Warmly welcome to သစ္စာနွယ်ဘလော့ခ်

Thursday, December 30, 2010

တနင်္လာဂြိုဟ်လမင်းနှင့် ဖုသျှနက္ခတ် စန်းယှဉ်ဖြတ်သန်းမှုကြောင့် မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်သည့် အချင်းအရာများ

Posted by Thit Car Nwe 10:55 PM, under , | No comments

ယခုလာမည့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် ၃ နာရီ ၅၂ မိနစ် အချိန်တွင် နက္ခတ်လပြည့်မှုတစ်ကြိမ် ထပ်မံဖြစ်ပေါ်ဦးမည် ဖြစ်ပြီး ဖုသျှနက္ခတ်နှင့် တနင်္လာဂြိုဟ် (လမင်း) စန်းယှဉ်ပူးတွဲမည် ဖြစ်ပြီး တနင်္လာဂြိုဟ်သည် ကရကဋ်ရာသီ၊ တနင်္ဂနွေဂြိုဟ်မင်းသည် မကာရရာသီတွင် ရပ်တည်ကြမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ရွှေထုတ်လုပ်ရေး လုပ်ငန်းများတွင် ရွှေအထွက် အထူးတိုးလာနိုင်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့က ဆိုသည်။

အမှန်တကယ် ပြက္ခဒိန် အလိုအရ ၂၀၁၁ ဇန်န၀ါရီလ ၁၉ ရက်နေ့သည် ဝေါဟာရလပြည့်နေ့ဖြစ်သော်လည်း နောက်တစ်နေ့ ကူးသော ၂၀ ရက်နေ့ မနက် ၃ နာရီ ၅၂ မိနစ်မှ နက္ခတ်လပြည့်ခြင်း ဖြစ်ပေါ်မည် ဖြစ်သည်။ ထိုရက်၌ လမင်းသည် မြန်မာနိုင်ငံအတွင်း ထပ်မံ၍ ၁၉ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်မှ ၂၀ ရက်နေ့ မနက် ၀၀ နာရီ ၁၀ မိနစ်အတွင်း ဖြတ်သန်းသွားဦးမည် ဖြစ်သည်။

ထိုသို့ ဖြတ်သန်းရာတွင် ည ၁၁ နာရီ ၅၅ မိနစ်တွင် ထိုင်းနိုင်ငံနှင့် ကရင်ပြည်နယ် နယ်စပ်၊ ၁၂ နာရီ တိတိတွင် ကျိုက်ထီးရိုးဘုရား ရင်ပြင်၊ မနက် ၀၀ နာရီ ၀၂ မိနစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မိုးယွန်းကြီးအင်း၊ ၀၀ နာရီ ၀၅ မိနစ်တွင် သာယာဝတီမြို့၊ ၀၇ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတမြို့၊ ၀၉ မိနစ်တွင် ရခိုင်ပြည်နယ် ဂွမြို့ တို့ အပေါ်မှနေ၍ အသီးသီး ဖြတ်သန်းသွားမည်ဟု ကြားသိရသည်။

ယခု ဖြတ်သန်းမှုတွင် တနင်္လာဂြိုဟ်လမင်းနှင့် ဖုသျှနက္ခတ် စန်းယှဉ်ဖြတ်သန်းမှုကြောင့် ထိုနက္ခတ်ဂြိုဟ်ခွင်၏ သဘောအရ ဖြတ်သန်းရာ တိုင်းပြည်များတွင် စည်ပင်သာယာဝပြောမှု၊ စည်းလုံးညီညွတ်မှု၊ ရေရှည်တည်တံ့ခိုင်မြဲမှု၊ တွင်းထွက်သယံဇာတများ အထွက်တိုးမှု စသော ကောင်းကျိုးမင်္ဂလာများနှင့် ပြည့်စုံဖွယ် ရှိသည်ဟု ပြည်တွင်း နက္ခတ်ပညာရှင် အကျော်အမော်များက ဆိုကြသည်။

မြန်မာသက္ကရာဇ် ၁၃၇၂ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တနင်္လာဂြိုဟ် လမင်းသည် ထိုနေ့ည ၁၁ နာရီ ၄၇ မိနစ်အချိန်၌ မြန်မာနိုင်ငံ ချင်းပြည်နယ် ဟားခါးမြို့ပေါ်မှ ဖြတ်သန်းသွားမည် ဖြစ်သောကြောင့် စင်ကာပူမှ ကာစီနိုစီးပွားရေး လုပ်ငန်းရှင်တစ်ဦးသည် ဟားခါးမြို့သို့ လာရောက်ကာ စီးပွားရေး တိုးတက်ကြောင်း နက္ခတ်ဆိုင်ရာ လောကီအစီအရင် တစ်ခု လာလုပ်ခဲ့သည့် သတင်းကို mmDailyNews က ဖော်ပြခဲ့ပြီး ဖြစ်လေသည်။
တနင်္လာဂြိုဟ်လမင်းနှင့် ဖုသျှနက္ခတ် စန်းယှဉ်ဖြတ်သန်းမှု ကြုံရလျှင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးတွင် တကယ်အရည်အချင်း ရှိပါလျက် အောင်မြင်မှု နှောင့်နှေးနေကြသူများသည် အထက်ဖော်ပြပါ နေရာများတွင် အချိန်ကိုက်၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ သင့်တော်ရာ ဂါထာများ၊ လောကီအစီအရင်များကို ပြုလုပ်ခြင်းဖြင့် တိုးတက်မှု ကံကောင်းခြင်းများ ရရှိရန် ကံအပြောင်းအလဲများ ကြုံတွေ့နိုင်သည်ဟု ရှေးပညာရှိများ ဆိုခဲ့ကြလေသည်။

မြန်မာနိုင်ငံ၏ ရေမြေအနေအထားအရ ဖြစ်နိုင်ခြေများကို သုံးသပ်ရလျှင် ရွှေကျင်မြို့တွင် ရွှေအထွက်တိုးခြင်း၊ ရွှေကြောသစ်များ တွေ့ခြင်း၊ ဂွမြို့တွင် သဘာဝဓာတ်ငွေ့နှင့် ရေနံဆိုင်ရာ ကောင်းကျိုးများ တိုးတက်ဖွယ် ရှိသည်ဟု မှန်းဆနိုင်ပေသည်။

လာမည့် ဇန်န၀ါရီလ ၂၀ ရက်နေ့ မနက်အစောပိုင်းတွင် ဖြစ်ပေါ်မည့် လမင်းနှင့် ဖုသျှနက္ခတ် စန်းယှဉ် ရပ်တည်မှု၏ အားအကောင်းဆုံး ဖြတ်သန်းရာ ဒေသသည် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့နှင့် အနီးတစ်ဝိုက် ဖြစ်မည် ဖြစ်ပြီး ကမ္ဘာ့ရေနံဈေးကွက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ အနေအထား ထပ်မံကြီးမြင့် လာဖွယ် ရှိမည်ဟု ခန့်မှန်းနိုင်ပေသည်။

Tuesday, December 28, 2010

ဒုက္ခသည်များကို အတင်းအကျပ် ပြန်မပို့ရန် U N တိုက်တွန်း

Posted by Thit Car Nwe 8:53 AM, under , | No comments

နယ်စပ်ဒေသ တိုက်ပွဲများကြောင့် ပြည်တွင်းအိုးအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များအား အတင်းအကျပ် ပြည်တွင်းပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့က ထိုင်းအစိုးရသို့ တိုက်တွန်းတောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရက အတင်းအကျပ် နေရပ်သို့ ပြန်ကြရန် နှင်ထုတ်ခဲ့ကြောင်းကိုလည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ အမျိုးသမီး ၅၀ နှင့် ကလေး အယောက် ၅၀ ပါဝင်သည့် ဒုက္ခသည်များအုပ်စုတစ်ခုက မိမိတို့၏ လုံခြုံရေး စိတ်မချ၇သေးတာကြောင့် မိမိတို့၏ နေရပ်ပြန်ရန် အဆင်သင့်မဖြစ်သေးကြောင်းကို UNHCR သို့ ပြောကြားသည်ဟုသိရသည်။
ထိုင်းအစိုးရအနေဖြင့် နိုင်ငံတကာက လက်ခံထားသည့် ဒုက္ခသည်များဆိုင်ရာ ဥပဒေများကို လိုက်နာဖို့ကိုလည်း UNHCR ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

Monday, December 27, 2010

Irish ငြိမ်းချမ်းရေးဆု ပဏာမစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

