Warmly welcome to သစ္စာနွယ်ဘလော့ခ်

Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည် သားငယ်အား လေဆိပ်တွင်ကြိုဆို

Posted by Thit Car Nwe 8:17 AM, under | No comments

23.11.2010

Thursday, November 18, 2010

မြန်မာရွေးကောက်ပွဲကို ဖိလစ်ပိုင်ကန့်ကွက်

Posted by Thit Car Nwe 9:08 AM, under | No comments

18.11.2010
မကြာခင်ကမှ ကျင်းပပြီးစီးသွားခဲ့သည့် မြန်မာပြည်က စစ်အစိုးရရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းပြသည့်အနေဖြင် ဖိလစ်ပိုင်နိုင်ငံ မနီလာရှိ နအဖ စစ်သံရုံးရှေ့သို့ မြန်မာအရေးလှုပ်ရှားသူများက ချီတက်ဆန္ဒပြခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အကျယ်ချုပ်မှလွတ်မြောက်လာသည့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း ချီးကြူးဂုဏ်ပြုသွားခဲ့ကြသည်။ မြန်မာနိုင်ငံမှာ အဓိကပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးလိုက်ရုံမျှဖြင့်မလုံလောက်ကြောင်း အတိုက်အခံနှင့် အဏာပိုင်တို့ကြား စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် မြန်မာနိုင်ငံရေးပြဿနာများကို အဖြေရှာရန်ကိုလည်း တိုက်တွန်းတောင်းဆိုသွားခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံသည် မြန်မာအပါအ၀င် အာဆီယံဆယ်နိုင်ငံအသင်းတွင် အဖွဲ့ဝင်တစ်နိုင်ငံအဖြစ်ပါဝင်နေပြီး မြန်မာအရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားပေးနေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။
ယခုနောက်ဆုံး ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ရှိ နေရာပေါင်း ၁၁၅၄ နေရာတွင် ကြံ့ဖွံ့ပါတီက ၈၈၃ နေရာ အနိုင်ရပြီး ရာခိုင်နှုန်း အားဖြင့် ၇၆.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တစည ပါတီက ၆၃ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၅၇ နေရာ၊ ရခိုင် တိုင်းရင်း သား များ တိုးတက်ရေး ပါတီက ၃၅ နေရာ၊ NDF နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ၁၆ နေရာစီ အနိုင်ရရှိ ကြောင်း တရုတ် People Daily အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

