရှက်တတ်သူများအဖို့ တွေးမကြည့်ဝံ့စရာပင်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ၂၀၀၉ ခုနစ်ဝန်းကျင်မှစ၍ ပတ်စ်ပို့ (အခြားနိုင်ငံသားများ မြင်လျှင် နှာခေါင်းရှုံ့ခံနေရ သော) အဟောင်းများကို Electronic Scan သို့ ပြောင်းလဲရမည့် အခြေနေသို့ ရောက်ရှိခဲ့သည်မှာလည်း အ များသိပင်ဖြစ်ပေသည်။ ဆိုလိုသည်ကား နိုင်ငံတကာရှိ Immigration များကို ဖြတ်သန်းသည့်အခါ အချိန်မ ကြာရအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပေသည်။

ပြည်ပတွင် နေထိုင်ကြသူများအနေဖြင့် နိုင်ငံကူးလက်မှတ်မှာ မရှိမဖြစ်ဖြစ်သည့်အတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများအနေဖြင့် ဒေါ်လားစား၍ လုပ်ပေးသည်ဖြစ်စေ အခမဲ့လုပ်ပေးသည်ဖြစ်စေ သံရုံးနှင့်ဆက် သွယ်ပြီး ပတ်စ်ပို့သက်တမ်းတိုးခြင်း၊ အသစ်လုပ်ခြင်း စသည်များကို လုပ်ဆောင်ကြရသည်။ ထိုသူများထဲတွင် သီရိလင်္ကာ၌ ပညာသင်ကြားနေကြသည့် စာသင်သား သံဃာတော်များလည်း အပါအ၀င်ဖြစ်သည်။

နှစ်ပေါင်းများစွာကတည်းက ပတ်စ်ပို့ သက်တမ်းတိုးသည့် ကိစ္စများကို အခမဲ့ဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၁၀ နှစ်များအတွင်းမှာတော့ ပတ်စ်ပို့သက်တမ်းတိုးသည့်နေရာတွင် Electronic Scan အဖြစ်သို့ အသစ် ပြောင်းလဲ သတ်မှတ်ပြီး အခကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၁၀၀) ကောက်ခံခဲ့သည်။ သို့သော်လည်း မြန်မာသံရုံးမှ ဒေါ်လာစားများ ပြုလုပ်ပေးသည့် E ပတ်စ်ပို့တော်တော်များများမှာ နိုင်ငံတကာရှိ immigration များကို ဖြတ်သန်းသည့်အခါတွင် scan ဖတ်မရသည့် ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ယင်းကဲ့သို့ အခက်ခဲပြဿနာများကို သံရုံးသို့သွား၍ တင်ပြသည့်အခါ ငွေမျက်နှာတခုကိုသာ ရှုတတ်သူများ နည်းတူ တဘက်သား၏ နောက်ဖြစ်လာသည့် အခက်ခဲများကို ဖြေရှင်းမပေးတော့ဘဲ တာဝန်မဲ့သူတို့ ပြောဆို လေ့ရှိသည့် စကားအတိုင်း ပြန်ပြောလေ့ရှိသည်မှာ “ဒါတွေက ပြဿနာမရှိပါဘူး သုံးလို့ရပါတယ်” ဟု ပြန် ပြောပါသည်။ ယင်းလုပ်ရပ်များက မိမိတို့ကိုယ်မိမိ တာဝန်ရှိသူများအဖြစ် ခံယူထားပြီး တာဝန်ယူစိတ်မရှိသူ တာဝန်မဲ့သူများ၏ သရုပ်သကန်ကို မိမိတို့ကိုယ်တိုင် ဖော်ပြနေခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြီးက မြန်မာနိုင်ငံ စစ်အစိုးရသက်တမ်းတလျှောက်တွင် အထူးအဆန်းတော့ မဟုတ်ပါပေ။ စစ်ဘုရင် စစ်အဏာရှင်တို့၏ ကျင့် ၀တ်များစွာထဲက တစိတ်တပိုင်းမျှသာ ဖြစ်လေသည်။

နိုင်ငံတကာမှ လူယဉ်ကျေးတို့၏ စံနှုန်းသတ်မှတ်ချက် လူမှုဆက်ဆံရေးများကို စစ်အာဏာရှင်တို့၏ စနစ်အ တွင်း သင်ကြားပြသပေးမှု၊ ကိုယ်ပိုင်အသိစိတ်ဖြင့် ကြိုးစားမှုကင်းဆိတ်နေတာကြောင့် နိုင်ငံတကာလူအသိုင်း အ၀ိုင်းအတွင်းရှိ လူယဉ်ကျေးမှုစံနှုန်းတို့ဖြင့် တိုင်းတာသည့်အခါ အဝေးတနေရာတွင် ပြတ်ကျန်ရစ်ခဲ့သည်ကို တွေ့မြင်ကြရသည်။ ယင်းကဲ့သို့သော ပုဂ္ဂိလ်တို့သည် ကိုးကွယ်ရာ ဘာသာတခု သီးခြားမရှိဘဲ အာဏာရှိသူ နှင့် အာဏာရှင်တို့သည်သာ မိမိတို့၏ ကိုးကွယ်ရာအဖြစ် မှတ်ယူထားလေ့ရှိကြပေသည်။

နိုင်ငံကူးလက်မှတ်အဟောင်းမှ ခေတ်မီ နိုင်ငံတကာအဆင့်မီ နိုင်ငံကူးလက်မှတ်အဖြစ်သို့ ပြောင်းလဲပေးလိုက် သည် ဆိုသော်လည်း ဖော်ပြပါ ချွတ်ယွင်းချက်များကြောင့် ယခင်အဟောင်းနှင့် အသစ် ထူးခြားချက်ဆိုသည် မှာ အမေရိကန်ဒေါ်လာ (၁၀၀) ပေးရခြင်းမျှသာဖြစ်တော့သည်။ နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် တာဝန် ထမ်းဆောင်ကြသူ မြန်မာသံဝန်ထမ်းများအကြား ဖြစ်စဉ်ကြီးများထဲတွင် မိမိတို့နိုင်ငံသား အခက်အခဲတွေ့ရှိပါ က အကူအညီပေးဖို့ထက် မြန်မာနိုင်ငံသားတို့၏ သွေးနှင့် ခြွေးနှင့်ရင်းပြီး လုပ်ထားရသည့် လုပ်အားခထဲမှ မည်သို့မည်ပုံ ညှစ်ယူရမည်နည်းဆိုသည့်ဖြစ်စဉ်ကလည်း တခုအပါဝင်ဖြစ်လေသည်။

သီရိလင်္ကာတို့လို နိုင်ငံများတွင် တာဝန်ထမ်းဆောင်ရမည်ဟု အမိန့်ကျလာသည့်နေ့တွင် သံရုံးဝန်ထမ်းအချို့ က “ငါတော့ သွားပါပြီ၊ ပိုက်ဆံမရနိုင်တဲ့ နေရာကို ရောက်ရပြီပေါ့” ဟု ညဉ်းညူမှုတွေ ရှိခဲ့သည်ဟုလည်း ကြားရပါသည်။

အခကြေးငွေ သတ်မှတ်လိုက်သည့်အတွက် ၄င်းတို့သတ်မှတ်ချက်များအတိုင်း တန်ရာတန်ကြေး ပေးပြီးပြန် သော်လည်း ကိစ္စတခုက လွယ်ကူစိတ်ချမ်းသာစွာ ပြီးစီးသွားသည်တော့မဟုတ်ပေ။ သံရုံးသို့ သံဃာများ သွား ရောက်သည့်အခါများတွင်လည်း ၄င်းတို့၏ ဆက်ဆံရေးသည်ကား သီရိလင်္ကာနိုင်ငံသားတို့ မြင်ပါက ဤသံရုံး က ၀န်ထမ်းများသည် ဗုဒ္ဓဘာသာပါဟု ပြောပါက မည်သူယုံမည်မဟုတ်ပေ။ အချိန်မကြာသင့်ဘဲ အချိန်ကြန့် ကြာအောင်လုပ်ခြင်း၊ အာဏာရှင်တို့ထုံးစံအတိုင်း အာဏာပညာပြခြင်း ... စသည့် ကိစ္စများကိုလည်း ရင်ဆိုင် ကြရလေ့ရှိတတ်ပါသေးသည်။

နိဂုံးချုပ်အနေဖြင့် စာရေးသူ၏ ဆန္ဒနှင့် ဖြစ်သင့်သည်မှာ ပတ်စ်ပို့များ scan ဖတ်မရသည့် ကိစ္စကို အချိန်မီ ပြန်လည်ပြင်ဆင်ပေးရေးနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့် နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ထေရ၀ါဒဗုဒ္ဓဘာသာ အမည်ခံများအနေဖြင့် မိမိတို့နိုင်ငံ ရိုးရာနှင့် ဘာသာယဉ်ကျေးမှုများကို လက်တွေ့ကျင့် သုံးမှုဖြင့် ပြသကြဖို့ တိုက်တွန်းလိုက်ရပါသည်။

သောတုဇနဘိက္ခု

Sunday, January 30, 2011

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်တာနက်ဝဒ်ဆိုက် စတင်

Posted by Thit Car Nwe 7:11 AM, under , | No comments

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၄င်းတို့၏ http://burmese.nldburma.org/ အင်တာနက်သတင်းဝဒ်ဆိုက်တစ်ခုကို စတင်တည်ထောင်လိုက်သည်။ ယင်းဝဒ်ဆိုက်တွင် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်လွှာကို အောက်ပါအတိုင်း တွေ့မြင်နိုင်သည်။
မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ကျယ်ပြန့်ခြင်းက အဓိကဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေ လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတ၀ှမ်း သိရှိနိုင်စေမယ့် အင်တာနက်စာမျက်နှာ တစ်ခုပေါ်ပေါက်လာတာကို သိပ်ကိုကျေနပ်မိပါတယ်။ ဒီစာမျှက်နှာမှတစ်ဆင့် ကျွန်မတို့ ဆက်သွယ်ခြင်းအားခြင့် ကျွန်မတို့အားလုံး မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပိုပြီးမြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်။
ဒီအင်တာနက်စာမျက်နှာဖြစ်ပေါ်လာရေးအတွက် အင်တိုက် အားတိုက် လုပ်ဆောင်ကြတဲ့ သူတွေအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်)

Saturday, January 29, 2011

အရှက် အကြောက် တရားနှစ်ပါး ကင်းမဲ့ခဲ့သော်--- အပိုင်း ( ၂ )

Posted by Thit Car Nwe 10:27 AM, under , | 1 comment

တစ်ချိန်က ဂန္ဓာရတိုင်းခေါ် ယနေ့ ပါကစ္စတန်၊ အာဖဂန်နစ်စတန်၊ တာကစ္စတန် ၊ ယောနကတိုင်းခေါ် တူရကီ နှင့် ဂရိနိုင်ငံများအထိ ဗုဒ္ဓသာသနာတော်ကြီး၏ ရောင်ဝါသည် ထွန်းလင်းတောက်ပခဲ့သော်လည်း ယနေ့အချိန်အခါတွင် အဆိုပါဒေသများ၌ ပျောက်ကွယ်သွားခဲ့လေပြီ။ မြတ်ဗုဒ္ဓသာသနာ၏ ပေါ်ထွန်းရာမြေအဖြစ် အသိမှတ်ပြုထားကြသည့် ယနေ့ အိန္ဒိပြည်ကြီး၌ပင် ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်း ရာချီ၍ပင်ရှိခဲ့လေပြီ ။ ယင်းကဲ့သို့ ဗုဒ္ဓသာသနာတော်ကြီး ကွယ်ပသွားခဲ့ရခြင်းတွင် အခြားဘာသာဝင်တို့၏ ကြီးစိုးလွမ်းမိုးလာမှုတို့နှင့် ခေတ်အလိုက် အုပ်ချုပ်သူ အစိုးရမင်းတို့၏ သာသနာပြုပုဂ္ဂိုလ်များအပေါ်တွင် ဖိနှိပ်မှုများကြောင့်ဟု ဆိုနိုင်သော်လည်း သာသနာပြု ရဟန်းသံဃာတော်များ၏ လုပ်ဆောင်ချက် အားနည်းမှုများမှာလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို မေ့ထား၍ မရနိုင်ပေ။