Posted by Thit Car Nwe 3:38 AM, under , | No comments

နှစ်စဉ်ပေးအပ်သော“Irish ငြိမ်းချမ်းရေးဆု” ကို ယခုနှစ်အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အရာရှိဟောင်း Mary Robinson တိုနှစ်ဦးအား ပေးအပ်ရန် ပဏာမအဆင့် ဆန်ခါတင်ရွေးချယ်ခံထားကြောင်း Irish Independent သတင်းတွင်ဖေါ်ပြထားသည်။ အဆိုပါဆုကို ချီးမြင့်ရချင်း၏ ရည်ရွယ်ချက်တော့ ပြည်တွင်းနှင့် နိုင်ငံတကာမှာ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်လုပ်ဆောင်သူများကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်ချီးမြင့်ခြင်း ဖြစ်ကြောင်းသိရသည်။၂၀၁၀-ခုနှစ် အတွက်ပေးအပ်မည့် ၄င်းဆုလက်ခံမည့်သူကို ဆုရွေးချယ်ရေးအဖွဲ့က စဉ်းစားနေဆဲဖြစ်ပြီး ရှေ့လာမည့် သီတင်းပါတ်တွင် တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

Sunday, December 26, 2010

ဝက်တုပ်ကွေး ခေါ် AH1N1 ရောဂါပိုး ပျံ့နှံ့နေ

Posted by Thit Car Nwe 10:14 AM, under , | No comments

လူတစ်ထံဦးမှ တစ်ဦးသို့ ကူးစက်တတ်သည့် ၀က်တုပ်ကွေး ခေါ် AH1N1 ရောဂါပိုး သီရိလင်္ကာနိုင်ငံအတွင်း ပျံ့ပွါးနေတာကြောင့် လူအများစုဝေးရာနေရာများသို့ သွားလာခြင်းမှ ရှောင်ကျင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ ငြေကြာချက် အသစ်ထုတ်ပြန်ကြေငြာလိုက်သည်။ ရောဂါပိုး ပျံ့နှံ့ဖြစ်ပွါးနေသည့် နေရာများကို သေချာစွာစောင့်ကြည့်ပြီ့း ရောဂါပိုးပျံ့ပွါးမှုကို အလျှင်အမြန် ထိမ်းချုပ်ကြရန် ကျန်းမာရေးဝန်ကြီးမှ ကျန်းမာရေး ၀န်ထမ်းများကို လမ်းညွှန်ထားသည်။
ရောဂါပိုးပျံ့ပွါမှုနှုန်းကို ထိန်းချုပ် ကာကွယ်သည့်အနေဖြင့် အပြင်းအထန်ဖျားနာခြင်း အသက်ရှုကြပ်ခြင်းအပါအ၀င် AH1N1 ဟုသံသယဖြစ်ဖွယ်ရာ လက္ခဏာဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ အမြန်ဆုံး သွားရောက် ပြသပြီး ဆေးကုသမှု ခံယူကြဖို့ရန်ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။ ကူးစက်ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရေးဌာန၏အဆိုအရ ယခုနှစ်အတွင်း လူပေါင်း ၃၄၀ ကျော် အဆိုပါ ဗိုင်းရပ်ပိုး ကူးစက်ခံခဲ့ကြရပြီး ၂၂ ဦး အသက်ဆုံးရှုံးခဲ့ကြရသည်။ ၄င်း ၂၂ ဦးအနက် ၂၀ မှာ ယခု ဒီဇင်ဘာလအတွင်း သေဆုံးသွားခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ညအိပ်ရာဝင် ပုံပြင်များကြောင့် ကလေးများ ဝေါဟာရ ကြွယ်ဝလာနိုင်

Posted by Thit Car Nwe 2:33 AM, under | No comments

ငယ်ရွယ်သော ကလေးများအား ညအိပ်ရာဝင်ခါနီးတွင် ပုံပြင်ဇာတ်လမ်းများကို ဖတ်ပြခြင်း၊ ပြောပြခြင်းတို့ကြောင့် ဝေါဟာရ ကြွယ်ဝ တိုးတက်ခြင်းနှင့် စာလုံးပေါင်းစွမ်းရည် မြင့်မားခြင်းတို့ ရရှိစေနိုင်ပါသည်။ ကလေးပုံပြင်များဖြစ်သည့် Narnia, Lord of the rings တို့အပါအ၀င် အခြားသော ညအိပ်ရာဝင် ပုံပြင်ဇာတ်လမ်းများကို ဆိုလိုခြင်းဖြစ်သည်။
သစတြေးလျ အစိုးရအဖွဲ့အတွက် လူငယ်အပြောအဆို၊ ဘာသာစကားနှင့် ဆက်သွယ်ရေး အကြံပေးပုဂ္ဂိုလ် ဂျန်းဂရော့စ်က ပုံပြင်ဇာတ်လမ်းများကို ကလေးများအား ပြောပြခြင်းဖြင့် စာလုံးပေါင်းမှန်ကန်သူများဖြစ်လာစေရန် ကျောင်းမှလေ့ကျင့် သင်ကြားပေးနိုင်ကြောင်းဆိုသည်။

စာလုံးပေါင်းသတ်ပုံ မှန်ကန်တဲ့သူဖြစ်လာရန်မှာ ပိုမိုငယ်ရွယ်သည့် အရွယ်ကပင် စတင်ကြောင်း သူကပြောပြခဲ့သည်။

“ငယ်ငယ်ကလေးတည်းကပါပဲ။ ကလေးငယ်လေးတွေဟာ စကားအသံတွေကို ကြားရတဲ့အခါ စာလုံးရဲ့ အသံထွက်ပုံပါ စပြီးတော့ သတိပြုမိလာကြတာ။ မွေးကင်းစကနေ အသက် ၅ နှစ်အတွင်းမှာ ဖြစ်တာပါ။ မူကြိုအရွယ်ပေါ့။ အဲဒီစွမ်းရည်ဟာ နောက်ပိုင်းနှစ်တွေမှာ စာလုံးပေါင်းမှန်ကန်မှုအတွက် အထောက်အပံ့ဖြစ်လာတာ။”

မိဘများအနေဖြင့် ကလေးငယ်များအား ပုံပြင်များကို ခပ်ကြာကြာ ဖတ်ပြ၊ ပြောပြသင့်ကြောင်း၊ ပလေးစတေးရှင်း၊ တီဗွီနှင့် ကွန်ပျူတာဂိမ်းများမှ ဝေးစေရန် အချိန်ယူနိုင်သမျှ ကြာကြာယူပြီး ပုံပြောပြသင့်ကြောင်း ဂရော့စ်က အကြံပြုထားသည်။

ရီးဒါးဒိုင်ဂျက်စ် မဂ္ဂဇင်းမှ မိဘ နှစ်ထောင်ကို ဆာဗေး ပြုလုပ်လေ့လာခဲ့ရာတွင် ကလေးများ၏ စာဖတ်ခြင်းနှင့် စာရေးခြင်း စွမ်းရည်တိုးတက်လာစေရန် အိမ်မှ လုံလောက်စွာ မကူညီကြကြောင်း တွေ့ရှိခဲ့သည်။        (မောက္ခပညာရေးမဂ္ဂဇင်း)

Saturday, December 25, 2010

မြန်မာဒုက္ခသည်များ မြန်မာပြည်ပြန်ရန်သဘောတူ

Posted by Thit Car Nwe 10:40 AM, under , | No comments

နယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြသော စစ်ပြေး ဒုက္ခသည် ၂၃၃ ဦးသည် မြန်မာပြည်တွင်း ပြန်ဝင်ရန်သဘောတူလိုက်ကြောင်းသိရသည်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ အကြားဖြစ်ပွားနေသည့် တိုက်ပွဲမှာ ယခုအခါ အဆုံးသတ်သွားပြီဖြစ်ကြောင်း ထိုင်းစစ်သားများက ပြောသည်ဟုသိရသည်။ မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း ထိုင်းဒေသခံ ရွာသားများက မြန်မာပြည်မှ စစ်ပြေးဒုက္ခသည်များတွင် ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာဘက်သို့ ပြန်ပို့ရန် တောင်းဆိုကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ အဆိုပါ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဒုက္ခသည်များ ပြန်တော်ပြန်ရေး အစီစဉ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ သတင်းစာသတိပေး

Posted by Thit Car Nwe 3:16 AM, under , | No comments

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အတိုက်အခံများအနေဖြင့် အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ အင်္ဂလိပ်ဘာသာဖြင့် ယနေ့ထုတ်ဝေသည့် မြန်မာ့အလင်း သတင်းစာ ခေါင်းကြီးပိုင်းတွင် သတိပေး ရေးသားဖော်ပြထားသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် အကြောင်းပြချက်ဖြင့် အကြမ်းဖက်နည်းအားဖြင့်ဖြစ်စေ ငြိမ်းချမ်းသောနည်းအားဖြင့်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လက်ရှိအစိုးရကို ထိန်းချုပ်ဖို့ အားထုတ်မှုမျိုးများဟာလည်း ဘယ်အကျိုးရလာဒ်မှ ထွက်ပေါ်လာမှာမဟုတ်ကြောင်းကိုလည်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံရေး အကြပ်အတည်းများဖြေရှင်းနိုင်ရေးအတွက် စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရေးကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။