Sunday, November 14, 2010

မတူညီတဲ့ မျဉ်းပြိုင်နှစ်ခု

Posted by Thit Car Nwe 10:59 AM, under | No comments

14.11.2010
ဒီတစ်လအတွင်း တွေ့မြင် ကြားသိလိုက်ကြရတဲ့ မတူညီတဲ့ မျဉ်းပြိုင်နှစ်ခုကတော့ နိုဝင်ဘာ ၇-ရက်နေ့ ရွေးကောက်ပွဲမတိုင်မှီ ကာလများဆီက ပါတီအသီးသီးရဲ့ မဲဆွယ်မှုတွေအတွင်းက ပြည်သူလူထု တက်ရောက်နားထောင်ကြသူများနဲ့ နိုဝင်ဘာ ၁၃-ရက်နေ့က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်အစိုးရမှ မတရား အကောက်ကြံပြီး မတရားတဲ့ ဥပဒေတွေနဲ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အချိန် သူမကို လာရောက်နှုတ်ဆက်ကြတဲ့ ပြည်သူလူထုကြီးရဲ့မြင်ကွင်း နောက်တစ်နေ့ NLD အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို လာရောက်နောထောင်ကြသူ လူအုပ်ကြီး ဒီနှစ်ခု ခြားနားချက်ပါပဲ။
စစ်အုပ်စုက ပါတီထောင်ပြီး ဖွဲ့စည်းထားတဲ့ ကြံဖွတ်ပါတီရဲ့ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလအတွင်း ပြည်သူတွေကို သူတို့ရဲ့ ဟောပြောစည်းရုံးရေး လာရောက်နားမထောင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု သူတို့ပါတီကို မဲပေးရင် ဘာပေးမယ် စတဲ့ ချော့လုံးတွေက တစ်ဖုံ နည်းမျိုးစုံသုံးပြီး မဲဆွယ်ခဲ့ပေမယ့် တက်ရောက်လာတဲ့ ပရိသတ်ဟာ လက်ဆယ်ခြောင်း ရေတွက်လို့ ဆယ်ကြိမ်မကျော်နိုင်ပါဘူး။
ကိုင်း အခုတော့ ခြိမ်းခြောက်မှုလည်းကင်း ကိုယ်သောက်ဖို့ ကိုယ့်ရေဗူးလေးတွေကိုတိုင် ကိုယ်စီသယ်ဆောင်လာခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို လာရောက်နားထောင်ကြတဲ့ ပရိသတ်ကြီးကတော့ အံ့မခန်းတဲ့လူပင်လည်ကြီးပါပဲ။ မတူညီတဲ့ ဖြစ်စဉ်နှစ်ခုရဲ့ နောက်ကွယ်က အဓိကလက်သည်တရားခံကတော့ အရာရာကို မတရားတဲ့အမိန့်တွေနဲ့ ဖိအားပေးတတ်တဲ့ သဘောတရားနဲ့ လူအများရဲ့မေတ္တာကို ကိုယ်ချင်းစာနာမှုတရားအခြေခံတဲ့ စဉ်ကြယ်တဲ့ နှလုံးသား အခြေခံတို့ရဲ့ မတူညီတဲ့ အကြိုးရလာဒ်တွေပဲဖြစ်ပါတယ်။ တစ်ဦးပေါ်တစ်ဦးအပေါ်မှာထားရှိတဲ့ ကိုယ်ချင်းစာတရား မေတ္တာတရား တွေဆိုတာဟာ တစ်ဖက်လူရဲ့ မေတ္တာနဲ့တုံ့ပြန်လာမှု မိမိရဲ့ အမိန့်ကို နာခံမှုတို့ကို ဖိတ်ခေါ်နေသလိုဖြစ်စေပြီး ။ အတင်းအဓမ္မ ဖိအားပေးမှုတွေ မတရားဖိနှိပ် အနိုင်ကျင့်မှုတွေကတော့ တစ်ဖက်လူကို မကျေနပ်မှုတွေ ခုခံတော်လှန်မှုတွေဖြစ်ပေါ်လာအောင် နှိုးဆွပေးသလိုသာ ဖြစ်စေပါတယ်။

Saturday, November 13, 2010

အမေ...

Posted by Thit Car Nwe 9:14 AM, under , | No comments

13.11.2010

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...

ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ

အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။

(ကမ္ဘာစိုးမင်း)

ဒေါ်စုလွတ်ပြီ

Posted by Thit Car Nwe 3:17 AM, under | No comments

Thursday, November 11, 2010

ဒေါ်အောင်ဆန်းစုကြည် သားငယ် ပြည်ဝင်ခွင့်ပြု

Posted by Thit Car Nwe 2:59 AM, under | No comments

11.11.2010
ဆယ်စုနှစ်တစ်ခုအတွင်း ပဌမဆုံးအကြိမ် မိခင်ဖြစ်သူနှင့်တွေ့ရန် ဘန်ကောက်မြို့တွင် ရောက်ရှိနေသည် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim Aris ကို မြန်မာပြည်တွင်း ပြည်ဝင်ခွင့် ဗီဇာ ရရှိပြီဖြစ်ကြောင်းသိရသည်။ ဗြိတိန်နိုင်ငံတွင် နေထိုင်နေသည့် အသက် ၃၃ နှစ်ရှိ Kim Aris ကို မြန်မာစစ်အစိုးရက နှစ်ပေါင်းများစွာ ပြည်ဝင်ခွင့် ဗီဇာငြင်းပယ်ထားခဲ့သည်။ ယခုတစ်ကြိမ် တွင် စစ်အစိုးရမှ ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးလိုက်တာကြောင့် နှစ်ပေါင်းဆယ်နှစ်အတွင်း မိခင်ဖြစ်သူနဲ့ ပဌမဆုံးအကြိမ်တွေ့ဆုံခွင့်ရတော့မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ တရားရုံးချုပ်ပယ်