သာသနာသက်တမ်း နှစ်ငါးထောင်အနက် ယခုအခါတွင် သက်တမ်း ထက်ဝက်ကျော်လာခဲ့ပြီဖြစ်သော်လည်း ဗုဒ္ဓဘာသာပေါ်ထွန်းခဲ့ရာ အိန္ဒိယမြေပေါ်တွင် သာသနာနှစ် ငါးရာကျော်ခန့်မှစ၍ သီလ သမာဓိနှင့် ပြည်စုံကြသည့် ရဟန်းကောင်းများ ရှားပါးလာပြီး ဒုဿီလ ရဟန်းဆိုးတို့၏ လွှမ်းမိုးမှုများဖြစ်လာခဲ့သည်။ သီလ သမာဓိနှင့် ပြည်စုံတော်မူကြသည့် ရဟန်းကောင်းတို့၏ အရေတွက်မှာ နည်းပါးသလောက် ၄င်းတို့၏ မိမိတရားကိုသာ မိမိတို့ဘာသာ ကျင့်သုံးနေကြပြီး ပတ်ဝန်းကျင်ကို လျစ်လျူရှုမှုတို့ကြောင့် သာမန်လူအသိုင်းအ၀ိုင်းကို မစည်းရုံးနိုင်သလို တရားတော် အစစ်အမှန်များ ထိုသာမန်လူအသိုင်းအ၀ိုင်းအတွင်း ထိုးဖောက်ဝင်ရောက်အောင် လုပ်ဆောင်နိုင်မှု အင်အားမှာလည်း နည်းပါးလာသည်။
ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုက လူအသိုင်းအ၀ိုင်းအတွင်း ထိုးဖောက်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့သော်လည်းကောင်း အခြားဘာသာယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို ခံထားရသော်လည်းကောင်း ဘာသာ လူမျိုးတစ်ခု၏ ရေရှည်ရပ်တည်နိုင်ရေးမှာ မဖြစ်နိုင်ပေ။ ဗုဒ္ဓဘာသာသည် အိန္ဒိယပြည်ကြီးတွင် ပေါ်ထွန်းခဲ့သည် မှန်သော်လည်း ဗုဒ္ဓဘာသာ၏ လူမှုဆက်ဆံရေး ယဉ်ကျေးမှုများမှာ ဟိန္ဒူဘာသာ၏လွှမ်းမိုးမှုကို မကျော်လွှားနိုင်ခဲ့ပေ။ ယင်းကဲ့သို့ ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှုများကို ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုအဖြစ် ရပ်တည်ပြီး မကျင့်သုံး မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုများသည် ဟိန္ဒူဘာသာဝင်တို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံတို့အကြား၌ လွယ်ကူစွာ ရောနှော ပြောက်ကွယ်သွားခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် ဒုဿီလ ရဟန်းဆိုးတို့၏ လူပြိန်းကြိုက် ဟောပြောစည်းရုံးမှု လူမှုဆက်ဆံရေးမှာ အောင်မြင်လာခဲ့သည်။ လူလောက လူအလွှာစုံ အတွင်းမှာလည်း လူအမျိုးမျိုး အဖုံဖုံရှိကြသလို ယင်းလောကမှ သာသနာတွင်းရောက်ရှိလာကြသည့် ရဟန်းသံဃာလောကမှာလည်း အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားပြီး စရိုက်မျိုးစုံရှိကြမည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။ အချို့ရဟန်းတော်များအနေဖြင့် မိမိတို့ရဲ့ ဘာသာ သာသနာ၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ပဲ မိမိရဲ့အတ္တအကျိုး တစ်ခုတည်းကိုသာ ငဲ့ကွက်ပြီး ထင်ရာစိုင်း လုပ်ဆောင်မှုများမှာ ယခင်ကလည်း ရှိခဲ့သလို ယခုလည်း ရှိနေဆဲ နောင်လည်း အဆပေါင်းများစွာ တိုး၍ ရှိနေအုံးမည်သာဖြစ်သည်။
ခေတ်အဆက်အဆက်က ဖြစ်ပေါ်လာခဲ့သည့် အဓမ္မမှုခင်းများတွင် သံဃာ့ထေရ်ကြီးများ၏ တာဝန်သိစိတ်နှင့် တာဝန်ယူဖြေရှင်း လာခဲ့မှုများကြောင့် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီးသည် ယနေ့ချိန်ထိ တည်ရှိနေခဲ့ခြင်းဖြစ်သည်။ တခါတရံမှာ ယုတ်မာစိတ်ကိန်းဝပ်နေသူတို့၏ ပင်ကိုယ်သဘောအရ တာဝန်သိစိတ်ရှိသူတို့၏ တာဝန်ယူလုပ်ဆောင်မှုများကို လက်မခံပဲ အင်အားကို အမှန်တရားအဖြစ် အသုံးပြုကာ တုန့်ပြန်လာတတ်ပေသည်။ ယင်းကဲ့သို့ တုန့်ပြန်လာမှုများကို ဖြေရှင်းနိုင်ရေးအတွက် ဓမ္မစက်ဖြင့်သာမက အာဏာစက်ကိုလည်း အသုံးပြုရန်လိုအပ်လာပေသည်။ အာဏာစက်ဆိုသည်မှာ သက်ဆိုင်ရာ ဒေသအာဏာပိုင် အစိုးရမင်းများ၏ အဂတိတရားကင်းကင်းဖြင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးခြင်းဖြစ်သည်။ ဓမ္မစက်မပါပဲ အာဏာစက်သက်သက်ဖြင့် လုပ်ဆောင်သည့် မည်သည့်လုပ်ဆောင်မှုမျိုးမှ တရားမျှတမှုကို ဖြစ်စေနိုင်မည်မဟုတ်ပေ။ တနည်းအားဖြင့် ဓမ္မစက်လွှမ်းမိုးမှု မရှိသည့် မည်သည့် အာဏာစက်မျိုးမဆို တရားမျှတမှုကို ဖော်ဆောင်နိုင်မည်မဟုတ်ပေ။
 
ဝိနည်းသိက္ခာပုဒ်များ ပညတ်တော်မူခဲ့ရခြင်း၏ သမိုင်းနောက်ကွယ်တွင် အဿဇိနှင့် ပုနဗ္ဗသုက ဆဗ္ဗဂ္ဂီရဟန်းဆိုးများ ကြိမ်ဖန်များစွာ ပါဝင်နေခဲ့ကြသည်ကို တွေ့ရှိရသည်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ကီဋာဂိရိ ခေါ်သည့် ဇနပုဒ်တစ်ခုတွင် ထိုဆဗ္ဗဂ္ဂီရဟန်းဆိုးများသည် မြတ်စွာဘုရား ပညတ်တော်မူထားသည့် ကျင့်ဝတ်သိက္ခာများနဲ့ ဆန့်ကျင်ပြီး သာမန်လူများအကြိုက် လုပ်ဆောင်စည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြသည်။ အမျိုးသမီးများနှင့် ၇င်းနှီးမှုရရန် ပန်းကုံး ပန်းခိုင်ပေးခြင်း ၊ နံ့သာလိမ်းပေးခြင်း ၊ အမျိုးသမီးများနှင့် အတူတွဲ၍ ကခုန် တီးမှုတ် သီဆိုခြင်း စသည်နည်းများဖြင့် အနုပညာကို နှစ်သက်ကြသည့် လူငယ်များကို စည်းရုံးသိမ်းသွင်းကြသည်။ တစ်ခါတရံ အငြိမ့်စင်ပေါ်တက်၍ နှစ်ထပ်သင်္ကန်းကြီးကို ဖြန့်ခင်းပြီးလျှင် အငြိမ့်သမကို “နှမ ဤနှစ်ထပ်သင်္ကန်းပေါ်၌ ကပါလော” ဟု တိုက်တွန်းပြီး က၍ပြီးသောအခါ ကောင်းလေစွဟု လက်ခုပ်သြဘာတီးပေး၍ ကောင်းချီးပေးကြသည်။
၎င်းဆဗ္ဗဂ္ဂီရဟန်းဆိုးတို့၏ စည်းရုံးရေးစွမ်းရည် ကောင်းမှုတို့ကြောင့် ယင်းဒေသရှိလူများသည် ထိုရဟန်းဆိုးတို့သာလျှင် ရဟန်းကောင်း ရဟန်းစစ်သတ်မှတ် ကြည်ညိုကြပြီး အခြားသောရဟန်းစစ် ရဟန်းကောင်းများတို့ကိုမူ မကြည်ညိုတတ်ကြတော့ချေ။ ထိုအချိန်တွင် အခြားဒေသမှ ရောက်ရှိလာပြီး သင်္ကန်းကို ကောင်းစွာဝတ်ရုံပြီးလျှင် မျက်လွှာကိုချ တည်ငြိမ်သောဣနြေ္ဒဖြင့် မြို့တွင်း ဆွမ်းခံကြွလာသည့် ရဟန်းတစ်ပါးကိုပင် “နုံနဲ့နဲ့ မလှုပ်တလှုပ်နဲ့ သွားနေပုံက အားမရှိသလို ၊ ဒီလိုရဟန်းမျိုးကို ဘယ်သူက ဆွမ်းလောင်းလှူကြမှာလဲ၊ ငါတို့ရဲ့အရှင်ကောင်းများကတော့ နှုတ်ချို ပြုံးရွှင်ကြတယ်၊ ဖော်ရွေမှုလည်းရှိကြတယ်” စသည်ဖြင့် ဒေသခံလူအများကပင် မှားယွင်းသည့် အမြင်လမ်ကြောင်းပေါ် ရောက်ခဲ့ကြလေသည်။ နောက်ပိုင်းတွင် မြတ်စွာဘုရား၏ အမိန့်တော်ဖြင့် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန် ဦးဆောင်သည့် သံဃာတော်များရောက်ရှိလာကြပြီး ထိုအဿဇိ ပုနဗ္ဗသုက အမှုးရှိသည့် ရဟန်းဆိုးများကို ဓမ္မကံနှင့်အညီ နယ်နှင်ဒဏ်ပေးလိုက်ကြသည်။
မြန်မာနိုင်ငံတွင် ဘာသာ သာသနာတော်အတွင်း မတရားသည့် အဓိကရုဏ် အရေးအခင်းများ ပေါ်ပေါက်လာခဲ့ပါက လွယ်ကူစွာ ဖြေရှင်းပေးနိုင်ရေးအတွက် နိုင်ငံတော် သံဃာ့မဟာနာကအဖွဲ့ဆိုပြီး တရားဝင်အဖွဲ့အစည်းတရပ်ရှိသည်။ သို့သော်လည်း အဆိုပါအဖွဲ့အစည်းမှာ သံဃာတော်အများစု၏ သဘောဆန္ဒအ၇ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းမျိုးမဟုတ်ပဲ အာဏာရှင် အစိုးရ၏ ရွေးကောက်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်နေတာကြောင့် အာဏာရှင်တို့၏ လက်သုံးတော်ခံ တမန်တစ်ယောက်သာသာမျှသာ ဖြစ်နေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေကြရသည်။ အာဏာရှင်နှင့် အာဏာစက်ရဟတ်အတွင်း ၄င်းတို့အလိုကျအတိုင်း လိုက်ပါလည်ပတ်နေရသည့် အကန့်ဒေါက်ဆံမျှသာဖြစ်နေရပေမည်။
မကြာသေးခင်ကာလကမှ သတင်းစာမျက်နှာများပေါ်တွင် ပေါ်ထွက်လာခဲ့သည့် အရှင်ဣဒ္ဓိပါလ ဦးစီး ကျင်းပသည်ဆိုသည့် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းမှ လှုပ်ရှားမှု ဗွီဒီယို ပြကွက်များမှာ ထေရ၀ါဒ သံဃာတော်တစ်ပါးအနေဖြင့် ၀ိနည်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိ ဆိုသည်မှာ ၀ိနည်းစည်းကမ်းများကို နားလည်တော်မူကြသည့် သံဃာတော်များသာမက ထေရ၀ါဒဗုဒ္ဓဘာသာကို တန်ဖိုးထား လေးစားကြည်ညိုကြသည့် လူပုဂ္ဂိုလ်များပါ ကန့်ကွက်ရှုပ်ချသံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အဆိုပါသင်တန်းမှာ ရပ်တန့်သွားမှု မရှိပဲ ဆက်လက်လုပ်ဆောင်နေကြောင်း ကြားသိနေရသည်။ ထိုကဲ့သို့ အဆိုပါသင်တန်း ဆက်လက်လုပ်ဆောင်နေမှုများကို တားမြစ်ကန့်ကွက်ရေးမှာ ဘာသာ သာသနာအကျိုးအတွက် တာဝန်ယူထားကြသည့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအပေါ်တွင် လုံးဝတာဝန်ရှိနေသည်။ ဓမ္မစက်ကြီး ပုံမှန် လည်ပတ်နေမှသာလျှင် မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး ထွန်းပနေသည် ဆိုသည့်စကားမှာ အဓိပ္ပါယ်ပြည့်ဝပေလိမ့်မည်။
ဝိနည်းသိက္ခာပုဒ်များနဲ့လည်း ကိုက်ညီမှုမရှိသည့် ယင်းသင်တန်းကို ဆက်လက်ရှင်သန်ခွင့် ပေးထားသည်မှာ မြန်မာနိုင်ငံတွင် ဓမ္မစက်ပျက်နေပြီး အာဏာစက်တစ်ခုတည်း လည်ပတ်နေသည်မှာ ထင်ရှားနေသည်။ ယင်းသင်တန်း၏ လုပ်ဆောင်မှုများမှာ အထက်တွင်ဖော်ပြထားသည့် အဿဇိ ပုနဗ္ဗသုက ဦးဆောင်သည့် ရဟန်းဆိုးများ၏ လုပ်ရပ်များနှင့် တစ်ထပ်တည်းကြနေသည်။ ဗုဒ္ဓသာသနာအတွင်းမှ ရဟန်းတော်တစ်ပါးက ဘုရားရှင်၏ ပညတ်ချက်သိက္ခာပုဒ်များနှင့် ဆန့်ကျင်နေသည့် လုပ်ရပ်ကို ကိုယ်တိုင်က အရှက်အကြောက်ကင်းစွာ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ပြီး လူအများကိုပါ အရှက် အကြောက် ကင်းမဲ့ရေး တိုက်တွန်းခြင်းသည် လောကပါလတရားနှစ်ပါးကိုပါ ဆန့်ကျင်ရာရောက်သဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာကိုသာ ဖျက်ဆီးနေရုံမျှမက လောကကြီးတစ်ခုလုံးကိုပါ ပျက်စီးအောင် လုပ်ဆောင်နေခြင်းဖြစ်သည်။