ယမန်နေ့က ပြုလုပ်သည့် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင်လည်း မြန်မာ့စစ်ဘုရင်ကြီး ဗိုလ်သန်းရွှေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ တိုးတက်ကောင်းမွန်နေသည်ဟု သူမိန့်ခွန်းတွင်ထည့်သွင်း ပြောဆိုသွားခဲ့သေးသည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသများတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်နေပြီး ထောင်းပေါင်းများစွာသော စစ်ပြေးဒုက္ခသည်များ သူတစ်ပါး နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှာင်နေကြရသည်။ ယခုကဲ့သို့ တိုင်းပြည်အတွင်း မငြိမ်မသက်ဖြစ်နေချိန်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ပါသည်ဟု ဗိုလ်သန်းရွှပါးစပ်က ထုတ်ဖော်ပြောဆိုခြင်းသည် တကယ့်တိုင်းပြည်၏ လက်ရှိအခြေနေမှန်ကို မသိခြင်းပဲလား မသိချင်ဟန်ဆောင်နေခြင်းလား ဆိုသည်မှာ မေးဖွယ်ရာဖြစ်နေသည်။ မကြာခင်က Wikileaks မှ ပေါက်ကြားသည့် ပေးစာထဲတွင် မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီးများဟာ အသိဥာဏ်ခေါင်းပါးလွန်းပြီး ထုံပေပေနိုင်သူများသာဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောသည်ဟု ဖော်ပြထားပြီး မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရတာ “လူသေနှင့် စကားပြောရသလိုပဲ” ဟုလည်း ၂၀၀၇ ခုနှစ်က အမေရိကန်အရာရှိများနှင့် တွေ့ဆုံရာမှာ စင်ကာပူဝန်ကြီးချုပ်ဟောင်းက မှတ်ချက်ပြု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Friday, December 24, 2010

အိန္ဒိယ မြန်မာ ၀န်ကြီးများဆွေးနွေးမည်

Posted by Thit Car Nwe 9:05 AM, under | No comments

အိန္ဒိယ မြန်မာ နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးများ နောက်အပတ်အတွင်း နှစ်နိုင်ငံနယ်စပ်အကြား သတင်းအချက်အလက် မျှဝေရေးကိစ္စ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စ မူးယစ်ဆေးဝါး ကုန်သွယ်ရေးနဲ့ တရားမ၀င်လက်နက်ရောင်းဝယ်ရေး တိုက်ဖျက်ရေးကိစ္စများကို ဆွေးနွေးသွားကြမည်ဟုသိရသည်။ အဆိုပါအစည်းဝေးကို ဒီဇင်ဘာ ၂၇ မှ ၃၀ ရက်အထိ နယူးဒေလီမြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြစ်မှုဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်၍ အပြန်အလှန်အကူအညီပေးရေး တရားဝင် သဘောတူညီချက် လက်မှတ်ထိုးသွားဖို့လည်း ရှိသည်ဟုသိရသည်။ အိန္ဒိယ မြန်မာ နှစ်နိုင်ငံ နယ်စပ်အကြား ကီလိုမီတာ 1643 နယ်စပ်ချင်း ထိစပ်နေသည်။

Thursday, December 23, 2010

နျူကလီးယားစီမံကိန်းဟု သံသယဖြစ်ဖွယ်ရာနေရာများသို့ လေ့လာစုံစမ်းခွင့်ပြုရန် IAEA စာပို့

Posted by Thit Car Nwe 9:03 AM, under | No comments

မြန်မာနိုင်ငံအတွင်း နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်သည့် သံသယဖြစ်ဖွယ်ဒေသများသို့ သွားရောက် စုံစမ်းလေ့လာနိုင်ရန် ခွင့်ပြုဖို့ ကုလသမဂ္ဂ အနုမြူဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က မြန်မာစစ်အစိုးသို့ တရားမေတ္တာခံစာ ပို့ထားကြောင်းယနေ့ပြောဆိုလိုက်သည်။ မြန်မာနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဖြစ်နိုင်ခြေရှိသည့် နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုများနဲ့ပတ်သက်ပြီး အမေ၇ိကန်နှင့် အရှနိုင်ငံများအကြား စိုးရိမ်ပူပန်မှုများ တိုးပွါးနေချိန်တွင် ယခုကဲ့သို့ နိုင်ငံတကာ အနုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းကြီးမှ စစ်အစိုးရထံ လေ့လာစုံစမ်းရေး မေတ္တာရပ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မည်

Posted by Thit Car Nwe 8:23 AM, under , | No comments

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ ကာလအတွင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ပြီး ပါတီသစ် တစ်ခုထောင်ကာ ရွေးကောက်ပွဲဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) က ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အမျိုးစားဒီမိုကရေစီခေါင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမည်ဖြစ်ကြောင်း NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်ဟု AFP သတင်းတစ်ခုတွင် ဖော်ပြထားသည်။ သူတို့အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါတီသစ်တည်ထောင်ခြင်းဖြစ်ကြောင်းနဲ့ ထိတ်တိုက်ရင်ဆိုင်မှုဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်နိုင်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်အား ရှင်းပြဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်ဟုဖော်ပြထားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၄င်းပါတီအနေဖြင့် မည်မျှအတိုင်းအတာအထိ ဖော်ဆောင်ပေးနိုင်မည် ဆိုတာကိုတော့ မသိရသေးသော်လည်း ရွေးကောက်ပွဲမစခင်ကတည်းက ၄င်းတို့အဖွဲ့အတွင်း မကျေနပ်မှုတွေ သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာခဲ့သည်ကိုတော့ ကြားခဲ့ကြရပြီးဖြစ်သည်။ မြန်မာတနိုင်ငံလုံးတွင် NDF ပါတီမှ ကိုယ်စားလှယ်လောင်း ၁၆၁ ယောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ၁၆ နေရာ၌သာ အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲမတိုင်မှီက စစ်အစိုးရ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဥပဒေမှာ တရားမျှတခြင်း မရှိဟုဆိုကာ NLD ပါတီအနေဖြင့် အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင်ခြင်းမပြုပဲ သပိတ်မှောက်ခဲ့သည်။

အယ်လ်ဂျာဇီးယားရုပ်သံမှ ထုတ်လွှင့်သည့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်း

Posted by Thit Car Nwe 3:36 AM, under , | No comments


လန်ဒန်စီးပွါးရေးကျောင်းမှ ရိုက်ကူးသည့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်း ရုပ်သံကို အယ်လ်ဂျာဇီးယားရုပ်သံမှ ထုတ်လွှင့်ထုတ်လွှင့် ပြသသွားခဲ့ကြောင်းသိရသည် ။ အဆိုပါအစီစဉ်ကို အစီစဉ်မှုးအဖြစ် Veronica Pedrosa က ဆောင်ရွက်ခဲ့ပြီး လန်ဒန်စီးပွါးရေးတက္ကသိုလ်မှ သုတေသနပညာရှင် ဒေါက်တာဇာနည် လည်း ပါဝင်ဆွေးနွေးခဲ့သည်ဟုသိရသည်။ ၄င်းအစီစဉ်တွင် ကျောင်းသား ၄၀၀ ပါဝင်ဆွေးနွေးခဲ့ကြသည်ဟုသိရှိရပြီး ဒေါ်အောင်ဆန်းစုကြည် က မြန်မာပြည်တွင်းက အင်တာနက်မှတဆင့် တိုက်ရိုက် ရုပ်သံဖြင့် ဖြေကြားခဲ့ခြင်းဖြစ်ပြီး ယင်းအစီစဉ်အတွက် ဒီမိုကရက်တစ်မြန်မာ့အသံက အကူအညီပေးခဲ့သည်ဟုသိရသည်။

(အသေးစိတ်အချက်အလက်များကို http://burmatoday.net/news2005/2010/201012/101222_bty_bur_daw_aung_san_suu_kyi.swf )တွင် ဖတ်ရှုနိုင်သည်။

Tuesday, December 21, 2010

ပင်လယ်ရေပြင်မှ ကယ်တင်လိုက်ရသည့် ဆင်းတုတော်နှစ်ဆူ

Posted by Thit Car Nwe 8:46 AM, under , | No comments

သီရိလင်္ကာနိုင်ငံ Matara ဒေသ ကမ်းခြေနဲ့ ၆၂၀ မိုင်အကွာ ပင်လယ်ရေပြင်တွင် မျောပါနေသည့် ဆင်းတုတော်နှစ်ဆူအား ငါးဖမ်သမားများက ပြီးခဲ့သည့် တနင်္ဂနွေနေ့က တွေ့ရှိခဲ့ကြပြီး အဆိုပါ ဆင်းတုတော်နှစ်ဆူကို ကမ်းပေါ်သို့ ဆယ်ယူခဲ့ကြသည်ဟုသိရသည်။ ၄င်းဆင်းတုတော်နှစ်ဆူကို အထူးစီစဉ်ထားသည့် ဖောင်တော်ပေါ်တွင် ဘုရားကျောင်းဆောင်င်နဲ့အတူ တွေ့ရှိခဲ့ကြရသည်ဟုသိရပြီး အလေးချိန်အားဖြင့် ကီလိုဂရမ် ၂၀၀-အထက်စီတွင် ရှိကြသည်ဟုသိရသည်။
ယခုအခါတွင် ၄င်းဆင်းတုတော်နှစ်ဆူအား Kottegoda မှာရှိသည့် Sudharshana Bimba Maha Viharaya ဘုရားကျောင်းတော်သို့ မနေ့ လပြည့်နေ့က ဒေသခံပြည်သူများဖြင့် စီတန်းလှည့်လည်၍ ပင့်ဆောင်ခဲ့ကြပြီး အဆိုပါဘုရားကျောင်းတော်၌ ပင်ကိန်းဝပ်တော်မှုလျှက်ရှိသည်ဟုသိရသည်။
သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ်သူ လူဦးရေအများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ထေ၇၀ါဒငါးနိုင်ငံအနက် တစ်နိုင်ငံအပါအ၀င်လည်းဖြစ်သည်။ (Daily News)