Posted by Thit Car Nwe 2:32 AM, under | No comments

11.11.2010
ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျခံနေရသည့် နေအိမ်အကျယ်ချုပ် အယူခံလွှာကို နေပြည်တော် တရားရုံးချုပ်မှ ပယ်ချလိုက်ကြောင်း သိရသည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံလွှာကို နေပြည်တော်ရှိ တရားရုံးချုပ်မှ အောက်တိုဘာ ၂၉ ရက်နေ့တွင် လက်ခံ ကြားနာ စစ်ဆေးခဲ့ပြီး ယနေ့တွင် အဆိုပါအယူခံလွှာကို ပယ်ချလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုကြီးအပြီးကတည်းမှ နေအိမ်အကျယ်ချုပ်ဖြင့် ၆ နှစ်ကြာ ထိန်းသိမ်းထားခဲ့ပြီး အဆိုပါ နေအိမ်အချုပ်ပြည့်ခါနီးတွင် သူမ၏ နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်ခဲ့ရာမှ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ၂၀၀၉ ခုနှစ် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသည်။ သိုသော်လည်း ၄င်းအမိန့်ချသည့်နေတွင်ပင် ဗိုလ်ချုပ်မှူးကြီး၏အမိန့်ဟုဆိုကာ နေအိမ်အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

လာမည့် နိုဝင်ဘာ ၁၃ ရက် စနေနေ့သည် သူမ၏ နေအိမ်အကျယ်ချုပသက်တမ်း ၁၈ လ ပြည့်ပြီဖြစ်ပြီး ပြန်လည် လွတ်မြောက်ရမည့် ရက်ဖြစ်သည်။ လေ့လာသုံးသပ်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ရက်အတွင်း ပြန်လည်လွှတ်ပေးဖွယ်ရှိတာကြောင့် စစ်အစိုးရက မိမိတို့မူလက သတ်မှတ်ထားသည့် ဥပဒေအတိုင်း နောက်ဆုံးအချိန်ထိ အမှန်အဖြစ် ဆုပ်ကိုင်ထားတာဖြစ်နိုင်ကြောင်းပြောဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကတော့ အဆိုပါအကျယ်ချုပ်ဥပဒေမှာ တရားဥပဒေနဲ့မညီညွတ်ကြောင်း ကြိမ်ဖန်များစွာပြောဆိုခဲ့ပြီးဖြစ်သည်။

Thursday, November 4, 2010

ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း

Posted by Thit Car Nwe 10:22 PM, under | No comments

ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း၊ ကိုယ့်ကိုယ်ကို မှီခိုအားထားခြင်း

(ဤဆောင်းပါးသည် Guardian မှ Self- Confidence and Self-Reliance ဆိုတဲ့ ဆောင်းပါးကို အခြေခံပြီးစီလျှော်သလိုဘာသာပြန်ထားခြင်းဖြစ်သည်။ အကယ်၍ ရေးသားချက်များ ပြေပြစ်မှုမရှိပါက ကျွန်တော်ရဲ့
ညံ့ဖျင်းမှုသာဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသိသည်။)