(သခင်နွယ်)

Wednesday, January 26, 2011

လိုကယ်စိတ်နဲ့ ဂလိုဘယ်ခေတ်

Posted by Thit Car Nwe 9:09 AM, under | No comments

မြန်မာစီပွားရေး လောကသားတွေရဲ့ လက်သုံးစကားတစ်ခွန်း ရှိသေးတယ်။ “အလုပ်ရှင် အလုပ်သမားလို သဘောမထားပါဘူး၊ မိသားစုလို သဘောထားပါတယ်”ဆိုတာ ဖြစ်တယ်။ ဒီစကားဟာ တော်တော်ကို စီးပွားရေးသမား မပီသတဲ့စကား၊ ပရော်ဖက်ရှင်နယ် မဆန်တဲ့စကား ဖြစ်တယ်ဆိုတာကို မသိကြဘူး။ ခပ်လွယ်လွယ် ပြောလိုက်တဲ့ သဘောဖြစ်တယ်။ စီးပွားရေးလုပ်တယ်ဆိုတာ ပရဟိတဂေဟာ ဖွင့်တာ မဟုတ်ဘူး။ အလှူပေးနေတာလည်း မဟုတ်ဘူး။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ တိကျတဲ့ စည်းကမ်းတွေ ရှိရမယ်။ နှစ်ဦးသဘောတူထားတဲ့ ပဋိဥာဉ်တွေ ရှိရမယ်။ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ ရှင်းရှင်းလင်းလင်း တိတိကျကျ ရေးဆွဲထားတာ ရှိရမယ်။ ပရော်ဖက်ရှင်နယ် သဘောကို နားမလည်တဲ့အတွက် အရှည်သဖြင့်ကျတော့ အငြင်းပွားစရာတွေ ဖြစ်လာတယ်။ စာချုပ်စာတမ်း မရှိတော့ အများအားဖြင့် အလုပ်သမားဘက်က နစ်နာရတာ များတယ်။ မိသားစုလို သဘောထားပါတယ်ဆိုတဲ့ စကားလှလှလေးသုံးပြီး အလုပ်ရှင်က အသာစီးရယူတာ များတယ်။ ခိုင်းတဲ့နေရာမှာသာ မိသားစုလိုသဘောထားပြီး နေ့ညမရှောင် အလုပ်မပြီးမချင်း ပြန်မလွှတ်ဘဲခိုင်းတာ၊ ပေးတဲ့နေရာ၊ ကျွေးတဲ့မွေးတဲ့ နေရာကျတော့ မိသားစုလို သဘောထားကြတာ မဟုတ်ပါဘူး။ အလုပ်သမားလို သဘောထားပြီး ပေးတာကျွေးတာချည်းပါပဲ။ အလုပ်စဝင်တော့မယ့် လူငယ်တွေအနေနဲ့ မိသားစုလို သဘောထားတယ်ဆိုတဲ့ စကားကို အဟုတ်မထင်ပါနဲ့။ အလုပ်သမား တစ်ယောက်အနေနဲ့ ကိုယ်လုပ်ရမယ့် တာဝန်ဝတ္တရားကို တိတိကျကျ မေးမြန်းစုံစမ်းပြီး ကိုယ်ခံစားရရှိမယ့် ရပိုင်ခွင့်များကိုလည်း သေသေချာချာသိအောင် မေးမြန်းထားဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် အလုပ်စတင် ဝင်ရောက်တဲ့နေ့မှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးဖို့ တောင်းဆိုသင့်တယ်။ ဒီကိစ္စက လွယ်တော့မလွယ်ဘူး။ ဒီနေ့ထိ မြန်မာ့စီးပွားရေး လောကမှာ ဒီလိုလုပ်လေ့လုပ်ထ မရှိကြသေးဘူး။ နိုင်ငံခြားသားတွေကတော့ မလွဲမသွေကို လုပ်ကြတယ်။ မြန်မာ့စီးပွားရေးကို ကမ္ဘာ့အဆင့်ထဲထိ တိုးဝင်ဖို့ဆိုရင် လုပ်နည်းလုပ်ဟန်အားလုံးကို အခြေအမြစ်ကစပြီး ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ မိရိုးဖလာလုပ်နည်းလုပ်ဟန်တွေ၊ စိတ်ဓာတ်တွေနဲ့ ကမ္ဘာကြီးထဲ တိုးဝင်ဖို့ မလွယ်ပါဘူး” ဟု “လိုကယ်စိတ်နဲ့ ဂလိုဘယ်ခေတ်”ဟူသော ဆောင်းပါးကို ဆရာကြီး လူထုစိန်ဝင်းက ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် အခွင့်အလမ်း ဂျာနယ်တွင် ဖော်ပြထားပါသည်။

( လူထုစိန်ဝင်း)

ကြယ်တာရာ ပေါက်ကွဲမှုကြောင့် ကမ္ဘာကြီး ရက်သတ္တပတ် နေ့ချည်းသက်သက် ဖြစ်ပေါ်ရန် အချိန်နီးကပ်ဟု ပညာရှင်များဆို

Posted by Thit Car Nwe 8:21 AM, under , | No comments

ကမ္ဘာ့နက္ခတ်တာရာ ပညာရှင်များသည် သမိုင်းတင်ပြီးခေတ် နောက်ပိုင်း ယနေ့ ၂၁ ရာစုအတွင်း အာကာသဆိုင်ရာ အထူးခြား ဆန်းကြယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကမ္ဘာကြီးအတွက် ဒုတိယမြောက် နေလုံးတစ်ခု ပေါ်လာပြီး နေ့ညကွဲပြားခြင်း ခေတ္တရပ်ဆိုင်းသွားနိုင်သည် ဆိုသော သတင်းကို သြစတြေးလျ သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က တင်ပြခဲ့သည်။
၎င်းတို့၏ စောင့်ကြည့်လေ့လာချက်များအရ ကမ္ဘာ့ကောင်းကင်မှ မြင်ရသော ကြယ်ကြီးများထဲတွင် အဌမအကြီးဆုံး အနီရောင် ကြယ်ကြီး ဖြစ်သည့် Betelgeuse သည် ဆက်လက်တည်ရှိနိုင်ရန် စွမ်းအင် မကြာမီ ရက်သတ္တပတ် အနည်းငယ်အတွင်း ကုန်ဆုံးတော့မည် ဖြစ်ပြီး ယင်းကဲ့သို့ စွမ်းအင်များ ကုန်ဆုံးသွားချိန်တွင် ဆူပါနိုဗာ (Supernova) ခေါ် ကြယ်တာရာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားမည် ဖြစ်သည်။
ထိုသို့ ဆူပါနိုဗာ ပေါက်ကွဲသော အခါ နဂါးငွေ့တန်းတစ်ခုစာ အကျယ်အ၀န်းအထိ တောက်ပသော အလင်းတန်းများ ဖြာထွက်လာမည် ဖြစ်ပြီး ကမ္ဘာမြေသည် ၄င်းဖြစ်စဉ်မှ အလင်းရောင်များ ရရှိနေမည် ဖြစ်သောကြောင့် နေ့နှင့်ည လည်ပတ်မှု ဖြစ်စဉ် ယာယီ ပြောင်းလဲကာ နေ့အဖြစ် ဖြင့်သာ ရက်သတ္တပတ် အနည်းငယ်ခန့် တည်ရှိနေမည်ဟု ပညာရှင်များ ခန့်မှန်းထားကြသည်။ ထိုအချိန်တွင် အဆိုပါ အလင်းတန်းများ ထွက်ပေါ်နေသော ကြယ်စုကြီးသည် ကမ္ဘာမြေပြင်ပေါ်မှ ကြည့်လျှင် ဒုတိယ နေတစ်လုံးကဲ့သို့ မိုးကုတ်စက်ဝိုင်းတွင် မြင်တွေ့ရဖွယ် ရှိသည်ဟု ကြားသိရသည်။

ဤကဲ့သို့ ကမ္ဘာကြီးသည် နေနှစ်လုံးမှ အပြိုင် အလင်းများ ရရှိနေခြင်းသည် နှစ်သန်းပေါင်းများစွာ တွင်မှ တစ်ကြိမ် ကြုံတွေ့နိုင်သည့် အခွင့်အရေး ဖြစ်ပြီး အစက နှစ်ပေါင်းများစွာ လိုသေးသည်ဟု တွက်ဆခဲ့ကြသော်လည်း ယခုဆိုလျှင် ဤသို့ဖြစ်ရန် အချိန် လွန်စွာ နီးကပ်နေပြီဟု နက္ခတ်ပညာရှင်များက ခန့်မှန်းကြသည်။

“အခုဆိုရင် ဒီကြယ်အိုကြီးဟာ သူ့ရဲ့ အလယ်ဗဟိုမှာ မီးစာကုန် ဆီခန်း ဖြစ်နေ ပါပြီ။ သူ့ကို ထောက်ပံ့ပေးထားတဲ့ လောင်စာ စွမ်းအင်တွေ ကုန်သွားရင် အလွန်လျင်မြန်စွာ ပြိုပျက်သွားမှာ ဖြစ်ပါတယ်” ဟု သြစတြေးလျနိုင်ငံရှိ ကွင်းစ်လန်းတောင်ပိုင်း တက္ကသိုလ်မှ ပညာရှင် ဘရက် ကာတာမှ အဆိုပါ သတင်းဝက်ဘ်ဆိုက်တွင် ရေးသားထားခဲ့သည်။