နှစ်ပေါင်း ၃၇၂-နှစ်အတွင်း အချိန်အကြာမြင့်ဆုံး လကြတ်မှုဖြစ်ခဲ့

Posted by Thit Car Nwe 8:07 AM, under , | 1 comment

မနေ့ညပိုင်းက မြောက်အမေရိကနှင့် အမေရိကန်အလည်ပိုင်းနိုင်ငံများတွင် နှစ်ပေါင်း ၃၇၂ -နှစ်အတွင်း အချိန်အကြာဆုံး လကြတ်တာကို မြင်တွေ့ခဲ့ကြရသည်ဟု သိရသည်။ နေနဲ့ လတို့အကြား ကမ္ဘာမြေကြီးက ဖြတ်သန်းသွားခဲ့တာကြောင့် ကမ္ဘာ့မြေကြီးရဲ့အရိပ်က လမျက်နှာပြင်ပေါ်တွင် ကျရောက်နေခဲ့ပြီး ပုံမှန်မြင်နေကျ လမျက်နှာပြင်ကို မမြင်တွေ့ရပဲ ကောင်းကင်ယံတစ်ခုလုံး ပုံမှန်အနေထားထက် မှောင်သွားခဲ့သည်ဟုသိရသည်။ အမေရိကန်ပြည်ထောင်စုတွင် လကြတ်ချိန် ၇၂- မိနစ်ခန့်ကြာမြင့်ခဲ့သည်ဟု သိရသည်။ အဆိုပါ လကြတ်မှုဖြစ်စဉ်ကို အာဖရိကအရှေ့ပိုင်းနှင့် တောင်အရှနိုင်ငံများတွင် မတွေ့မြင်နိုင်ဟုသိရသည်။

Monday, December 20, 2010

ဆင်းရဲနွမ်းပါး လူငယ်များကို ဒီသတင်းလေး မျှဝေပေးကြပါ

Posted by Thit Car Nwe 3:22 AM, under , | No comments

ပြည်တွင်းရှိ စီးပွားရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း တစ်ခု ဖြစ်သော Myanmar Human Resources (MHR) သင်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ဆင်းရဲနွမ်းပါးသော လူငယ်များအတွက် LCCI Scholarship ပညာသင်ဆုများကို ပေးအပ်သွားမည်ဟု ကြားသိရသည်။ ထိုသို့ ပေးအပ်ရာတွင် မိဘမဲ့ လူငယ်များနှင့် ဆင်းရဲနွမ်းပါးသူများကို အထူးဦးစားပေး၍ ရွေးချယ်သွားမည်ဟု ကြားသိရသည်။

ယခု အစီအစဉ်ကို ချို့တဲ့သော လူငယ်များအတွက် အဆင့်မြင့် အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခု ဖြစ်သော LCCI စာရင်းကိုင် ပညာ အခမဲ့ သင်ကြားပေးရန် MHR သင်တန်းကျောင်းမှ ဆရာဦးဝင့်ကျော်နှင့် ဆရာများ စုပေါင်း၍ အကောင်အထည်ဖော် ကြမည်ဖြစ်ပြီး မိဘမဲ့ ဂေဟာမှ လူငယ်များ၊ မိဘ နှစ်ပါး ဆုံးပါးသွားသူများ၊ မိဘ တစ်ပါးဆုံးပါးသွားသူများ၊ အစိုးရ၀န်ထမ်း စာရေးအဆင့် လစာနည်းပါးသူများ၏ သားသမီးများ၊ ဆင်းရဲနွမ်းပါးသူများကို ဦးစားပေး၍ ၂၅ ယောက် ရွေးချယ် သင်ကြားပေးသွားမည်ဟု သတင်းရရှိသည်။

အမှန်တကယ်လိုအပ်သော လူငယ်များအတွက် သတင်းပေး ကူညီနိုင်ရန် mmDailyNews မှ ဖြန့်ဝေတင်ပြပေးလိုက်ရပါသည်။ လျှောက်ထားလိုသူများသည် Myanmar Human Resources ၊ ၉လွှာ၊ သံဈေး၊ လမ်းမတော်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ ၊ ဖုန်း ၇၀၇၈၂၂ သို့ ဒီဇင်ဘာလ တတိယပတ်မှ စတင် ဆက်သွယ် လျှောက်ထားနိုင်ပြီ ဟု သတင်းရရှိသည်။
(mmdailynews)

The Lady ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းတချို့

Posted by Thit Car Nwe 3:05 AM, under , | No comments

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝအကြောင်းကို ရိုက်ကူးထားသည့် “The Lady” ဇာတ်ကားကို ရိုက်ကူးနေရာတွင် ယခုအခါ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့စ် တက္ကသိုလ်က ဇာတ်ဝင်ခန်းတွေ ပြီးလုနီးပါး ရှိနေပြီလို့ သိရပါတယ်။ အဆိုပါဇာတ်ကားတွင် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး က ဒေါ်အောင်ဆန်းစုကြည်အဖြစ်ပါဝင် သရုပ်ဆောင်ထားပြီး ပြီးခဲ့သည့် လကလည်း မြန်မာနိုင်ငံသို့သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သည်။ The Lady ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းတချို့ ဓာတ်ပုံများကို The Guardian သတင်းစာတွင် ဖော်ပြ ထားသည်။

Sunday, December 19, 2010

မြန်မာနိုင်ငံတွင် ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်အောင် စစ်အုပ်စုဖန်တီးနေ

Posted by Thit Car Nwe 8:51 AM, under , | No comments

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဒေသအချို့တွင် ဘာသာရေးနဲ့ပတ်သက်သည့် ပြဿနာအချို့ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။ ဖြစ်ပုံမှာ ယခုလ ၁၅- ရက်နှင့် ၁၆- ရက်နေ့များတွင် ပဲခူးတိုင်း ဝေါမြို့ အပြင်ကန်တော်ရပ်ကွက် နွယ်နီလမ်းမကြီး အတွင်း လမ်းကိုပိတ်ပြီး ဟိန္ဒူဘုရားကျောင်းဆောက်လုပ်ရန် လုပ်ဆောင်မှုကြောင့် အဆိုပါဘုရားကျောင်း တာဝန်ရှိသူအချို့နှင့် ဒေသခံအမျိုးသမီးအချို့ တို့ စကားများခဲ့ကြ၇ာမှ နောက်ဆုံး ကိုယ်ထိလက်ရောက်ကျူးလွန်သည်အထိဖြစ်ခဲ့ကြကြောင်း ယနေ့မြန်မာ အင်တာနက် သတင်းစာတွင်ဖော်ပြထားသည်။ အခင်းဖြစ်ပွါးရာမှာ အမျိုးသမီးတွေသာ ပါဝင်ပြီး အမျိုးသားများက ပြဿနာထဲ မပါအောင် ခေါင်းရှောင်နေကြကြောင်းကိုလည်း ဖော်ပြထားသည်။
ဒီအတွေအတွင်းမှာပါပင် ပဲခူးမြို့၊ မြို့သစ် (၈) ရပ်ကွပ် ရန်ကုန် မန္တလေးကားလမ်းဘေးရှိ ရှေးနှစ်ပေါင်း ၁၄၀ ကျော်က အစ္စလာမ်ဘာသာဝင်တွေရဲ့ သုဿန်အား ၁၆ ရက် နေ့လည် ၃ နာရီခန့်က ကြိုတင်အသိပေးခြင်မရှိပဲ G.E တပ်ဖွဲ့ဝင် များနဲ့ စည်ပင်က၀န်ထမ်းတွေ ဦးဆောင်ပြီး ရှမ်းစုလမ်းဘက်မှ အုတ်နံရံဝင်းကို ဘူဒိုဇာဖြင့် ၀င်တိုက် ဖျက်စီးကာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရှေးဟောင်း သင်္ချိုင်းဂူးတွေကို ၀င်ရောက်ဖျက်ဆီးးခဲ့ကြောင်းသိရသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီးလည်း အစ္စလာမ်ဘာသာဝင်များအကြား မကြေနပ်မှုတွေ တိုးပွါလာနေကြာင်းလည်း ကြားသိရသည်။
နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ ယခုအချိန်ဟာ ရွေးကောက်ပွဲကာလက မဲမသာမှုတွေ တိုင်းရင်းသားအရေးကိစ္စရှုပ်ထွေးနေတာတွေ မကြာခင်ကမှ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ တိုင်းသူပြည်သားများရဲ့ လေးစားကြည်ညိုမှု အပေးထောက်ခံမှုတွေ များလာနေတာကြောင့် စစ်အစိုးအရအနေဖြင့် နိုင်ငံအတွင်း ပြဿနာ တစ်စုံဖြစ်အောင်ဖန်တီးပြီး ပြည်သူလူထုကို အာရုံလွှဲဖို့ကြိုးစာနေတာဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