ကိုယ့်ကိုယ်ကိုယုံကြည်ခြင်းသည် ဘဝမှာအင်မတန်အရေးပါပြီး ဘဝရဲ့ပျော်ရွင်မှု၊ အောင်မြင်မှုအတွက်ပါ သော့ချက်ဆိုရင် မှားနိုင်မည်မထင်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ရင် အကောင်းဆုံးအရာတွေကိုမဆောင်ရွက်နိုင်တော့သလို ဆုံးရှုံး မှုများကိုပါရင်ဆိုင်ရနိုင်သည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့အချိန်သည်မိမိရဲ့ခွန်အား၊ အကောင်းမြင်ဝါဒ၊ ဘဝတစ်ခု လုံးရဲ့စွမ်းရည်ပါ ပျောက်ဆုံး သွားနိုင်သလို ကျရှုံးမှာကိုကြောက်ရွံ့နေခြင်းသည်လည်းကိုယ့်ကိုယုံကြည်မှု မတည်ဆောက်
နိုင်ခြင်း သည်လည်းကိုယ့်ကိုယုံကြည်မှုမတည်ဆောက်နိုင်ရခြင်း၏အကြောင်းရင်းတစ်ခုဖြစ်သည်။ တစ်ခါတလေ
”ငါလုပ်တာတွေ မှားခဲ့ရင်လူတွေ ငါ့ကိုဘယ်လိုထင်ကြမလဲ” ဆိုပြီးတွေးတော ပူပင်နေတတ်ကြပါသည်။ ဒါလဲ ကိုယ့်ကိုယ်ကိုအထင်သေး မှာကို ကြောက်ခြင်းသည် အလုပ်တသ်ခုကိုဆက်လုပ်နိုင်ဖို့ မဖြစ်နိုင်တော့တဲအခြေအနေ
ထိဆိုက်ရောက်နိုင်သည်။

ဒီလိုအတွေးအခေါ်များကိုလုံးဝမထားသင့်တဲ့အတွေးအခေါ်မျိုးဖြစ်ပြီးတစ်ခါတစ်လေကြိုးစား သော်
လည်းရှုံးနိမ့်ခြင်း၊ မအောင်မြင်ခြင်းတွေနဲ့သာဖြစ်စေတတ်သည်။ ဒါလည်းလူသားတိုင်း ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေပဲ မဟုတ်လား။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ သူများကို ထပ်မံခွဲခြားလိုက်မယ်ဆိုရင်နှစ်မျိုးနှစ်စားတွေ့နိုင်ပါသည်-
(၁) သာမန်ကိုယ့်ကိုယုံကြည်မှုမရှိခြင်း
(၂) လုံးဝကိုယ့်ကိုယုံကြည်မှုမရှိခြင်း သာမန်ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းသည် နက်ဂတစ်အသွင် ဆောင်ခြင်းနဲ့အတူ မကောင်းတဲ့ရလာဒ် တွေချည်းဖြစ်ပေါ်စေသလို အနာဂါတ်တိုးတက်ဖို့အတွက် ကြောက်ရွံခြင်း၊ စိုးထိတ်ခြင်းနဲ့ အတူ ဘာမှလုပ်ဆောင်နိုင်စွမ်းမရှိတော့ပါ။ လုံးဝကိုယ့်ကိုယ်ကိုယုံကြည် မှုမရှိခြင်းသည်သာမန်ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာ
ထက် ပိုးဆိုးတာပေါ့။ ဥပမာ- ဒေါက်တာတစ် ယောက်ဗျာ…ဆေးရုံမှာ ကျွမ်းကျွမ်းကျင်ကျင်စနစ်တကျ လူနာတွေ ကိုခွဲစိပ်ကုသပေးနိုင်တယ်။ ဒါပေမဲ့အဲဒီဒေါက်တာဟာ လမ်းမကြီးတစ်ခုပေါ်မှာ ရုတ်တရက်အက်စီဒင့်ဖြစ်ပြီးကုသမှုတာဝန် တစ်ခုကိုယူရမယ့်အချိန်တွင် သူဘာလုပ်ဘာကိုင်ရမှန်းမသိ၊ နောက်ပြီးသူသွက်သွက်လက်လက် မလုပ်ဆောင်နိုင်ခဲ့ရင် ဒါသူ့ကိုသူကိုယ်သူယုံကြည်မှု အားနည်းတာဖြစ်တယ်။ သူ့ကိုယ်သူယုံကြည်မှု မရှိတဲ့အတွက်ကြောင့်လည်းစနစ်တကျ ကုသမှုအလုပ်ကို မလုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။ ကိုယ့် ကိုယ်ကိုယုံကြည်မှုဆိုတာ ဒေါက်တာအားလုံးခွဲစိပ်မှုလုပ်ငန်း တွင်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိပုံရဲ့ အခြားသောဥပမာတစ်ခုကတော့-
ပွဲတော်ကျင်းပရာ အခန်းအနားမှာပဲဖြစ်ဖြစ်အစည်းအဝေးပွဲမှာဖြစ်ဖြစ် စကားတက်ပြောရမည့် ပုဂ္ဂိုလ်တစ်ယောက်ဟာ
မိမိကိုယ်ကို ယုံကြည်မှုအားနည်းမယ်ဆိုရင် ယုံကြည်မှုမရှိခြင်းကြောင့် ပွဲမဝင်ခင်ပြောရမည့်အကြောင်းတွေကို တွေးရင်း စိတ်ပူပန်မှုတွေ ဖြစ်နေမှာအမှန်ပါပဲ။ စကားပြော နေတဲ့အချိန်မှာလည်းစိုးရိမ်ခြင်းကြောင့်မြန်မြန်ပြီးအောင်သူ့စိတ်ထဲမှာ ကျိတ်ပြီးအားထုတ်နေမှာသေချာတယ်။ဒါတွေဟာတကယ်တော့ကိုယ့်ကိုယုံကြည်မှုရှိအောင်တည်ဆောက်ရမည်။