၎င်းက ခန့်မှန်း တွက်ချက်ရာတွင် ထိုဖြစ်ရပ်သည် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်း ဖြစ်နိုင်ကြောင်း၊ နေ့ညမကွဲပြားဘဲ နေ့အသွင်ဖြင့် တည်ရှိနေခြင်းသည် အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း ပြောပြခဲ့သည်။

၎င်း Betelgeuse ကြယ်နီကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် ၆၄၀ အကွာအဝေးတွင် တည်ရှိသော Orion ကြယ်စုတွင် ပါဝင်ပြီး ကမ္ဘာမှ သာမန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်သလို လာမည့် ကြယ်တာရာ ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း နေကာမျက်မှန်များ အသုံးပြု၍ ကြည့်ရှုရန် မလိုကြောင်း၊ မကြာမီ အချိန်ကာလ အတွင်း၌ ကမ္ဘာသူကမ္ဘာသား တို့သည် ကမ္ဘာ့နက္ခတ်တာရာ နှင့် အာကာသဆိုင်ရာ သမိုင်းတွင် နှစ်သန်းပေါင်းများစွာမှသာ တစ်ကြိမ် ကြုံတွေ့ရနိုင်သော ဆူပါနိုဗာ တစ်ခုမှ အလင်းကြောင့် ညမရှိတော့ဘဲ ရက်သတ္တပတ် အတန်ကြာ နေ့အဖြစ်သာ တည်ရှိနေခြင်းကို မျက်ဝါးထင်ထင် မြင်တွေ့ရဖွယ် ရှိကြောင်း အဆိုပါ သတင်းများအရ သိရှိရသည်။

ဘရက်ကာတာက အထက်ပါအတိုင်း ပြောဆိုသော်လည်း အမေရိကန် နိုင်ငံမှ ပညာရှင်များက အဆိုပါ ကိစ္စသည် တွေးထင်မှန်းဆချက်သာ ဖြစ်ကြောင်း၊ အဆိုပါ ကြယ်ကြီးသည် စွမ်းအင်ကုန်လုနီးပါး ဖြစ်သည်ဟု တွေ့ရှိရသော်လည်း ကြယ်တာရာ ပေါက်ကွဲမှု ဆူပါနိုဗာ တစ်ခု ဖြစ်မည့် အချိန်ကို လက်ရှိ ကမ္ဘာ့နောက်ဆုံးပေါ် တယ်လီစကုပ်နှင့် ကွန်ပျူတာများကပါ အတိအကျ စစ်ဆေး တွက်ချက် ဖော်ပြနိုင်ခြင်း မရှိသေးသလို ၄င်းစကြ၀ဠာဆိုင်ရာ ဖြစ်စဉ်များသည် တိကျစွာ ကြိုတင်မှန်းဆနိုင်ရန် မည်သည့် ပညာရှင်မျိုးကမျှ မစွမ်းနိုင်သေးကြောင်း၊ ထို့ကြောင့် မကြာခင် ကမ္ဘာကြီးတွင် နေနှစ်စင်း ပေါ်လာတော့မည် ဆိုသော သတင်းများအတွက် ထိုသို့ ဖြစ်ရန် အချိန်နီးကပ်နေပြီး အနီးစပ်ဆုံး ဖြစ်နိုင်သော အချိန်မှာ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်သည် ဆိုသော အချက်မျှ လွဲ၍ မည်သို့မျှ မပြောနိုင်ပါကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခန့်က www.thenewamerican.com သတင်းဝက်ဘ်ဆိုက်တွင် တုန့်ပြန်ရေးသား အသိပေးခဲ့သည်။

ထို့အပြင် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသည် ကမ္ဘာမှ အလွန်အမင်း ကွာဝေးသော နေရာတွင် တည်ရှိသောကြောင့် အလင်းရောင်များ ကမ္ဘာပေါ်သို့ ရောက်ရှိလာမည်မှ လွဲ၍ ဆိုးရွားသော ထိခိုက်မှု မရှိနိုင်ကြောင်း၊ ခရစ်ယာန် သမ္မာကျမ်းစာပါ ကမ္ဘာလောက၏ တရားစီရင်ရာ နောက်ဆုံးနေ့ရက် (Doomsday) ကဲ့သို့ ကမ္ဘာကြီး နိဂုံးချုပ် ပျက်စီးသွားမည့် နေ့ရက် မဖြစ်နိုင်သေးပါကြောင်း၊ အခြားသော ဘာသာအယူဝါဒ အချို့ကဲ့သို့လည်း နဂိုရှိရင်းစွဲထက် နေများ ထွက်ပေါ်လာကာ ကမ္ဘာကြီး ပူပြင်းလောင်ကျွမ်း ပျက်သုဉ်းသွားမည် ဆိုသော အတွေးများဖြင့်လည်း စိုးရိမ်ပူပန်ကြခြင်း မဖြစ်စေလိုကြောင်း ပညာရှင်များက အလေးအနက်ထား ထုတ်ဖော်ပြောကြားခဲ့သည်။

အကယ်၍သာ မကြာမီ နှစ်လရက်များအတွင်း ထိုသို့ ဖြစ်လာခဲ့ပါက သမိုင်းတင်ပြီး ခေတ်နောက်ပိုင်း၌ အထူးခြား အဆန်းပြားဆုံး ဖြစ်သည့် ရက်သတ္တပတ် အနည်းငယ်ခန့် နေ့ချည်းသက်သက်သာ ရှိခြင်းကို ကျွန်တော်တို့ခေတ် လူသားများ တွေ့ကြုံ မှတ်တမ်းတင်ခွင့် ရရှိဖွယ် ရှိသည်ဟု တင်ပြလိုက်ရပါသည်။ (mmdailynews)

Tuesday, January 25, 2011

အိန္ဒိယ ဆိုက်ရောက်ဗီဇာ မြန်မာပါဝင်

Posted by Thit Car Nwe 4:02 AM, under | No comments

အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာကြသည့် ခရီးသွားဧည့်သည်များအား ဆိုက်ရောက်ဗီဇာထုတ်ပေးသည့် နိုင်ငံများစာရင်းတွင် မြန်မာနှင့် အင်ဒိုနိရှားနှစ်နိုင်ငံကိုပါ တိုးချဲ့လိုက်ကြောင်း အိန္ဒိယ အစိုးမှ ယနေ့ထုတ်ပြန်ကြေငြလိုက်သည်။ အဆိုပါ ဆိုက်ရောက်ဗီဇာထုတ်ပေးရေး အစီစဉ်ကို ပြီးခဲ့သည့် 2010 ခုနှစ် ဇန်န၀ါရီ ၁-ရက်နေ့တည်း စတင်ကျင့်သုံးခဲ့တာ ဖြစ်ပြီး ဂျပန် စင်္ကာပူ ဖင်လန် နယူးဇီလန်နှင့် Luxembourg တို့ ပါဝင်ခဲ့သည်။ ဖော်ပြပါနိုင်ငံများအပြင် ကမ္ဘောဒီယား လာအို ဗီယက်နန်တို့အပြင် ဖိလစ်ပိုင်တို့ပါ ပါဝင်လာခဲ့သည်။ ၄င်းဆိုက်ရောက်ဗီဇာ ထုတ်ပေးေ၇းအစီစဉ်မှာ အသုံးတည့်လာတာကြောင့် ယခုတစ်ကြိမ် မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့ကိုပါ တိုးချဲ့ပြီး ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆိုက်ရောက်ဗီဇာ သက်တမ်းမှာ ရက်ပေါင်း 30 ဖြစ်ပြီး Delhi, Mumbai, Chennai နှင့် Kolkata လေဆိပ်တို့တွင် ရယူနိုင်သည်ဟုသိရသည်။ ဆိုက်ရောက်ဗီဇာတန်ဖိုးမှာ အမေရိကန်ဒေါ်လာ 60 ဟုသိရသည်။

Monday, January 24, 2011

ရန်ကုန်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွါး

Posted by Thit Car Nwe 9:35 AM, under , | No comments

ယနေ့နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံတွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ရာမှ အခြားယာဉ်များကိုပါ ဆင့်ကဲတိုက်မှုများ ဖြစ်ခဲ့ရာ ခရီးသည်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားပြီး လူဆယ်ဦးခန့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ အဆိုပါ BM သ-၉၀၆၆ ကားမှာ ကမ္ဘာအေးဘုရားလမ်းမှ မောင်းနှင်လာစဉ် ယခုကဲ့သို့ ဘရိတ်ပေါက်ပြီး အခြားယဉ်များသို့ပါ ဆင့်ကဲတိုက်မှုများ ဖြစ်ပွါးခဲ့ပြီး လမ်းလက်ဝဲဖက်ရှိ စူပါပါဝါ လျပ်စစ်ပစ္စည်း ဆိုင်သို့ပါ တိုက်သွားခဲ့သည်။
ပြီးခဲ့သည့် စနေနေ့ညကလည်း စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် ယာဉ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ရာ ဂျပန်လူမျိုးသွားဆရာဝန် Hideki Hasegawa သေဆုံးသွားခဲ့ပြီး အခြားခရီးသည်များလည်း ဒဏ်ရရှိသွားခဲ့ကြောင်းသိရသည်။

Friday, January 21, 2011

အရှက် အကြောက် တရားနှစ်ပါး ကင်းမဲ့ခဲ့သော်--- အပိုင်း ( ၁ )

Posted by Thit Car Nwe 10:02 AM, under | No comments

ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ဟိရိ သြတပ္ပတရားနှစ်ပါးနှင့် ပတ်သက်၍ “ဒုစရိကို ဟိရီရှက်စွ၊ လန့်သြတ္တနှင့်” ဟု ဖွင့်ဆိုတော်မူခဲ့သည်။ ဆိုလိုသည့် အဓိပ္ပါယ်မှာ မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ရမည်မှ ရှက်ခြင်းသဘောသည် ဟိရီ ဖြစ်ပြီး ယင်းမကောင်းမှု ဒုစရိုက်များကို ပြုရမည်မှ ကြောက်လန့်ခြင်း သဘောသည် သြတပ္ပ ဟု ဆိုလိုခြင်းသဘောဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော် ဟိရီ၏သဘောသည် မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ရမည်မှ ရှက်ခြင်းသဘောရှိသောကြောင့် မိမိ၏ဂုဏ်သိက္ခာကို မိမိကိုယ်တိုင် စောင့်ရှောက်ခြင်းသဘောရှိသည်ဟု ဆိုသည်။ ထို့ကြောင့် မိမိကိုယ်တိုင် မိမိတွင်ရှိသည့် ဂုဏ်သိက္ခာကို လေးစားသူများတွင် ဟိရီတရား ကိန်းအောင်းနေသည်ဟု ဆိုနိုင်ပေသည်။