Saturday, December 18, 2010

ဒီဇင်ဘာ လကုန်ရက်များတွင် မြန်မာပြည်တွင်း အင်အားအသင့်အတင့်ရှိ အအေးလှိုင်း ဖြတ်မည်

Posted by Thit Car Nwe 2:32 AM, under | No comments

ဒီဇင်ဘာလ နှောင်းပိုင်းတွင် မြန်မာနိုင်ငံ တစ်ခုလုံးသို့ အင်အားအသင့်အတင့်ရှိသော အအေးလှိုင်း ဖြတ်သန်းဝင်ရောက်ခြင်း ခံရနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များ အရ ယခု ရက်ပိုင်းမှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ညအပူချိန်များ လျော့ကျလျက် ရှိပြီး ဒီဇင်ဘာလလယ်တွင် ပျမ်းမျှ အပူချိန် ၄ ဒီဂရီ ဆဲလ်စီးယက်စ် အထိသာ ကျဆင်းလေ့ရှိသော ချင်းပြည်နယ် ဟားခါးမြို့သည် ယခုလ ၁၅ ရက်နေ့က အနုတ် ၁ ဒီဂရီ ဆဲလ်စီးယက်စ် အထိ အပူချိန် ကျဆင်းခဲ့ကြောင်း၊ ပြင်ဦးလွင်နှင့် ပင်လောင်းမြို့တို့တွင်လည်း မဖြစ်စဖူး ပျမ်းမျှ အပူချိန် ၅ ဒီဂရီ ဆဲလ်စီးယက်စ် အထိ ကျဆင်းခဲ့သဖြင့် ထူးခြားသော ညအပူချိန် ကျဆင်းမှုများ ကြုံတွေ့လာရကြောင်း သိရှိရသည်။

ထို့အပြင် ဒီဇင်ဘာလ အကုန်ပိုင်း ရက်များတွင် ညအပူချိန်များ ဆက်လက်၍ ကျဆင်းလာဖွယ် ရှိပြီး အအေးလှိုင်း ဖြတ်သန်းမှုသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက် ဒေသများတွင် အပြင်းဆုံး ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ တိုင်းထွာချက်အရ ရန်ကုန်မြို့တော်၏ ညအပူချိန်သည် ၁၈ ဒီဂရီ ဆဲလ်စီးယက်စ် ရှိပြီး နေပြည်တော်တွင် ၁၇ ဒီဂရီ ဆဲလ်စီးယက်စ်ရှိကြောင်း သိရှိရသည်။

ဤသို့ အအေးလှိုင်း ဖြတ်မည့် အချိန်များတွင် သက်ကြီးရွယ် အိုများ၊ ဆီးချို ၊ သွေးတိုး ၊ အ၀လွန်ရောဂါ ၊ သွေးတွင်း ကိုလက်စထရော မြင့်မားလွန်းသော ရောဂါ စသဖြင့် ရောဂါ ရှိသူများ နှင့် လူတိုင်းသည် ညအချိန် ရေချိုးခြင်း၊ ညနေဖက် ခေါင်းလျှော်ခြင်း၊ နွေးထွေးလုံခြုံစွာ မနေခြင်း၊ အရက်သေစာ သောက်စားခြင်း စသည်တို့ကို အထူးသတိပြု ရှောင်ရှားကြရမည် ဖြစ်ကြောင်း ၊ အဆိုပါ ကိစ္စများကို လေဖြတ်ရန် အန္တရာယ် မြင့်မားလှသော အအေးလှိုင်း ဖြတ်ချိန်အတွက် အထူးဆင်ခြင်သင့်ကြောင်း mmDailyNews ကျန်းမာရေးအယ်ဒီတာ ဒေါက်တာသီဟသစ်မှ သတိပေး ပြောကြားခဲ့သည်။
(mmdailynews)

Friday, December 17, 2010

Suu Kyi rules out party overhaul

Posted by Thit Car Nwe 3:04 AM, under | No comments

Myanmar's pro-democracy champion Aung San Suu Kyi on Friday ruled out a reorganisation of her party to replace elderly leaders with younger members.
"We are not going to ask our older leaders to leave because they want to serve as long as they have strength to serve the party and I think that is a good thing to be encouraged," Suu Kyi told AFP in an interview at the headquarters of her party, which has been officially disbanded by the junta.
Many senior members of the Nobel Peace Prize winner's National League for Democracy (NLD) are in their 80s and 90s and there had been speculation that she might overhaul its Central Executive Committee (CEC) to bring in new blood.
But Suu Kyi, who was released from seven straight years of detention last month shortly after rare elections, said she was not planning such a move.
"We are not going to reorganise the CEC or anything like that," she said.

Thursday, December 16, 2010

ပင်လယ်ပြင်လုပ်သားများ ဘောလုံးကွင်းတွင် စီးပွါးရှာရမည်

Posted by Thit Car Nwe 9:02 AM, under , | No comments

မကြာခင်ကမှ ဂီရိမုန်းတိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ကြရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ လုပ်ငန်းရှင်ကြီးများကို အနောက်ပိုင်းတိုင်း တိုင်းမှုးက ရက္ခပူရ ဘောလုံးကလပ်အသင်းအတွက်ဆိုသည့် အကြောင်းပြချက်နဲ့ ငွေကျပ် သိန်း ၇၀၀-ကျော်ဖိုး ရှယ်ယာဝယ်ကြဖို့ညွှန်ကြားနေတယ်လို့သိရပါတယ်။ အဆိုပါလုပ်ငန်းရှင်များထဲမှာ ဆားလုပ်ငန်း ၊ ပုဇွန်လုပ်ငန်း ၊ ဆန်လုပ်ငန်းစသည်တို့ပါဝင်နေပြီး လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် ၂၅ သိန်းနဲ့ သန်း ၅၀ အကြား ခွဲတမ်းသဘောမျိုးဖြင့် ရှယ်ယာအ၀ယ်ခိုင်းနေတယ်လို့လဲသိရပါတယ်။ ဂီရိမုန်းတိုင်း ဒဏ်ကြောင့် ဆုံးရှုံးပျက်စီးမှုများနဲ့ ရင်ဆိုင်ခံစားနေကြချိန်မှာ တိုင်းမှုးရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်နေတာကြောင့် လုပ်ငန်းရှင်များအကြား မကျေနပ်မနပ်ဖြစ်နေကြလို့လဲသိရပါတယ်။ ဒေသခံတစ်ဦးကတော့ ပင်လယ်ပြင်ကို အမှီပြုပြီး နှစ်ပေါင်းများစွာ စားသောက်လာခဲ့ကြရာမှ ဘောလုံးကွင်းပြောင်းပြီး စီးပွါးရေးလုပ်ခိုင်းတဲ့ တိုင်းမှုးရဲ့ အကြံအစီဟာ တကယ်ကိုပဲ အသိဉာဏ်ခေါင်းပါးပြီး ပေါကြောင်ကြောင်နိုင်လွန်းလှတယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Wednesday, December 15, 2010

ဗိုင်းရပ်စ် အန္တရာယ်သတိပေးချက်

Posted by Thit Car Nwe 9:15 AM, under | No comments

အင်တာနက် သုံးစွဲသူများထံသို့ ယခုရက်ပိုင်းအတွင်း ဗီဒီယိုနှင့် အသံဖိုင်အဖြစ် ပြောင်းလဲထားသည့် ဗိုင်းရပ်စ်တစ်မျိုး ပေါ်ထွက်နေသောကြောင့် အင်တာနက် သုံးစွဲသူများအနေဖြင့် အမည်မသိသူများထံမှ ပေးပို့သည့် ဗီဒီယိုနှင့် အသံဖိုင်များအား သတိထားကြရန် လိုအပ်ကြောင်း ကျွမ်းကျင်သူအချို့က ပြောကြားလိုက်သည်။ ယင်းဗိုင်းရပ်စ်သည် ဒီဇင်ဘာ ပထမအပတ်ကတည်းက စတင်ပေါ်ထွက်လာခဲ့တာဖြစ်ပြီး Facebook နှင့် twitter တို့လို လူမှုကွန်ရက် ဝက်ဘ်ဆိုက်များနှင့် အီးမေးလ်တို့မှတစ်ဆင့် ပေးပို့နေတာဖြစ်ကြောင်းသိရသည်။
အဆိုပါ ဗိုင်းရပ်စ်၏ ဘယ်အတိုင်းအတာထိ အန္တရယ်ပြုနိုင်သည်ကို ယခုလောလောဆယ်တွင် အတိအကျမသိရသေးသော်လည်း အနည်းဆုံးစက်၏ System နှင့် Network များကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း သိရသည်။ အထူးသဖြင့် ယခုရက်ပိုင်းအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်သည့် အီးမေးလ်နှင့် Video Clip တွေမှာပါ ဗီုင်းရပ်စ် အဝင်ခံနေရကြောင်း ပြည်တွင်း Web Developer တစ်ဦးကပြောကြောင်းနှင့် သတင်းများနှင့်အတူ ဗိုင်းရပ်စ် အမျိုးမျိုးပါဝင်လာမှုကြောင့် သုံးစွဲသူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် ဝေမည့် 7 Day News ဂျာနယ်တွင် ဖော်ပြထားသည်။