ပရိတ်သတ်ရဲ့အလယ် မှာသွက်သွက်လက်လက် ရဲရဲရင့်ရင့်နဲ့ စကားပြောနိုင်ရန် မိမိကိုယ်ကို ယုံကြည်မှုရှိကိုရှိရမည်။ မိမိရဲ့ စိတ်ဓာတ်တွေသည် ပြင်းပြင်းပြပြ ယုံကြည်မှု ရှိနေသမျှကာလပတ်လုံး ဘာအခက်အခဲရှိနေစေကာမူ လွယ်ကူစွာဖြင့်
ဖြေရှင်းနိုင်မှာ သေချာသည်။ တစ်ချို့လူတွေဟာ အရေးမပါတဲ့ အရာဝတ္ထုတစ်ခုကို အရေးတယူတွေးတောနေတတ်ကြပါ
တယ်။ တွေးလွန်းတဲ့အတွက်ကြောင့် သူကိုယ်သူတောင်ဘာ လုပ်ရမည်ဆိုတာကို နားမလည်နိုင်တော့။ နောက်တစ်ခုက အခြားသူများကို အလွန်အကျွံအားမကိုးမိဖို့ အရေးကြီးပါသည်။ သူတစ်ပါးကိုအလွန်အကျွံအားကိုမိရင် မိမိဘဝပါ နစ်နာသွားနိုင်ပါသည်။ အကြောင်းကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိမနေလို့ပါပဲ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင် အရင်ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါမှ ကိုယ့်ကိုယ်ကိုအားထားမှီခိုနိုင်
မှာဖြစ်ပါသည်။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုအားထားမှီခိုနိုင်ခြင်းသည်ကိုယ့်ကိုယ်ကိုယုံကြည်မှုရဲ့ အကျိုးရလာဒ်ပင်ဖြစ်သည်။ သူတစ်ပါးကိုသာ မှီခိုအားထားတဲ့စိတ်မျိုး လုံးဝမထားသင့်ပါ။ ဆင်းရဲချမ်းသာခြင်းသည် ပဓာနမဟုတ်ပါ၊ ကိုယ့်အနာ
ဂါတ်ကို တောက်ပနိုင်ဖို့ ကြိုတင်စီမံဖို့သာအရေးကြီးပါသည်။

လူသားဖြစ်လာရင်ပြဿနာဆိုတာရှိမှာပဲမည်သည့်ပြဿနာမဆိုသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ မှားတဲ့လမ်းကြောင်း
ကိုသာ ဦးတည်စေပါသည်။ အဲဒီထဲမှာ အတ္တမာနကြောင့်စိုးရိမ်မှု၊ ကြောင့်ကြမှု၊ ပူပန်မှု၊ သောက၊ ဗျာပါဒ စတာတွေ ရင်ဆိုင်ခံစားလာရတတ်တယ်။ ဒါဆိုကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိတဲ့သေးငယ်တဲ့ပြဿနာတွေလို အရင်ဖြေရှင်းဖို့
အရေးကြီးပါသည်။ အခုခေတ်အချို့လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုကြည်မှု အားနည်းခြင်းကြောင့်အောင်မြင်မှု ပန်းတိုင်နဲ့ဝေးခဲ့ရပါသည်။