သြတပ္ပ၏သဘောကတော့ မိမိက မကောင်းမှုဒုစရိုက်များကို ပြုလုပ်လိုက်သည့်အတွက် ကိုယ်၏မိဘဆွေမျိုး အသိုင်းအ၀ိုင်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်မည်မှ ကြောက်လန့်ခြင်း သဘောရှိသည်။ ထိုကြောင့် တစ်ပါးသူတို့၏ဂုဏ်သိက္ခာကို ငဲ့ညှာတတ်သူများတွင် သြတပ္ပတရား ကိန်းအောင်းသည်ဟု ဆိုရပေမည်။ ယင်း တရား ၂-ပါးကိုပင် လူတို့အကြား မိဘနှင့်သားသမီး မောင်နှင့်နှမ ခွဲခြားသိမြင်နိုင်အောင် စောင့်ရှောက်တတ်သည့်အတွက် လောကပါလ- ကမ္ဘာစောင့် တရားကြီး နှစ်ပါးဟု ခေါ်ဆို၍၇သေးသည်။ ထိုတရားနှစ်ပါးသာ လူလောကတွင် ဆိတ်သုဉ်းသွားခဲ့ပါက လူနဲ့ တိရစ္ဆာန် ခွဲခြား၍ ရနိုင်တော့မည်မဟုတ်ပေ။
ဤနေရာတွင် လူသည် အသိဉာဏ်ရှိသည့် လူသားတစ်ယောက် ဖြစ်သည့်အားလျော်စွာ ဘယ်အရာသည် ဒုစရိုက် ဘယ်အရာသည် သုစရိုက်စသည်ဖြင့် အကောင်းအဆိုး အကြောင်းအကျိုးကိုတော့ ခွဲခြမ်းသိမြင်ဖို့လိုအပ်ပေသည်။ အကယ်၍ အကြောင်းအရာတစ်ခုက နက်နဲပြီ ခက်ခဲနေပါကလည်း တတ်သိနားလည်သူများထံမှ လေ့လာမှု သင်ယူမှုများမှာ အထူးလိုအပ်လှပေသည်။ ယင်းကဲ့သို့ မဟုတ်ပါပဲ ပုဂ္ဂိုလ်ခင်၍ တရားမင်သည် ဆိုသည့်အတိုင်း မိမိနဲ့ ရင်းနှီးမှု ကြည်ညိုမှု စသည်ကို လိုက်ပြီး ထိုသူ၏စကားမှ အမှန်ဟု ယူဆလျှင် လမ်းမှားကိုပင် လမ်းမှန်ဟု တလွဲဖောက်ပြန်သွားတတ်သည်။ အမှန်မှ အမှားသို့ မှားမှားယွင်းယွင်း ဖောက်ဖောက်ပြန်ပြန် လွဲမှားစွာ ယူလေ့ရှိသည်ကိုပင် မိစ္ဆာဒိဋ္ဌိဟု ခေါ်ဆို၇သည်မဟုတ်ပါလော။
ယခုတစ်လောအတွင်း မြန်မာနိုင်ငံတွင် အငြင်းပွါးဖွယ်ရာတစ်ခုမှာ အရှင်ဣဒ္ဓိပါလ ဦးစီး ကျင်းပသည်ဆိုသည့် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း ပင်ဖြစ်သည်။ ယင်းသင်တန်း၏ လှုပ်ရှားမှု အချို့ပြကွက်များမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် ထေရ၀ါဒသံဃာတော်တစ်ပါး၏ သိက္ခာနှင့် မသင့်လျော် မညီညွတ်သည်တို့ကို လူအများစု တွေ့မြင်ကြရပြီးဖြစ်သည်။ ယင်းနဲ့ပတ်သက်ပြီး အပြန်အလှန်ငြင်းခုံမှုများကိုလည်း ကြားနေဆဲဖြစ်လေသည်။ ၄င်းငြင်းခုံမှုအကြောင်းအရာများကိုတော့ စာရေးသူအနေဖြင့် ပြန်လည်ပြီး မတင်ပြလိုတော့ပေ။ သို့သော်လည်း အဆိုပါသင်တန်း၏ လုပ်ဆောင်မှု အချို့နဲ့ပတ်သက်ပြီး မိမိလေ့လာမိသမျှ တင်ပြလိုသည်။ စိတ်ဓာတ်မြှင့်တင်ရေး ဟုအမည်ပေးထားသည့် သင်တန်းတွင် စည်းကမ်းချက် ၅ ချက် နှင့် သင်ရိုးညွှန်းတမ်းပေါင်း အချက် ၂၀ ကိုတွေ့ရသည်။ ဒီနေရာတွင် စာရေးသူပေးခဲ့သည့် ခေါင်းစီးနဲ့ ကိုက်ညီမှု ရှိစေရန်အတွက် သင်တန်း၏ အခြားစည်းကမ်းချက် သင်ရိုးညွှန်းတမ်း များစွာကို မဆွေးနွေးလိုပေ။ စည်းကမ်းချက် ငါးချက်တွင်ပါဝင်သည့် ၄ -နံပါတ်ပါ “ရှက်ခြင်း ကြောက်ခြင်း လုံးဝမရှိစေရ” ဆိုသည့် အချက်ကိုသာ ဆွေးနွေးတင်ပြလိုသည်။
ရှစ်ပါးသီလထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် “နစ္စ ဂီတ ၀ါဒိတ ၀ိသူကဒဿနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဆိုသည့် သိက္ခာပုဒ်မှာ ရဟန်းသံဃာတော်များနဲ့ သီလရင်များသာမက ဥပုသ်သီတင်းသီလ ဆောက်တည်ကြသည့် လူပုဂ္ဂိုလ်များပါ ကျင့်သုံးလိုက်နာရမည်မှာ လူတိုင်းအသိပင်ဖြစ်သည်။ ၄င်းသိက္ခာပုဒ်၏ ဖွင့်ဆိုချက်များအရ ကခုန်ခြင်း သီချင်း သီဆိုခြင်း တီးမှုတ်ခြင်းများသည် ကိလေသာကို ဖြစ်ပွါးစေတာကြောင့် ဘုရားသာသနာတော်၏ ငြောင့်သဖွယ်ဖြစ်ကြောင်း ဟောတော်မူခဲ့သည်။ ယင်းစကားတော်သည် ဘု၇ားဟောတစ်ခုပင်ဖြစ်သည်။ ဘုရားဟောကို လျစ်လျူရှုပြီး ဘယ်သူတွေကတိုင် ခွင့်ပြုထားတာပဲ၊ ဘယ်သူတွေကော ကင်းကြရဲ့လား စသည်ဖြင့် ကျိုးကြောင်းဆီလျော်မှုမရှိ အခြေအမြစ်မရှိသည့် ဆင်ခြေတွေနဲ့ ကိုယ်လိုဆွဲ ပြောဆို တုံ့ပြန်ခြင်းမှာ ကိုယ့်ပေါင်ကို လှန်ထောင်း ဆိုသလို တုန့်ပြန်သူရဲ့ အရည်အချင်းကို ကိုယ်တိုင် ဖော်ပြသကဲ့သို့ဖြစ်စေသည်။ ဖြစ်သင့် မသင့် မိမိအလုပ်သည် ကျိုးကြောင်း ဆီလျော်မှု ရှိ မရှိစသည်တို့ကို ထောက်ပြပြီ ရှင်းပြခြင်းကသာလျှင် အများအတွက် အကျိုးရှိစေရုံသာမက မိမိ၏ လုပ်ဆောင်မှု ရပ်တည်မှုများကိုလည်း ဂုဏ်သိက္ခာတက်စေသည်။
လုပ်ဆောင်နိုင်မှု အင်အားကို အမှန်အဖြစ်အသုံးချခြင်းသည် အမှန်တရားနဲ့ အမှန်တရားမြတ်နိုးသူများကို စော်ကားသကဲ့သို့ ဖြစ်စေသည့်တစ်ချိန်တည်းမှာပင် အမှန်တရားလောကကြီးကလည်း အမှားကို အမှန်ထင်ပြီး လုပ်ဆောင်နေသည့် မိမိ၏လုပ်၇ပ်များကို ပြက်ရယ်ပြုနေမည်သာဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် အမှန်တရားသည် အင်အားဖြစ်ရမည့်အစား အင်အားသည် အမှန်တရားအဖြစ် အသုံးချလာနေမှုများကို လူလောက လူဘောင်အသိုင်းအ၀ိုင်းတွင်သာက ဘာသာရေးနယ်ပယ် အတွင်းထဲသို့ပါ တစ်နေ့တစ်ခြား ထိုးဖောက်ဝင်ရောက်လာနေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်နေကြရသည်။ တကယ်တန်းတွင် ယင်းကဲ့သို့ အင်အားကိုအသုံးပြုပြီး အမှားကို အမှန်အဖြစ် အသုံးချမှုများသည် ဗုဒ္ဓဘာသာသမိုင်းတွင် အသစ်အဆန်းတစ်ခုတော့ မဟုတ်ပေ။ ယင်းကဲ့သို့ အင်အားကို မှားယွင်းစွာအသုံးပြုမှုသည် ဘာသာ သာသနာ အဆောက်အအုံတစ်ခုလုံး၏ ပျက်သုဉ်းခြင်း လမ်းစပင်ဖြစ်သည်။ ယင်းနဲ့စပ်လျင်း၍ ဒုတိယသင်္ဂါယနာမတိုင်မှီ မြတ်စွာဘုရား ပွင့်ထွန်းတော်မှုခဲ့ရာ အိန္ဒိယပြည်ကြီးမှ ဗုဒ္ဓဘာသာ၏ အခြေနေနဲ့ ယင်းဒေသမှ ဗုဒ္ဓဘာသာ ဆိတ်သုဉ်းသွားခဲ့ရခြင်းအကြောင်းများကို ဒုတိယပိုင်းတွင် တင်ပြသွားမည်။

(သခင်နွယ်)

မြန်မာသင်္ဘောသားများ အသက်ဘေးမှ လွတ်မြောက်လာ

Posted by Thit Car Nwe 2:53 AM, under , | No comments

ပြီးခဲ့သည့် စနေနေ့က ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခြင်းကို ခံထားရသည့် မြန်မာနိုင်ငံသား ၁၁ ဦးအပါဝင် သင်္ဘောသား ၂၁-ဦးပါဝင်သည့် တောင်ကိုရီယား ဓာတုဗေဒကုန်တင် သင်္ဘောပေါ်မှ သဘောင်္သားမျာကို အိုမန်နှင့် အာဖရိကနှစ်နိုင်ငံအကြား ရေပြင်တွင် ယနေ့မနက်ပိုင်း အာရုံမတက်ခင်တွင် တောင်ကိုးရီးယား ရေတပ်မှ ကယ်တင်နိုင်လိုက်သည်။ တောင်ကိုးရီယား အထူးတပ်ဖွဲ့ဝင်မျာက အပိုင်စီးခံထားရသည့် ကုန်တင်သဘောင်္ကြီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး သင်္ဘောသား ၂၁ ယောက်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုအတွင်း တုန့်ပြန်တိုက်ခိုက်လာသည့် ဆိုမာလီ ပင်လယ်ဓားပြ ၈ - ဦးကို အသေသတ်ခဲ့ပြီး ၅-ဦးကို ဖမ်းဆီးရရှိခဲ့သည်ဟုသိရသည်။ သင်္ဘောကြီး၏ ကပ္ပတိန်ဖြစ်သူမှာ ပင်လယ်ဓားပြ၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အမေရိကန် စစ်ရဟတ်ယာဉ်မှ ဆေးကုသနိုင်ရေးအတွက် သယ်ဆောင်သွားခဲ့ကြောင်းသိရပြီး ၄င်းဒါဏ်၇ာမှ အသက်ကို အန္တရယ်မပြုနိုင်ဟုသိရသည်။ တောင်ကိုးရီးယားသမ္မတ Lee Myung-bak က တယ်လီဗေးရှင်းမှ သူပြည်သူများကို ပြောဆိုရာတွင် နောင်ကို သူပြည်သူများ၏ အသက်နဲ့ လုံခြုံရေး ခြိမ်းခြောက်လာမည့် ဘယ်ခြိမ်းခြောက်မှုမျိုးကိုမဆို သည်းခံသွားမည်မဟုတ်ဟု ပြောဆိုသွားခဲ့သည်။ အဆိုပါ ကုန်တင်သင်္ဘောကြီးပေါ်တွင် တောင်ကိုရီးယားသင်္ဘောသား ရှစ်ယောက် အင်ဒိုနီးရှား နှစ်ယောက်နှင့် မြန်မာသင်္ဘောသား ဆယ်တစ်ယောက်တို့ ပါဝင်ကြောင်းသိရသည်။