မြန်မာပြည်က ထုံပေပေ စစ်ခေါင်းဆောင်များ

Posted by Thit Car Nwe 3:15 AM, under , | No comments

မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီးများဟာ အသိဥာဏ်ခေါင်းပါးလွန်းပြီး ထုံပေပေနိုင်သူများသာဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောသည်ဟု အမေရိကန်သံအမတ် Ms Patricia L Herbold ရဲ့ သူအစိုးရထံအစီရင်ခံစာကို ဝီကီလိစ်က ပေါက်ကြားသည့် ပေးစာတွင် ဖော်ပြထားသည်။
မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရတာ “လူသေနှင့် စကားပြောရသလိုပဲ” ဟု ၂၀၀၇ ခုနှစ်က အမေရိကန်အရာရှိများနှင့် တွေ့ဆုံရာမှာ မစ္စတာ လီကွမ်ယုက ထိုသို့ မှတ်ချက်ပြု ပြောဆိုလိုက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အသက် ၈၇-နှစ်ရှိပြီဖြစ်သည့် မစ္စတာလီဟာ စကာင်္ပူနိုင်ငံရဲ့ဝန်ကြီးချုပ်ရာထူးကို ၁၉၅၉-ခုနှစ်မှ ၁၉၉၀-ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုအခါတွင် သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် လီရှင်လွန်းရဲ့
အဆင့်မြင့်အကြံပေးတဦးအဖြစ် ဆောင်ရွက်နေဆဲဖြစ်သည်။

Tuesday, December 14, 2010

တောင်အာရှ ရော့ခ်ဂီတပွဲတော်သို့ မာရဇ္ဇနှင့် Metal Zone တီးဝိုင်းအဖွဲ့တို့ တက်ရောက်ဖျော်ဖြေမည်

Posted by Thit Car Nwe 9:18 AM, under , | No comments


South Asian Rock Festival ခေါ် တောင်အာရှ ရော့ခ်ဂီတပွဲတော်ကို အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော်တွင် ယခုလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါ ပွဲတော်သို့ မြန်မာနိုင်ငံမှ အဆိုတော် မာရဇ္ဇနှင့် Metal Zone တီးဝိုင်းအဖွဲ့တို့ တက်ရောက် ဖျော်ဖြေပေးရန် ဒီဇင်ဘာ ၁၃ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခဲ့ကြသည်ဟုသိရသည်။

မြန်မာရော့ခ်ဂီတအဖွဲ့အနေဖြင့် ပွဲတော်၏ နောက်ဆုံးရက် ဖြစ်သည့် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများဖြင့် ဖျော်ဖြေသွားမည်ဟုသိရသည်။ အဆိုတော် မာရဇ္ဖနှင့်အဖွဲ့ကို အိန္ဒိယသံရုံးမှ တိုက်ရိုက်ကမ်းလှမ်းဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး ၄င်းပွဲတောတွင် အဆိုတော် မာရဇ္ဇနှင့်အတူ Metal Zone Band တွင် Lead ကိုဇော်လတ်၊ Bass ကိုဖိုးဇော်၊ Drum ကိုမာတူး နှင့် Keyboard ကိုလ၀ံ စသည့် ဂီတပညာရှင်များ ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါပွဲတော်သို့ တောင်အာရှ ၁၂ -နိုင်ငံမှ ရော့ခ်ဂီတပညာရှင်များ တက်ရောက်ဖျော်ဖြေကြမည်ဟုလည်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ် ပြန်လည်ဖွင့်လှစ်

Posted by Thit Car Nwe 9:02 AM, under , | No comments

ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသ အခြေအနေမှာ ပုံမှန်ပြန်ဖြစ်လာပြီဖြစ်လို့ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို မြန်မာဖက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ထိုင်း အမှတ်၁ စစ်ဒေသ ဒုဗိုလ်ချုပ်ကြီး Udomdet Seetabutr ၏ စကားကို ကိုးကားပြီး ထိုင်းသတင်းဌာန တစ်ခုတွင်ဖော်ပြထားသည်။ ထိုသို့ နယ်စပ်ဂိတ် ပြန်ဖွင့်လိုက်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် အလည်အပတ် ဈေးဝယ်သွားလိုသော ဒေသခံများ အတွက် လွယ်ကူချောမွေ့သွားစေသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက နယ်မြေ မတည်ငြိမ် မအေးချမ်းမှုများ ရှိခဲ့သောကြောင့် နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ရာမှ ယခုအခါ အေးချမ်းမှု ရရှိခဲ့ပြီ ဖြစ်သည့်အတွက် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ထိုင်းဗိုလ်ချုပ်က ထိုင်းစစ်တပ်အနေဖြင့် ထိုင်း မြန်မာနယ်စပ်အခြေနေကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး အကယ်၍ အဆိုပါနယ်စပ်ဂိတ်ကို ပုံမှန်အသုံးပြုနေကြသူများအတွက် အန္တရယ်ဖြစ်စေနိုင်ပါက သူတို့အနေဖြင့် သတိပေးချက် ထုတ်ပြန်သွားမှာဖြစ်ကြောင်းနှင့် ထိုင်းနယ်စပ်ဒေသ တာဝန်ထမ်းဆောင်နေကြသည့် ထိုင်းစစ်တပ်နှင့် နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့များကိုလည်း စိတ်ဓာတ်ရေးရာအရ အားပေးကူညီသွားမှာဖြစ်ကြောင်းပြောကြားသွားသည်။

Monday, December 13, 2010

စစ်အစိုးရသတင်းစာပါ သင်္ဘောပြန်ပေးဆွဲခံရသည့် သတင်း

Posted by Thit Car Nwe 9:21 AM, under , | No comments

ဒီဇင်ဘာ ၁၀-ရက်နေ့က မြန်မာနိုင်ငံသား သင်္ဘောသား ၂၃ ယောက် လိုက်ပါလာသည့် သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲသွားခဲ့သည်။ အဆိုပါသင်္ဘောမှာ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် MV Panama ဟုသိရပြီး သင်္ဘောကို တန်ဇန်းနီးယား အရှေ့ပိုင်းတွင် အမြန်ရေယာဉ် ၂ စင်းနဲ့ ဆိုမာလီပင်လယ်ဓားပြတွေက စီးနင်းသိမ်းပိုက်ခဲ့တာဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) ရဲ့ ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် Paddy O’Kennedy က အတည်ပြုပြောဆိုထားသည်။
အဆိုပါသင်္ဘော ပြန်ပေးဆွဲခံရသည့် သတင်းကို ယနေ့ထုတ် စစ်အစိုးရသတင်းစားများတွင် ဖော်ပြထားသော်လည်း ၄င်းသင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၂၃ သုံးဦးပါဝင်ကြောင်းကိုတော့ ဖော်ပြမထားပေ။ မြန်မာစစ်အစိုးရအနေဖြင့် ပြည်တွင်းမှာသာမက ပြည်ပအခြေစိုက် မြန်မာသံရုံးတို့ကလည်း မြန်မာနိုင်ငံသားတစ်ဦးဦး ဒုက္ခရောက်ပါက အကူညီပေးသည်ဆိုသည့်သတင်းမှာ ကြားရခဲလှသည်။ ထို့အပြင် စစ်အစိုးရ၏ ပြည်တွင်း သတင်းအမှောင်ချမှုမှာလည်း ကမ္ဘာသိဖြစ်လေသည်။ ယခုတစ်ကြိမ် မြန်မာသင်္ဘေသားတွေပါဝင်သည်ဆိုသည့် သတင်းကိုအပြည့်အစုံကို ထည့်သွင်းဖော်ပြမှု မပြုခြင်းမှာလည်း စစ်အစိုးရ၏သတင်းအမှောင်ချခြင်း တစ်မျိုးသာဖြစ်ကြောင်း လေ့လာသူတစ်ဦးကဆိုသည်။