မိမိကိုယ်ကိုယုံကြည်မှုရှိနေသမျှကာလပတ်လုံးအောင်မြင်မှုဆိုတဲ့ပန်းတိုင်ကိုရရှိနိုင်မှာဖြစ်ပါသည်။ သင့်ယုံကြည်မှုတွေရှင်သန်နေသေးသရွေ့ဘဝမှာပြုလုပ်ခဲ့သောအရာအားလုံး သင့်ရဲ့မျှော်လင့်ချက် တွေဟာလည်းရှင်သန်
နေမှာဖြစ်သည်။ ကိုယ့်ရဲ့ယုံကြည်ချက်တွေကို အခြေခံထားပြီးငါ့တို့ရဲ့ မျှော်လင့်ချက်တွေကို ဝီရိယဖြင့် အကောင်ထည်ဖေါ် ပေးရမှာဖြစ်သည်။ဘ၀မှာအသက်ရှင်နေ ထိုင်ရင်းနဲ့ တောက်ပတဲ့ အနာဂတ်အခြေခံကောင်းများကို တည်ဆောက်
ရမည်။ “ဒီနေ့သည်ပြီးခဲ့ တဲ့နေ့က ရလာဒ်ဖြစ်သလို၊မနက်ဖြန်ရဲ့အကြောင်းတရားဖြစ်လာမှာသေချာသည်။”

ဒီနေ့ဒီအချိန်သည် ငါတို့ရဲ့ငုပ်လျှိုးနေသောအရည်အသွေးများကို ဖေါ်ထုတ်ရမည့်အချိန်ကောင်းဖြစ်ပေသည်။ ငါတို့ရဲ့
အတွေးအခေါ် စိတ်ဆန္ဒများအကောင်ထည်ဖေါ်ရမည့် အချိန်လည်းဖြစ်သည်။ သင်သည်ဘာမှမလုပ်ဆောင်ဘဲတွေး
တော တွေဝေမှုနဲ့သာ အချိန်ကုန်ခဲ့မည်ဆိုရင် သင့်ဘဝမှာ ဘာမှပြီးစီးအောင်မြင်မှု ရှိနိုင်တော့မည်မဟုတ်ပါ။

ငါတို့သည်ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုမှီခိုအားထားမှုများကို အခြေခံထားကာအပတ်တကုတ် ကြိုးစား အားထုတ်နိုင်မှသာအောင်မြင်သင့်၊ ပြီးစီးသင့်တဲ့ကိစ္စများ ပြီးဆုံးအောင်မြင်နိုင်မှာဖြစ်ကြောင်း စေတနာကောင်းဖြင့် ရေးသားလိုက်ရပါသည်။

စောလင်းနက်စ်

ရယူခြင်းသည် ပေးစပ်ဖို့အတွက်

Posted by Thit Car Nwe 8:55 PM, under | No comments

ရယူခြင်းသည် ပေးစပ်ဖို့အတွက် (For it is giving that we receive)


ရယူခြင်းသည် ပေးစပ်ဖို့-ဆိုတဲ့ အကြောင်းအရာတစ်ခုကို ဦးတည်ပြီး ပို့စ်ကိုတင်ရခြင်းသည် ကျွန်တော် အပါအ၀င် `မိမိရယူထားတဲ့ အရာဝတ္ထမှန်သမျှ` အခြားသူတစ်ပါးကို ပြန်လည်ပေးစပ်နိုင်ဖို့၊ ပရဟိတ လို့ခေါ်လူသိများတဲ့ အများသူငါအကျိုးတွေကို သယ်ပိုးဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။

ရယူခြင်းသည် ပေးစပ်ဖို့-ဆိုတဲ့ စကားပုံသည် -အင်္ဂလိပ်စာမူရင်းမှ ကျွန်တော် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