Thursday, January 20, 2011

လူထုခေါင်းဆောင် အင်တာနက် တပ်ဆင်ခွင့်ရရှိ

Posted by Thit Car Nwe 9:04 AM, under , | No comments

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်တာနက်လိုင်း တပ်ဆင်ခွင့် ရရှိသွားပြီဖြစ်ကြောင်းသိရသည်။ အင်တာနက်တပ်ဆင်ခွင့်ကို ပြီးခဲ့သည့် လကတည်းက လျှောက်ထားခဲ့တာဖြစ်ပြီး ယခုနောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာကတည်းက Twitter တို့လို့ လူမှု ကွန်ယက်များမှတစ်ဆင့် ပြည်တွင်းပြည်ပရှိ လူငယ်များနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆက်သွယ်ဖို့ ဆန္ဒရှိကြောင်းပြောဆိုခဲ့ပြီးဖြစ်သည်။ ယခုလို စစ်အစိုးဖက်မှ အင်တာနက် သုံးစွဲခွင့်ချပေးလိုက်သော်လည်း ဘယ်အတိုင်းအတာအထိ လွတ်လပ်စွာသုံစွဲခွင့်ပြုထားမည် ဆိုတာကိုတော့ စောင့်ကြည့်ရမည်ဖြစ်သည်။

Tuesday, January 18, 2011

ပုံမှန်မဟုတ်သည့် ၁၄-ရက်နေ့ထုတ် ကြေးမုံသတင်းစာ

Posted by Thit Car Nwe 5:10 AM, under , | No comments

မြန်မာနိုင်ငံတွင် အငြင်းပွါးဖွယ်ရာဖြစ်နေသည့် အရှင်ဣဒ္ဓိပါလ ဆိုသူ၏ “စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း” နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း ၁၄.၁.၂၀၁၁ နေ့ စစ်အစိုးရထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၇-တွင် သင်းတန်းကြော်ငြာ ပါရှိခဲ့သော်လည်း ပြည်တွင်း ပြည်ပရှိ ရဟန်းသံဃာတော်များနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကို တန်ဖိုးထားကြသည့် ဒါယကာ ဒါယိကာမများ၏ ဝေဖန်ကန့်ကွက်တွေများလာတာကြောင့် ယခုအခါတွင် ကြေးမုံအွိုင်းလိုင်း သတင်းစာပါ အဆိုပါ ကြေငြာကို ပယ်ဖြုတ်လိုက်ပြီး ၄င်းအစား ၁၅-ရက်နေ့ထုတ် သတင်းစာ အပိုင်းအစဖြင့် အစားထိုးထားသည်ကိုတွေ့မြင်ရသည်။
၎င်းသင်တန်း၏ လှုပ်ရှားမှုပြကွက်များမှာ ထေရ၀ါဒဗုဒ္ဓဘာသာ၊ ထေရ၀ါဒ ရဟန်းတော်တစ်ပါး၏ ကျင့်ဝတ်သိက္ခာများနှင့် ဖီလာဆန့်ကျင်နေသည်ဟု ပြည်ပရှိ သံဃာတော်တစ်ပါးက အမိန့်ရှိသည်။ ယင်းသင်တန်း၏ အဖွင့်အမှာစကား ပြောကြားချက်များကို လေ့လာကြည့်ပါက စစ်အစိုးရ အုပ်ချုပ်စဉ် သက်တမ်းကာလတစ်လျှောက်လုံး ပြောဆိုခဲ့သည့် စကားအသုံအနှုံး များကိုကြားသိရသည်။ သင်းတန်းခေါင်းဆောင် အရှင်ဣဒ္ဓိပါလ ဆိုသူဦးစီးသည့် ယင်းသင်တန်းကို မြန်မာနိုင်ငံတွင်၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်ဟုသိရှိရသည်။
စစ်အစိုးရ စိတ်တိုင်းကြ ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေများအရ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး စစ်အုပ်စုလွှတ်တော် ကိုယ်စားလှယ်အများစုဖြင့် ပြည်သူလွှတ်တော်ကို လာမည့် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် ကျင်းပခေါ်ယူမည်ဟု စစ်အစိုးရမှ ကြေငြာထားသည်။ ယခုလို ပြည်သူများအတွင်း အာရုံနောက်ဖွယ်ရာ ကိစ္စရပ်များကို ဖန်တီးနေခြင်းသည် လွတ်တော်အတွင်း အငြင်းပွါးဖွယ်ရာ ကိစ္စရပ်များကို ပြည်သူအများ စိတ်ပါဝင်စားမှုမရှိစေရန် အာရုံလွှဲသည့် နအဖစစ်ခေါင်းဆောင် ဗိုလ်သန်းရွှေ၏ စိတ်ဓာတ်စစ်ရေးတစ်ရပ်အဖြစ် အများကမှတ်ယူနေကြသည်။

Sunday, January 16, 2011

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ၏ သဘောထုတ်ပြန်ကြေငြာချက်

Posted by Thit Car Nwe 11:44 AM, under | No comments

Saturday, January 15, 2011

မြန်မာသဘောင်္သားများပါဝင်သည့် သဘောင်္တစ်စီး ပင်လယ်ဓားပြများ ဖမ်းဆီး

Posted by Thit Car Nwe 9:34 AM, under , | No comments

မြန်မာသင်္ဘောသား ၁၁ ဦးပါဝင်သည့် တောင်ကိုရီယား ဓာတုဗေဒကုန်တင် သင်္ဘောတစ်စီးကို ယနေ့ စနေနေ့ နေ့ခင်းပိုင်းက ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲသွားခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ပြောဆိုကြောင်းသိရသည်။ အဆိုပါ သင်္ဘောဖမ်းဆီးခံရချိန်တွင် တန်ချိန်
11,500-တင်ဆောင်ထားသည်ဟု သိရှိရပြီး U A E နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဦးတည်ခုတ်မောင်းလာနေစဉ် ယခုကဲ့သို့ ဆိုမာလီ ပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံလိုက်၇ကြောင်းသိရသည်။ ၄င်းသင်္ဘောပေါ်တွင် တောင်ကိုရီးယးသင်္ဘောသား ရှစ်ယောက် အင်ဒိုနီးရှား နှစ်ယောက်နှင့် မြန်မာသင်္ဘောသား ဆယ်တစ်ယောက် တို့ ပါဝင်ကြောင်းသိရသည်။
(news.yahoo)

Friday, January 14, 2011

ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဆန့်ကျင့်သည့် သင်္ကန်းဝတ်တစ်ဦး၏ လုပ်ဆောင်ချက်

Posted by Thit Car Nwe 2:44 AM, under ,, | No comments

(ကြေးမုံသတင်းစာပါ ကြော်ငြာ)

ယခု ရက်ပိုင်းများအတွင်း YouTube နှင့် အင်တာနက် ၀ဒ်ဆိုက်များပေါ်တွင် ပျံ့နှံ့နေသည့် သံဃာတော်တစ်ပါး ဦးဆောင်သည့် စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းအမည်ခံ လှုပ်ရှားမှု ပြကွက်များကြောင့် ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာကို တန်ဖိုးထားလေးစားသည့် ဒကာ ဒကာမအများ စိတ်မသက်မသာ ဖြစ်နေကြရကြောင်း ကြားသိရသည်။
အဆိုပါ သင်တန်းကို ဦးဆောင်သူမှာ အရှင်ဣဒ္ဓိပါလ ဟု သင်တန်းအဖွင့်စကားတွင် ကြားသိရပြီး အဆိုပါသင်တန်းသို့ စစ်တပ်မှ အရာရှိကြီးများ မြို့ရွာအေးချမ်းသာယာရေးနဲ့ ရပ်ကွက်ဌာနဆိုင်ရာများမှ အချို့အာဏာပိုင်ပုဂ္ဂိုလ်များ ပါဝင်နေသည်ကိုလည်း သိရှိရသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရမှ ချုပ်ကိုင်သည့် သတင်းစာထဲတွင် ကြော်ငြာထည့်ပြီး အဆိုပါသင်တန်းကို ဖွင့်ခွင့်ရနေခြင်းမှာလည်း ထူးခြားနေသည်။ ၄င်းသင်တန်း၏ စည်းရုံးရေးတစ်ခုအနေဖြင့် သန်းတန်းသားဦးရေ တိုးပွါးရေးအတွက် လူ တစ်ယောက်မှ နောက်ထပ် ၅ ယောက် စည်းရုံးပေးကြရန် စည်းရုံးသိမ်းသွင်း ပြောကြားနေကြောင်း လည်းသိရသည်။

အဆိုပါ သင်တန်းအတွင်း လှုပ်ရှားမှု ပြကွက်များမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် လုံးဝဆန့်ကျင်နေပြီး သင်တန်းအစ အမှာစကားများအရ သာဓုခေါ်ခြင်းနှင့် လက်အုပ်ချီ ရှိခိုးမှုများကို တားမြစ်ထားပြီး ၄င်းတို့အစား လက်ခုပ်တီးပြီး အားပေးမှုကိုသာ မှာကြားထားသည်။ သင်တန်း၏အဖွင့်စကားတွင်လည်း စစ်အုပ်စုမှ ပြောဆိုနေကြ စကားမျာကိုသာ သင်တန်းမှုးလုပ်သူက ပြောဆိုသွားခဲ့သည်။ ၄င်းလှုပ်ရှားမှာ မည်သည့်နေရာတွင် ကျင်းပခဲ့သည်ဆိုသည်ကို အတိအကျမသိရသေးသော်လည်း သင်တန်းခန်းမ၏အနေအထားအရ ဘာသာရေးအဆောက်အအုံ တစ်ခုအတွင်းဖြစ်နေသည်မှာ ထင်ရှားနေသည်။ သတင်းဝဒ်ဆိုက်တစ်ခု၏ ဖော်ပြချက်အရ အဆိုပါသင်တန်းမှာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း ၊ ဘားအံ မြို့ ဇွဲကပင်ခန်းမတွင် ကျင်းပခဲ့သည်ဟု သိရှိ၇သည်။