ဦးနှောက်ယိုစီးမှုလား၊ ဦးနှောက်ဖွံ့ဖြိုးမှုလား

Posted by Thit Car Nwe 1:13 AM, under , | No comments

ပြည်တွင်းက ပညာတတ်တွေ နိုင်ငံခြားထွက်သွားပြီး အလုပ်လုပ်ကြတာနဲ့ ပတ်သက်ပြီး အပြင် အယူအဆ အမျိုးမျိုး ရှိကြတယ်။ တချို့ကဒါဟာ ဦးနှောက်ယိုစီးမှု(brain drain) ဖြစ်တယ်။ ပညာသင်ကြားပေးခဲ့ရတဲ့ မိခင်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဘောထားကြတယ်။

ပိုဆိုးတဲ့ ပြဿနာ
ဦးနှောက်ယိုစီးမှုထက်ဆိုးတဲ့ ဦးနှောက်ခြောက်ခန်းမှု (braindry) ပြဿနာလည်း ရှိသေးတယ်လို့ ကိုယ်တိုင်လည်း ရေးခဲ့ဖူးတယ်။ ဆရာဝန် ဖြစ်ပြီး ဆရာဝန်မလုပ်ဘဲ ကုမ္ပဏီထောင် စီးပွားရေးလုပ်တဲ့အခါ၊ အထည်အလိပ် အင်ဂျင်နီယာဘွဲ့ရက သင်္ဘောသား သွားလုပ်တဲ့အခါ၊ ဘူမိဗေဒဘွဲ့ရက ဆေးကုမ္ပဏီရဲ့ ဆေးရောင်းသမား သွားလုပ်တဲ့အခါ သူတို့ သင်ယူခဲ့တဲ့ ပညာတွေ မေ့လျော့ ခြောက်ခန်းသွားပြီး အဟာသိကံ ဖြစ်ရတယ်လို့ ရေးခဲ့တာ ဖြစ်တယ်။

ဒီပြဿနာမျိုးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုပြီး အဖြစ်များတဲ့အတွက် တိုးတက်မှု နောက်ကျမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးလာတယ်လို့ ယူဆကြတယ်။ ကုလသမဂ္ဂ ညီလာခံကြီးတွေမှာ ဒီပြဿနာ ဖြေရှင်းရေး အ တွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် ဒီနေ့အထိ အဖြေရှာမတွေ့နိုင်ကြဘူး။ ချမ်းသာတဲ့ နိုင်ငံတွေက နိုင်ငံပေါင်းစုံရဲ့ အထက်မြက်ဆုံး ဦးနှောက်တွေကို အချောင်ရနေတဲ့အတွက် မှိန်းပြီး မသိချင်ယောင် ဆောင်နေကြတယ်လို့ စွပ် စွဲသံတွေလည်း ကြားရတယ်။
ကျွန်တော်တို့ အမြတ်တနိုး ဂုဏ်ယူဝင့်ကြွားနေရတဲ့ မြန်မာ့ ယဉ်ကျေးမှု အနုပညာရပ်များဟာလည်း ယိုးဒယား၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ယဉ်ကျေးမှု အနုပညာတွေနဲ့ ကူးလူးယှက်နွှယ် နေခဲ့ကြတာပဲ မဟုတ်လား။ ကမ္ဘာကြီးတစ်ခုလုံးဟာ ရွာကြီးတစ်ရွာလို ဖြစ်နေတဲ့ ဒီခေတ်ဒီအခါမှာ ကျွန်တော်တို့ချည်းသက်သက် တံခါးပိတ်နေလို့ မဖြစ်ပါဘူး . . .

လွယ်လွယ်နဲ့ ထွက်ခွင့်မပေး
ဒီနိုင်ငံမှာ ဘွဲ့ရတဲ့အထိ ပညာသင်ယူခဲ့ပြီးမှ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် နိုင်ငံမှာ နစ်နာတယ်လို့ မြန်မာဆိုရှယ်လစ်ခေတ်က ယူဆခဲ့တယ်။ အဲဒီယူဆချက်ကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားထွက်ခွင့် လွယ်လွယ်နဲ့ မပေးခဲ့ဘူး။ FRC ကိုင်ထားပြီး အပြီးပြန်တော့မယ့် ''ဖော်ဂွတ်'' (For Good) သမားတွေပဲ အသွားများတယ်။ မြန်မာလူမျိုးများ အတွက်တော့ လွယ်လွယ်နဲ့မထွက်နိုင်အောင် ဘွဲ့နဲ့ဒီပလိုမာအတွက် ပညာရေးလျော်ကြေး ကောက်ခံတဲ့စနစ် စတင်တီထွင် လုပ်ဆောင်ခဲ့ တယ်။ ဒီနေ့အထိ ဒီစနစ် ရှိနေသေးတယ်။ အဲဒီခေတ်မှာ အစိုးရကလွှတ်တဲ့ ပညာတော်သင်နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တွေလောက်ပဲ နိုင်ငံခြား အသွားအလာ ရှိကြတယ်။ ဒီခေတ်လို ရှော့ပင်းထွက်တယ်ဆိုတာ ကြားတောင်မကြားဖူးကြဘူး။

ဝါးလုံးခေါင်းထဲက ထွက်ကြ
ပညာတတ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်တာဟာ နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှု မဟုတ်ဘူး။ အမြတ်တောင် ထွက်သေးတယ်လို့ ယူဆသူတွေလည်း ရှိတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် အထူးလိုအပ်တဲ့ နိုင်ငံခြားငွေ ရှာ ပေးတာဖြစ်လို့ တားဆီးပိတ်ပင် မလုပ်သင့်ဘူးလို့ သူတို့ကဆိုတယ်။ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာ နိုင်ငံခြားသွား နိုင်ငံခြားက ပြန်ပို့တဲ့ နိုင်ငံခြားငွေ နှစ်စဉ် ဒေါ်လာ သန်းရာပေါင်းများစွာ ရရှိနေတာကို ထောက်ပြကြတယ်။ ကမ္ဘာရွာခေတ်မှာ ၀ါးလုံးခေါင်းထဲက ထွက်ကြပါလို့လည်း သူတို့က တိုက်တွန်းနှိုးဆော်ကြတယ်။

အရေးကြီးလိုလို
မကြာမီလေးကပဲ မန္တလေးက စာတစ်စောင်ရတယ်။ အငြိမ်းစားဘီအီး (စက်မှု)အင်ဂျင်နီယာကြီး တစ်ယောက်ဆီကပါ။ သူမြင်တဲ့''ဘရိန်းဒရိန်း''ကတော့ တစ်မျိုးဖြစ်တယ်။ အင်ဂျင်နီယာ ဘွဲ့ရပြီး အင်ဂျင်နီယာဆိုတဲ့ ရာထူးကြီး ယူထားပေမယ့် တကယ် လက်တွေ့ကျတော့ စာရင်းအင်းတွေ စာရွက်တွေ၊ အစီရင်ခံစာတွေနဲ့ပဲ အလုပ်ရှုပ်နေရတဲ့ စာရင်းကိုင်လိုလို၊ ရုံးအုပ်စာရေးကြီးလိုလို ဖြစ်နေတာကမှ အမှန်တကယ် ''ဘရိန်းဒရိန်း'' ဖြစ်တာပါတဲ့။

ဘရိန်းဂိန်း
နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် ပိုပြီး မျက်စိပွင့်နားပွင့် ဖြစ်လို့ ''ဘရိန်းဂိန်း'' (brain gain) ဖြစ်တယ်လို့ ပြောချင်ပါတယ်တဲ့။ ဆက်ပြီးသူက တိန့်ရှောင်ဖိန်ရဲ့လုပ်ရပ် ဆိုတဲ့ အကြောင်းတစ်ခု ပြောထားသေးတယ်။ တိန့်ရှောင်ဖိန် အာဏာပြန်ရ တဲ့အခါမှာ ပညာထူးချွန်တဲ့ လူငယ်တွေကို အမေရိကနဲ့ ဥရောပနိုင်ငံတွေဆီ ပညာသင်လွှတ်တယ်။ တခြားသူတွေက ဒီလူတွေပြန်မလာရင် ဘယ်လိုလုပ်မလဲလို့ မေးတော့ ကိစ္စမရှိပါဘူးလို့ ပြန်ဖြေတယ်။ လက်တွေ့မှာလည်း အတော်များများ ပြန်မလာဘဲ ဟိုနိုင်ငံတွေမှာ အလုပ်လုပ်နေကြပြီး တချို့က ဟိုနိုင်ငံသားအဖြစ်တောင် ခံယူလိုက်ကြတယ်။

ပါရဂူတွေအများကြီး
ဒါပေမယ့် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလိုက်လို့ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်သွားတဲ့ အခါကျတော့ အဲဒီလူတွေ အများကြီး ပြန်လာကြတယ်တဲ့။ အဲဒီထဲမှာ ပါရဂူဘွဲ့ရ ပညာရှင်တွေလည်း အများကြီး ပါလာတယ်။ တချို့ဆိုရင် နိုင်ငံခြားသားပညာရှင် (expatriate) အဖြစ် တရုတ်ကုမ္ပဏီကြီးတွေမှာ လခကောင်းကောင်းနဲ့ ၀င်လုပ်ကြသတဲ့။ ဒါတော့ ဟုတ်တယ်။ ရှစ်ဆယ်ခုနှစ်တွေ အတွင်းက FRC တပည့်တွေ အများကြီး အဲဒီအချိန်က တရုတ်(တိုင်ပေ)ကို ဖော်ဂွတ်ပြန်သွား ကြတယ်။ အခု ဒီဘက်ပိုင်း နှစ်တွေကျတော့ သူတို့ထဲက တချို့ဟာ ပေကျင်းတို့ ရှန်ဟိုင်းတို့မှာ ပြောင်းရွှေ့နေထိုင်ကြတာ တွေ့ရတယ်။