ညီ၊ အကိုနှစ်ယောက်

ဟိုရှေးတုန်းက အကိုကြီးနဲ့ ညီငယ်နှစ်ယောက်လုံး မိသားစုပိုင်တဲ့လယ်ယာမြေတစ်ခုတည်းမှာအတူတကွ
လုပ်ကိုင်ကြပါတယ်။ အကိုကြီးက အိမ်ထောင်သည်ဖြစ်ပြီး မိသားစုနဲ့အတူနေထိုင်ကြပါတယ်။ အခြားညီငယ်
တစ်ယောက်က လူပျိုလူလွတ်ဖြစ်ပြီး လယ်ယာလုပ်ငန်းတစ်နှစ်တာပြီးဆုံးတဲ့အချိန်တွင် ညီ၊ အကိုနှစ်ယောက် ရရှိလာတဲ့အလယ်ယာအကျိုးအမြတ်တွေကိုဝေငှကြပါတယ်။

တစ်နေ့သောအခါမှာ ညီငယ်က သူ့ကိုယ်သူ စဉ်းစားပြီး ဒီလယ်ယာအကျိုးအမြတ်တွေကို အချင်းချင်း ဝေငှတာ မသင့်တော်လောက်ဘူးလို့ ထင်တယ်။ ငါသည် တကိုယ်တကာယသမားပဲ ဘာအထူးအထွေမှလည်းမလိုအပ်
ဘူး။ ဒါနဲ့ပဲ ညစဉ်ညတိုင်း သူရဲ့စပါးကြီမှ စပါးတစ်အိပ်ကိုယူပြီး သူရဲ့အကိုကြီး စပါးကြီထဲကို သွားထည့်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အကိုကြီးကလည်း သူ့ကိုယ်သူစဉ်းစားပြီ ပြောဆိုမိပါတယ်။ဒီလယ်ယာအကျိုးအမြတ်တွေကို
အချင်းချင်း ဝေငှတာ မသင့်တော်လောက်ဘူးလို့ သူညီနည်းတူ စဉ်းစားခဲ့ပါတယ်။ ကျွန်တော်ဟာ အိမ်ထောင်
သည်ပဲ နောက်ပြီး လာမည့်နှစ်များအတွင်း ကျွန်တော်ကိုစောင့်ရှောက်ဖို့ ကျွန်တော်ဇနီး၊ခလေးတွေ လည်းရှိ တယ်။

ငါ့ညီကတော့ ဘယ်သူမှ သူ့ကိုစောင့်ရှောက်မည့်သူမရှိ၊ သူရဲ့အနာဂါတ်အတွက်လည်း ကြည့်ရှုမည့်သူမရှိ။ ဒါနဲ့ပဲ
အကိုကြီးဖြစ်သူက ညတိုင်း သူရဲ့စပါးကြီးမှ စပါးတစ်အိပ်ကိုယူပြီး သူညီရဲ့စပါးကြီးထဲသို့ သွားထည့်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ နှစ်အတော်ကြာ သူတို့နှစ်ယောက်စလုံး ပဟေဠိဖြစ်ခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့လုပ် ဆောင်ချက်တွေကို တစ်ယောက်တစ်ယောက်မသိကြလို့ပါပဲ။ အချိန်တွေကြာညောင်းလာတာနဲ့အတူ အမှောင်ထုကြီးမှားသော ညတစ်ညမှာ ညီ၊ကိုနှစ်ယောက်စလုံး အချင်းအချင်းတိုက်မိုက်ကြပြီးမှ ဒီအဖြစ်
အပျက်တွေကိုသိခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို သိခဲ့ပြီးတဲ့နောက် သူတို့ရဲ့လုပ်ဆောင်ချက်ကို ၀မ်းသာ
ကြည်နူးခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကြပါတော့တယ် ။ ။

ကဲ…ဒို့တစ်ထွေလည်း အဲဒီညီ၊အကိုနည်းတူ စိတ်ထားတတ်၊ လုပ်ဆောင်တတ်မယ်ဆိုရင်…ရယူခြင်းသည် ပေးစပ်ဖို့ပဲ
မဟုတ်လား……