ထေ၇၀ါဒဗုဒ္ဓသာသနာ ထွန်းကားသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ပြီး ထေရ၀ါဒနှင့် ဖီလာဆန့်ကျင့် ဖြစ်နေသည့် လုပ်ရပ်များကို သံဃာတော်တစ်ပါးအနေဖြင့် လုပ်ဆောင်နေခြင်းမှာ ၊ လုပ်ခွင့်ရနေခြင်းမှာ ထူးခြားနေသည်။ မြန်မာနိုင်ငံတွင် သာသနာနှင့် သံဃာရေးရာကိစ္စများကို ဦးဆောင်ဖြေ၇ှင်းနိုင်ရေးအတွက် နိုင်ငံတော် သံဃာ့မဟာနာယ (မဟန) အဖွဲ့ ဟု တရားဝင်တည်ရှိနေသော်လည်း တကယ့်လက်တွေ့တွင် သာသနာနှင့် သံဃာတော်များ၏ အကျိုးထက် စစ်အာဏာပိုင်များ၏ အမိန့်ကြေငြာစာမျာကိုသာ ထပ်ဆင့် ထုတ်ပြန်ပေးရသည့် အဆင့်အနေထားတွင်သာ တည်ရှိနေသည်။ စစ်အာဏာပိုင်များမှ သံဃာတော်များ ကို မတရားဖမ်းဆီးထောင်ချနေသည့်ကိစ္စ မတရား၇ိုက်နှက်ပြီး အနိုင်ကျင့်နေသည့်ကိစ္စများတွင်လည်း နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ တရားဝင်ကန့်ကွက်စာ ထုတ်ပြန်ချက်မျိုးများကိုလည်း မည်သည့်အခါမှ မကြားသိခဲ့ရပေ။ ယခုအခါတွင် သံဃာတော်များအနေဖြင့် ပြည်တွင်းပြည်ပ များသို့ ခရီးသွားလာခွင့်များကို ကန့်သတ်ခံထားရပြီး ပြည်ပထွက်ခွါခွင့်ရရှိရေးအတွက် သာသနာရေးဌာန၏ထောက်ခံစာများကို ၇ယူရာမှာလည်း သက်ဆိုင်ရာဝန်ထမ်းများအား လာဘ်ငွေများပေးကာ ထွက်ခွါနေကြကြောင်းကြားသိနေရသည်။ နောင်တစ်ချိန် မြန်မာပြည်တွင်း ပညာရေး နှင့် ဘာသာရေးစသည့် အကျိုးတို့အတွက် ရည်ရွယ်ပြီး ပြည်ပထွက် ပညာသင်ကြားနေကြရသည့် သံဃာတော်များအနေဖြင့် သာသနာအကျိုးအတွက်ဟု အမည်ခံထားပြီး ဖွင့်လှစ်ထားသည့် သာသနာရေးဦးစီးဌာနလို နေရာတွင် သံဃာတော်များ လာဘ်ငွေပေးပြီး ပြည်ပထွက်ခွါခွင့် ပညာသင်ကြားခွင့် ကြိုးစားလုပ်ဆောင်နေရခြင်းမှာ အနာဂတ်မြန်မာပြည် ဗုဒ္ဓဘာသာ သာသနာရေးအတွက် ၀မ်းနည်းစရာတစ်ရပ်ဖြစ်ကြောင်း မကြာခင်ကမှ ပြည်ပပညာတော်သင် ရောက်ရှိလာသည့် သံဃာတော်တစ်ပါးက မိန့်ဆိုခဲ့သည်။
ပြီးခဲ့နှစ် ၂၀၁၀ ခုနှစ်အတွင်းကလည်း သီရိလင်္ကာနိုင်ငံသား ဒေါက်တာအရှင်စန္ဒိမာ ၏ စီစဉ်မှုအရ မြန်မာနိုင်ငံမှ နာဂစ်ဒုက္ခသည် များဟု အမည်တပ်ကာ ကိုရင်ငယ် သီလရင်ငယ် အပါးတစ်ရာကျော်တို့ကို သာသာနာေ၇းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ခေါ်ဆောင်သွားခဲ့ဖူးသည်ဟု သိရသည်။ အဆိုပါကိစ္စမှာလည်း သာသနာရေးဌာနမှ အမျိုးသမီးနှစ်ဦးကိုယ်တိုင် သီရိလင်္ကာနိုင်ငံအထိ ၄င်းကိုရင်ငယ် သီလရင်ငယ်များကို လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းကိုလည်း ကြားသိရသည်။ အဆိုပါကိစ္စမှာ လူကုန်ကူးမှု ဥပဒေနှင့်ပင်ငြိစွမ်းနေသည်ဟု ဥပဒေပညာရှင်များက ပြောဆိုခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်နေသူများကို အရေးယူခြင်း ရှိ မရှိကိုတော့ မကြားသိရသေးပေ။ ယခုအခါတွင် သီရိလင်္ကာသို့ ရောက်ရှိသွားသည့် ကိုရင်ငယ် သီလရင်ငယ်အတော်များများကို သီတဂူဆရာတော်ကြီး၏အကူအညီဖြင့် တတိယနှင့် နောက်ဆုံးအသုတ်အဖြစ် ပြန်လည် ခေါ်ယူနိုင်ခဲ့ကြောင်း ကြားသိရသည်။
ယခုလက်ရှိ အင်တနက်ဝဒ်ဆိုက်များပေါ်တွင် ပျံ့နှံနေသည့် ထေရ၀ါဒနှင့် မကိုက်ညီသည့် သံဃာတော်တစ်ပါး၏ (ရဟန်းစစ် မစစ်ကိုတော့ အတိအကျမသိရပေ) လုပ်ရပ်များကို မြန်မာနိုင်ငံ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့နှင့် သာသနာရေးဦးစီဌာနတို့မှ မည်ကဲ့သို့ ကိုင်တွယ်လုပ်ဆောင်သွားမည်ကိုတော့ စောင့်ကြည့်ကြရအုံးမည်ဖြစ်သည်။




Thursday, January 13, 2011

သံဃာတော်တစ်ပါး စွန်းအားရှင်၏ အပြင်းအထန်ရိုက်နှက်မှုခံရ

Posted by Thit Car Nwe 9:38 AM, under | No comments

ပြီးခဲ့သည့် အင်္ဂါနေ့ညပိုင်းက ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၇ ရပ်ကွက်ရှိ ဓမ္မ၀ိဟာရစာသင်တိုက်မှ အရှင်ဓမ္မုဿရ ကို စွမ်းအားရှင် ၂၀ ခန့်က၀ိုင်းရိုက်ပြီး သေပြီအမှတ်ဖြင့် စွန့်ပစ်ခဲ့ရာမှ အဆိုပါသံဃာတော်မှာ မသေပဲ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူခဲ့ပြီး ယခုအခါတွင် အဆိုပါသံဃာတော်မှာ စွမ်းအားရှင်အဖွဲ့၏ နောက်ထပ်တစ်ကြိမ် အန္တရယ်ပြုလာမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ထေရ၀ါဗုဒ္ဓဘာသာထွန်းကားသည်ဟု ကမ္ဘာက အသိအမှတ်ပြုခံထားရသည့် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကာလ နောက်ပိုင်းမှစပြီး စစ်အစိုး၇နှင့် ၄င်းစစ်အုပ်စုမှ ကျွေးမွေးထားသည့် စွမ်းအားရှင်ကဲ့သို့သော အဖွဲ့များ၏ ရန်မူမှု အနှောင်အယှက်ပေးမှု မျိုးစုံကို သံဃာတော်များ ခံစားနေကြရသည်။ ယခုအခါတွင် သံဃာတော်များအနေဖြင့် ခရီးသွားလာခွင့်များကိုပါ ကန့်သတ်ခံနေကြရပြီး နိုင်ငံခြားသွားလာခွင့် ပတ်စပို့ ရရှိထားပြီး အဆိုပါ ပတ်စပို့ သက်တမ်းကုန်ဆုံးသည့်အခါများတွင် သက်တမ်းတိုးပေးရေးအတွက် များစွာမှ အခက်ခဲတွေ့နေကြ၇ကြောင်း ကြားသိနေရသည်။ သံဃာတော်များ၏အကျိုးအတွက်ဟုဆိုကာ ဖွဲ့စည်းထားသည့် သံဃာ့မဟာနာယက အဖွဲ့အနေဖြင့်လည်း သံဃာတော်များ၏ အကျိုးထက် စစ်အာဏာရှင်ကြီးများ၏ အလိုကျအတိုင်း သံဃာတော်များအတွက်ရည်ရွယ်ကာ ကန့်သတ်ချက် ထုတ်ပြန်ချက်မျိုးစုံကို ထုတ်ပြန်နေတာကြောင့် စစ်အာဏာရှင်များ၏ လက်ကိုင်တုတ် သံဃာ့စွမ်းအားရှင်အဖွဲ့အဖြစ် သံဃာတော်များအကြား တစ်နေ့တစ်ခြား ပြောဆိုမှုတွေ တိုးပွါးလာနေကြာင်းသိရသည်။ အဆိုကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တစ်ပါးကတော့ မြန်မာနိုင်ငံရှိ သံဃာတော်များရဲ့ဘ၀ဟာ မိဘမဲ့ အားကိုရာမဲ့တဲ့ အခြေနေမျိုးမှာ ရောက်ရှိနေပြီး အချို့ အကျင့်ပျက်သည့် သံဃာတော်အချို့ကြောင့် ဒကာ ဒကာမများ၏ အထင်မြင်သေးမှုတွေကို ခံစားနေကြ၇ကြောင်းနှင့် သံဃာတစ်ပါးအနေနဲ့ မြန်မာနိုင်ငံတွင်းမှာနေရသည်မှာ တစ်နေ့တခြာ့းငြီးငွေ့လာနေကြကြောင်း ပြောဆိုသွားခဲ့သည်။ ထို့အပြင် စစ်အာဏာပိုင်များအနေဖြင့် အကျင့်ပျက်သူများကို အရေးယူမှုမျိုး မလုပ်ပဲ နိုင်ငံရေးလိုကိစ္စများတွင်ပါဝင်သည်ဟု သံသယဖြစ်ခံရသည့် သံဃာတော်များကိုသာ အပြင်းအထန် အပြစ်ပေး အရေးယူလျှက်ရှိကြောင်း အဆိုပါသံဃာတော်က ပြောဆိုသွားခဲ့သည်။

Wednesday, January 12, 2011

ကလေးမြို့တွင် ကျောင်းသားဆန္ဒပြမှုဖြစ်ပွါး

Posted by Thit Car Nwe 9:55 AM, under | No comments

စစ်ကိုင်းတိုင်း ကလေးမြို့ တွင် ယနေ့ ဇန်န၀ါရီလ ၁၂ ရက် နေ့ မနက်က ကလေးမြို့တွင်းမှ သက်ဆိုင်ရာ တက္ကသိုလ်များသို့ ပြေးဆွဲနေသည့် ကျောင်းကားခများ ယခင် အသွားအပြန် ကျပ်တရာမှ လေးရာအထိ ရုတ်တရက် တက်သွားမှုကြောင့် ဂျီတီစီတက္ကသိုလ် ကွန်ပြူတာ တက္ကသိုလ် နှင့် ကလေးတက္ကသိုလ်တို့မှ တက္ကသိုလ်ကျောင်းသား/သူ သုံးရာကျော်ခန့် ဒကစ ဒေသဆိုင်ရာ ဒေသဆိုင်ရာစစ်ကွပ်ကဲမှုရုံးအထိ လမ်းလျှောက်စီတန်းပြီး ကားခလျှော်ချပေးရေး တောင်းဆိုခဲ့ကြကြောင်းကြားသိရသည်။ နောက်ဆုံးတွင် အာဏာပိုင်များမှ ကျောင်းသားများတောင်းဆိုသည့်အတိုင်း လိုက်လျောလာတာကြောင့် ဆန္ဒပြပွဲအေးအေးချမ်းချမ်းပြီးဆုံးသွားခဲ့ကြောင့်သိရသည်။ ယခုကဲ့သို့ ကျောင်းကားခ ဈေးနှုးန်များရုတ်တရက်တာလာခြင်းမှာ ပြီးခဲ့သည့် တနင်္လာနေ့က မေတ္တာမွန် စက်သုံးဆီ အရောင်းဆိုင်တွင်မီးလောင်မှုဖြစ်ခဲ့ပြီး နောက်တစ်ရက်တွင်ဖြစ်ပွါခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း ကျောင်းကားခများ ဈေးတက်မှုကြောင့် ယခုကဲ့သို့ ကျောင်းသားတန်းစီဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ဖူးသည်။

Tuesday, January 11, 2011

ဥပဒေ၊ နည်းဥပဒေ စာအုပ်(၁၇)မျိုး ထုတ်ဝေဖြန့်ချီ

Posted by Thit Car Nwe 9:22 AM, under , | No comments

မြန်မာနိုင်ငံတွင် နှစ်နှစ်ဆယ်အတွင်း ပဌမဆုံးအကြိမ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွင်း သက်ဆိုင်ရာဒေသအသီးသီး၌အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ လွတ်တော်မခေါ်မှ ကြိုတင်ပြီးလေ့လာစေနိုင်ရန် ဥပဒေ၊ နည်းဥပဒေ စာအုပ်(၁၇)မျိုးအား ပုံနှိပ်ထုတ်ဝေဖြန့်ချိလိုက်ကြောင်းသိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး၊ ပထမအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ၁၃၂၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်) တနင်္လာနေ့၌ စတင်ကျင်းပတော့မည်ဟု စစ်အစိုးရမှ ကြေငြာထားသည်။ အဆိုပါ ဥပဒေ၊ နည်းဥပဒေစာအုပ် (၁၇)မျိုးမှာ - နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥပဒေ၊ နေပြည်တော်ကောင်စီ ဥပဒေ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊ နိုင်ငံတော်အလံ ဥပဒေနှင့် နည်းဥပဒေ၊ နိုင်ငံတော်သီချင်း ဥပဒေနှင့် နည်းဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေ တို့ဖြစ်ကြောင်း သိရသည်။ စစ်အစိုးရမှ ကျင်းပပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း ပြည်တွင်းပြည်ပရှိအတိုက်အခံအဖွဲ့အစည်း အသီးသီးက ဝေဖေန်ပြောဆိုနေကြသည့်အပြင် ယခုလက်ရှိအချိန်တွင်လည်း ရွေးကောက်ပွဲအနိုင်ရ အချို့လွတ်တော်ကိုယ်စားလှယ်များမှာ ရွေးကောက်ပွဲမသာမှုစွပ်စွဲချက်များဖြင့် စစ်အုပ်စု၏လက်ကိုင်တုပ်လည်းဖြစ်သည့် ကြံဖွတ်ပါတီ၏ တရားစွဲဆိုမှုများကို ရင်ဆိုင်နေရဆဲလည်းဖြစ်သည်။