Saw Linux

Window CD/DVD များ USB သို့ထည့်နည်း

Posted by Thit Car Nwe 7:50 PM, under | No comments

ကျနော်ရေးပြမှာက Window CD/DVDများကို USB သို့ထည့်နည်းလေးပါပဲ။ တစ်ချို့ကွန်ပျူတာများ CD Rom
ပျက်ဆီးသွားပြီးတာဖြစ်ဖြစ်၊ CD Rom ကနေ ၀င်းဒိုးမထည့်သွင်းပဲ၊ USB Port ကနေ ၀င်းဒိုးထည့်သွင်းချင်
တဲ့ ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါတယ်။ Notebook မဟုတ်တဲ့ Netbook လက်တော့ပ်ကွန်ပျူတာများအ
တွက် အတော်ကိုအဆင်ပြေပါတယ်။

လုပ်နည်းကလဲအမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ cmd မှာ diskpart (command line) ကိုအသုံး
ပြုပြီး Window CD/DVD များ USB သို့ထည့်တဲ့နည်းကတော့ အကြိုက်ဆုံးပါပဲ။ ဆော့ဝဲလ်တွေနဲ့ဆိုအလုပ်
တောင်ရှုပ်သေးတယ်။ cmd နဲ့ဆို ဘာမှမလိုတော့ဘူး။ cmd ဆိုပြီးခက်တယ်လို့ထင်နေကြတာ။ စမ်းကြည့်ပါ။

ကဲ...စကြရအောင်...

အရင်ဆုံး မိမိဝင်းဒိုး CD/DVD ထည့်မယ့် USB ကို ကွန်ပျူတာ usb port သို့ထိုးထည့်လိုက်ပါ။

ပြီးတော့ ထုံးစံအတိုင်း...Start > Menu> Run ပေါ့ဗျာ။ ဒါမှမဟုတ် Window + R တွဲနှိပ်

Run ဘောက်စ်ပေါ်လာရင် cmd ရိုက်ထည့် Enter ခေါက်

အောက်ပါ command line များအစဉ်အတိုင်းရိုက်ထည့်ပါ.....

diskpart Enter ခေါက်(ခဏစောင့်ပါ)
list disk Enter ခေါက်
select disk 2 Enter ခေါက်(2 ဆိုတာ မိမိ usb နံပါတ်ကိုရိုက်ထည့်ပါ)
clean Enter ခေါက်
create partition primary Enter ခေါက်
select partition 1 Enter ခေါက်
active Enter ခေါက်
format fs=fat32 quick Enter ခေါက်(100% complete ထိစောင့်ပါ)
assign Enter ခေါက်
exit ( exit ရိုက်ထည့်ပြီး enter ခေါက်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။ cmd.exe ကို မပိတ်လိုက်နဲ့)

ထိုနောက် ၀င်းဒိုး CD/ DVD များကို ကွန်ပျူတာ CD Rom သို့ထည့်။ ပြီးတော့ CD Rom letter နဲ့ USB
ူletter တို့ကို မှတ်ထားပါ။

ပြီးလျှင် cmd သို့ပြန်ဝင်။ အောက်ပါ command line ကို ဂရုတစိုက်ရိုက်ထည့်ပါ...

xcopy F:\*.* /s/e/f G:\ (F: ဆိုတာ CD Rom letter J: ဆိုတာ usb letter တို့ကိုမှန်
အောင်ရိုက်ထည့်ပါ) Enter ခေါက်။

ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတာတွေ့ရပါလိမ့်မယ်။
Copied ဆိုတဲ့ စာချောင်းပြီးသွားတာနဲ့ ၀င်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတဲ့ကိစ္စပြီးဆုံးသွားပါပြီး
ခင်ဗျား။ ဒါဆို USB ကို ကွန်ပျူတာသို့ထိုးသွင်းပြီး ၀င်းဒိုးတင်လို့ရပါပြီးခင်ဗျား။

အားလုံးအဆင်ပြေပါစေ....

စောလင်းနက်စ်

Thit Car Nwe

Posted by Thit Car Nwe 7:34 PM, under | No comments

This is Thit Car Nwe blog