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်

Posted by Thit Car Nwe 3:46 AM, under , | No comments

စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ ( အသက် ၆၄ နှစ်) တွင် ကင်ဆာရောဂါဖြင့် ၁၀၊ ၁၊ ၂၀၁၀ ရက် ညနေတွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။ ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း'၊ 'ခုနစ်စဉ် အလွမ်း’ တို့ဖြင့် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု နှစ်ကြိမ် ရရှိ ခဲ့သူ ဖြစ်သည်။
ဆရာမောင်ဝဏ္ဏကို စာရေးဆရာ၊ ဒါရိုက်တာ သာဓု၊ ဒေါ်ခင်ညို တိုမှ ၁၉၄၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဆရာမောင်ဝဏ္ဏသည် ၁၉၇၆ ခုနှစ်တွင် ဒေါ်ချိုချိုရီနှင့် အိမ်ထောင်ပြုပြီး သားသမီး သုံးဦး ထွန်းကားခဲ့သည်။ ဆရာ၏ သက်တမ်းတစ်လျှောက်တွင် စာအုပ်ပေါင်းများစွာရေးသားခဲ့ခြင်းနှင့် ရုပ်ရှင်ကားကြီးမျာစွာကိုလည်း ရိုက်ကူးခဲ့ပြီး (၁၉၉၉) ခုနှစ်အတွင်းက “ရင်ထဲက ဆောင်းရာသီ” ဇာတ်ကားတွင်လည်း ရုပ်ရှင် သရုပ်ဆောင် လွင်မိုးကို အကယ်ဒမီ ရသည် အထိ အောင်မြင် စေခဲ့သည်။

ကလေးမြိ့ မီးသတင်း

Posted by Thit Car Nwe 2:53 AM, under | No comments

စစ်ကိုင်းတိုင်း ကလေးမြို့ပင်လုံရပ်ကွက် စိန်မေရီ အလက(၁) အရှေ့ဖက်တွင် ရှိသည့် မြတ်မေတ္တာမွန် စက်သုံးဆီ အရောင်းဆိုင်တွင် မနေ့ (၁၀-၁-၂၀၁၁) ညနေ (၄) နာရီ ခန့်အချိန်က မီးစတင် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဓာတ်ဆီဆိုင်အပါအ၀င် စတိုးဆိုင်တစ်ခု နှင့် လူနေအိမ်တစ်ခု မီးလောက်ပျက်စီး သွားခဲ့ကြောင်းသိရှိရပြီး ညနေ ၅ နာရီ ၂၀ မိနစ်ကျော်မှ မီငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sunday, January 9, 2011

မြန်မာနိုင်ငံသားများ စစ်မှုမထမ်းမနေရ ဥပဒေသတ်မှတ်

Posted by Thit Car Nwe 10:16 AM, under , | No comments

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အကြား အမျိုးသား အမျိုးသမီး အားလုံး စစ်မှု မထမ်းမနေရ ဥပဒေ မူကြမ်းတစ်ခု စစ်အစိုးရက ခှမှတ်ထားကြောင်း NHK ဂျပန်သတင်းဌာနက ကြေငြာလိုက်သည်။ အဆိုပါဥပဒေအရ အမျိုးသားများအတွက် အသက် ၁၈-နှစ်နှင့် ၄၅ နှစ်ကြား၊ အမျိုးသမီးများအတွက် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား ၂-နှစ်မှ ၃ သုံးနှစ်အထိစစ်မှုထမ်းဆောင်ရမည်ဖြစ်သည်။ ခြေလက်အင်္ဂါ မသန်စွမ်းသူများမှအပ အသက်ပြည့်မှီသူ အားလုံး မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ အာဏာပိုင်များထံ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားကြောင်းသိရသည်။ စာရင်း ပေးသွင်းရန် ပျက်ကွက်သူများနှင့် စစ်မှုထမ်း၇န်ပျက်ကွက်သူများကို ထောင်ဒဏ် ငါးနှစ်အထိ ကျခံရမည်ဟု ဆိုသည်။ အဆိုပါ စစ်မှုမထမ်းမနေရ ဥပဒေကို ထွက်ပေါ်လာခြင်းမှာ မကြာမီ ကျင်းပတော့မည့် လွှတ်တော်နှင့်လည်း တိုက်ဆိုင်နေတာကြောင့် အဆိုပါလွတ်တော်တွင် အတည်ပြု ပြဌာန်းသွားရန် တင်ပြဖွယ်ရှိကြောင်း သိရသည်။ (NHK)

Saturday, January 8, 2011

The wall street ဂျာနယ်တွင် ဖော်ပြထားသည့် 1887 နှင့် 1897 နှစ်များ ဆီက မြန်မာနိုင်ငံအတွင်း ဗြီတိန် ဆေးတပ်ဖွဲ့

Posted by Thit Car Nwe 3:43 AM, under | No comments

Thursday, January 6, 2011

မြန်မာကို တရုတ်၏ လွှမ်းမိုးမှု တစ်နေ့တစ်ခြား တိုးပွါးလာ

Posted by Thit Car Nwe 7:05 AM, under | No comments

မြန်မာ့နိုင်ငံတွင် နိုင်ငံေ၇းအကြပ်အတည်းများမည်မျှပင် ရင်ဆိုင် ကြုံတွေ့နေရသော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံ၏ နိုင်ငံရေး စီးပွါးရေးလွှမ်းမိုးမှုမှာ တစ်နေ့တစ်ခြားတိုးပွါးလျှက်ရှိသည်။ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂတွင်ဆွေးနွေးတိုင်း မြန်မာစစ်အစိုး၇ဖက်မှ ရပ်တည်လေ့ရှိပြီး နိုင်ငံတကာကို အာခံပြလေ့ရှိသည်။
ယခုလည်မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားပြီး ရင်းနှီးမြှုပ်နှံ နေသည့် တရုတ်ကုမ္ပဏီပေါင်း ၁၇၃- ခုရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၃၈ ရာခိုင်နှုန်း ကျော်တွင်ရှိနေသည်။ ပြီးခဲ့သည်၂၀၁၀ ခုနှစ်အတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၄၂၇ သန်းအထိ တိုးတက်လာခဲ့ပြီး ယခင်နှစ်များကထက် ၅၄ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် စက်မှုထုတ် ကုန်စည်ပြပွဲ(မြန်မာ) ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ Trade Development Bureau မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Jia Guo Yong က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၇၅ သန်း ရှိသည်ဟုသိရပြီး ယခင်နှစ်များကထက် ၃၁ ရာခိုင်နှုန်းကျော် တိုးလာခဲ့ကြောင်းနှင့် တရုတ် နိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၂၇၅၂ သန်း ရှိခဲ့ကြောင်းသိရသည်။

Wednesday, January 5, 2011

သီ၇ိလင်္ကာမှ မျက်ကြည်လွှာလှူဒါန်း

Posted by Thit Car Nwe 3:55 AM, under , | No comments

မြန်မာပြည်သို့ ၄-ရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံ ပြည်သူဆက်ဆံရေးနှင့် ပြည်သူရေးရာဝန်ကြီး Mervin Silva သည် လူမျက်ကြည်လွှာ နှစ်ခုကို မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့ကြောင်းသိရသည်။ အဆိုပါမျက်ကြည်လွှာကို မြန်မာဖက်မှ စစ်အစိုးကိုယ်စား မြန်မာအမျိုးသားကျန်းမာရေး ၀န်ကြီးဌာန ဒါရိုက်တာ အထွေထွေအတွင်းရေးမှုး ဒေါက်တာ ဦးဝင်းမြင့် က လက်ခံခဲ့သည်ဟု သိရသည်။ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတကာဆိုင်ရာ မျက်စိကုသပေးရေးဘဏ်သည် ကမ္ဘာပေါ်တွင် အခြား မျက်စိအစားထိုးကုသပေးသည့် အကြီးမားဆုံး ၅၇ နိုင်ငံစာရင်းထဲတွင်ပါဝင်သည်။ ယင်း မျက်ကြည်လွှာ လှူဒါန်းပွဲအခမ်းနားသို့ သီ၇ိလင်္ကာသံရုံးဝန်ထမ်း မိသားစုများလည်း တက်ေ၇ာက်ခဲ့ကြသည်ဟု သိရသည်။

Tuesday, January 4, 2011

သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ အကျဉ်းထောင်တွင်း သွားရောက် ပရိတ်ရွတ်

Posted by Thit Car Nwe 3:50 AM, under , | No comments

ဇန်န၀ါရီ ၄ - ရက် ယနေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ ၆၃-နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီး အကျဉ်းချခြင်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့မှ ဦးဆောင်ကာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဝေဒိကဒ အကျဉ်းထောင်အတွင်းသို့ သွားရောက်၍ မေတ္တသုတ်နှင့် မောရသုတ်တို့ကို ရွတ်ဖတ်ပြီး အကျဉ်းသား ၆၀၀ -ကျော်အတွက် ဆေးနှင့် အခြား စားသောက်ဖွယ်ရာပစ္စည်းများကို လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
ယင်းအခမ်းအနားသို့ ကိုယ်တိုင်ပါဝင်ခဲ့သည့် သံဃာတော်တပါး၏ ပြောပြချက်အရ မြန်မာကျောင်းသား ရဟန်းတော်များဦးဆောင်လာသည့် သံဃာတော် ၂၅ ပါးတို့ အကျဉ်းထောင် ပရိဝုဏ်အတွင်းရောက်ရှိချိန်တွင် သီရိလင်္ကလာနိုင်ငံ၏ ရိုးရာဓလေ့အတိုင်း အတီးအမှုတ်များဖြင့် ကြိုဆို၍ ပရိတ်ရွတ်ရာ ထောင်တွင်း ဓမ္မာရုံသို့ ပင့်ဆောင်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါအခမ်းအနားသို့ အကျဉ်းထောင်အရာကြီးများ ရဲဝန်ထမ်းများ တက်ရောက်၍ ပရိတ်တရားတော်များကို နာယူခဲ့ကြကြောင်းကိုလည်း အဆိုပါ သံဃာတော်က မိန့်ကြားတောမူသွားခဲ့သည်။
ပရိတ်ရွတ်အခမ်းအနားအပြီးတွင် သံဃာတော်များမှ အကျဉ်းသား တစ်ဦးချင်းစီကို ပရိတ်ချည်များနှင့် အခြားစားသောက်ဖွယ်ရာ များကို ဝေငှလှူဒါန်းခဲ့ကြသည်ဟု သိရသည်။

Monday, January 3, 2011

အထူးသတင်း

Posted by Thit Car Nwe 9:39 AM, under | No comments

မနက်ဖြန် ဇန်န၀ါရီ ၄ - ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ ၆၃-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ဖြင့်လည်းကောင်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေရေးအတွက်လည်းကောင်း ရည်ရွယ်ပြီး သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့မှ ဦးစီးကာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဝေဒိကဒ အကျဉ်းထောင်အတွင်းသို့ သွားရောက်၍ မေတ္တာသုတ်နှင့် မောရသုတ်တို့ကို ရွတ်ဖတ်ပြီး အကျဉ်းသား ၆၀၀ -ကျော်အတွက် ဆေးနှင့် အခြား စားသောက်ဖွယ်ရာပစ္စည်းများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Tags

Labels

Blog Archive

Sponsors

Blog Archive

Recent Posts


ShoutMix chat widget