ယုံကြည်စိတ်ချမှုအပြည့်
မန္တလေးက အငြိမ်းစား အင်ဂျင်နီယာကြီးကတော့ ပညာတတ်တွေ နိုင်ငံခြား ထွက်သွားတဲ့အတွက် (၁) အတွေ့အကြုံနဲ့ ပညာအရည်အချင်း တိုးတက်တယ် (၂)မိသားစု စားဝတ်နေရေး ပြေလည်စေတယ်။ (၃)တိုင်းပြည်အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရစေတယ်။(၄) ထွက်သွားသူတွေနေရာမှာ နောက်လူတွေ အလုပ်ရလို့ အလုပ်လက်မဲ့ လျော့နည်းစေတယ်လို့ နံပါတ်စဉ်ထိုးပြီး ထောက်ခံအားပေးသွားပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်အိုးကိုယ့်အိမ်ကို အင်မတန်ခင် တွယ်တတ်သူတွေ ဖြစ်လို့၊ တစ်နေ့နေ့ကျရင် မြန်မာပြည်ကို ပြန်မလာဘဲ မနေပါဘူးလို့လည်း သူကယုံကြည်စိတ်ချမှု အပြည့်ရှိပါတယ်။
နိုင်ငံခြားထွက်သွားတဲ့ တပည့်တွေ ရာပေါင်းများစွာနဲ့ အဆက်အသွယ် မပြတ်တာကြောင့် ဒီအချက်ကိုတော့ သဘောတူတယ်။ တစ်နေ့မှာ သူတို့အားလုံး ပြန်လာကြမယ်ဆိုတာ စိတ်ချယုံကြည်တယ်။

နယ်ပယ်ကျဉ်းလွန်းလို့
နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာ လုပ်ခဲ့ရာမှာ ကျောင်းသူ ကျောင်းသား အများစုက မြန်မာပြည်ပေါက် တရုတ်လူမျိုး ဖြစ်ကြတယ်။ တချို့ဆို တရုတ်စကားတောင် မတတ်ကြဘူး။ ဆိုရှယ်လစ် စကားလုံးတွေ လူတိုင်းရွတ်နေတဲ့ ခေတ်မှာ လုပ်ကိုင်စားစရာ နယ်ပယ်ကျဉ်းမြောင်းလွန်းလို့သာ သူတို့သွားကြတာ ဘယ်သူမှတော့ သွားချင်ကြတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးစစ်စစ်တွေ မဆိုထားနဲ့ သူတို့လို မြန်မာပြည် ပေါက်တရုတ်တွေနဲ့ အိန္ဒိယသားတွေတောင် မြန်မာပြည်အကြောင်း ပြောရင် မျက်ရည်မ၀ဲဘဲ မနေနိုင်ကြပါဘူး။ အခွင့်သာတဲ့ တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။

ဘာကြောင့် သေချာတာလဲ
၉၀ ရာခိုင်နှုန်းလောက်ကို ပြန်လာမှာပါလို့တောင် ပြောရဲတယ်။ ဘာကြောင့် ဒါလောက် သေချာနေရတာလဲလို့ မေးရင် မြန်မာစကား မတတ်တဲ့လူတွေတောင် ပျော်လွန်းလို့ ကုတ်နဲ့ကော်ထုတ်တောင် မပြန်ချင်တော့တာတွေကို လက်ညှိုးထိုးပြလိုက် ချင်တယ်။ မြန်မာပြည်မွေး၊ မြန်မာပြည်မှာကြီးပြီး မြန်မာစကား တစ်မျိုးတည်းသာ ပြောတတ်သူတွေ ပြန်မလာဘဲ မနေနိုင်ပါဘူး။ ပြန်လာတဲ့အခါ တချို့ စုမိဆောင်းမိတာလေးတွေ ပိုက်ပြီး ပြန်လာကြမယ်။ တချို့က ပညာရှင်တွေ ပါရဂူတွေ ဖြစ်ပြီး ပြန်လာကြမယ်။ တချို့ ကျွမ်းကျင်လုပ်သားတွေ အဖြစ် ပြန်လာကြမယ်။ လက်ချည်းသက်သက် ပြန်လာဖူးသူလည်း ရှိနိုင်ပါတယ်။

ကူးလူးယှက်နွှယ်
ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ပဲ ပြန်လာလာ၊ တိုင်းပြည်အတွက်ကတော့ အကျိုးရှိတာပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်းစုံက အမျိုးမျိုးအဖုံဖုံ ပညာရပ်တွေ၊ အတွေ့အကြုံ ဗဟုသုတတွေ လုပ်နည်းလုပ်ဟန်တွေ ဖြည့်ဆည်း ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အမြတ် တနိုး ဂုဏ်ယူဝင့်ကြွားနေရတဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များဟာလည်း ယိုးဒယား၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ယဉ်ကျေးမှု အနုပညာတွေနဲ့ ကူးလူးယှက်နွှယ် နေခဲ့ကြတာပဲ မဟုတ်လား။ ကမ္ဘာကြီးတစ်ခုလုံးဟာ ရွာကြီးတစ်ရွာ လို ဖြစ်နေတဲ့ ဒီခေတ်ဒီအခါမှာ ကျွန်တော်တို့ချည်း သက်သက် တံခါးပိတ်နေလို့ မဖြစ်ပါဘူး။ တံခါးတွေ ဖွင့်ထားမှ အခန်းထဲက လေဆိုးလေပုပ်တွေ လွင့်စင်ထွက်သွားပြီး ပြင်ပက လေကောင်းလေသန့်တွေ ၀င်ရောက်လာမှာ ဖြစ်ပါတယ်။

(news-eleven.com)

Sunday, December 12, 2010

တွေ့ဆုံဆွေးနွေးရေးအတွက် စိတ်ရှည်သွားမည်ဟု ဒေါ်စုပြော

Posted by Thit Car Nwe 8:37 AM, under , | No comments

ပြီးခဲ့သည့် နိုဝင်ဘာလကမှ အကျယ်ချုပ်မှလွတ်မြောက်လာသည့် မြန်မာဒိုမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံရေးပြဿနာများနဲ့ပတ်သက်ပြီး လက်ရှိစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် စိတ်ရှည်ရှည်ထားပြီးကြိုးစားဆောင်ရွက်သွားဖို့ သဏ္ဍိဋ္ဌာန်ချထားသည်ဟု ယနေ့ ဂျပန်သတင်းဌာနတစ်ခုဖြစ်သည့် NHK သို့ ပြောကြားလိုက်သည်။အစိုးရပေါ် ပြည်သူလူထု၏ယုံကြည်မှုသည် အရေအတွက် ကိန်းဂဏန်းတွေအပေါ်မှာသာ အခြေတည်တာမဟုတ်ပဲ ပြည်သူလူထု၏ စိတ်ဆန္ဒနှင့် စစ်မှန်သည့် ထောက်ခံမှုတွေအပေါ်မှာသာ အခြေတည်တာဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟုသိရသည်။

ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားလူငယ် ဆုံညီ ပွဲတော်အဖွင့်မှ ဒေါ်စု ၏ အမှာစကား

Posted by Thit Car Nwe 8:09 AM, under , | No comments


၁၇-ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားလူငယ်များ စုံညီပွဲတော်ကို
တောင်အာဖရိကနိုင်ငံ မြောက်ပိုင်း ပရီတိုးရီယားမြို့တွင် ယနေ့
ကျင်းပကြောင်းသိရသည်။
အဆိုပါပွဲတော်ကို ဒီဇင်ဘာ ၁၃-ရက်နေ့မှ ၂၁-ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီး ယနေ့ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က
အဖွင့်အမှာစကားကို ဗီဒီယိုဖိုင်ဖြင့် ပေးပို့ခဲ့သည်။ ယင်း ကျောင်းသားလူငယ်စုံညီပွဲတော်
အခမ်းအနားသို့ နိုင်ငံပေါင်း ၁၂၀ကျော်မှ ကျောင်းသားလူငယ် ၂၀၀၀၀- ကျော် တက်ရောက်ကြသည်ဟုသိရသည်။

Posted by Thit Car Nwe 7:53 AM, under | No comments

http://www.youtube.com/watch?feature=player_embedded&v=Ju3HlQmpqko

ဝီကီလိခ်က မြန်မာကြေးနန်း ၁၄ခုအား ထပ်မံထုတ်ပြန်မည်

Posted by Thit Car Nwe 3:32 AM, under | No comments

ရန်ကုန်မြို့ အမေရိကန်သံရုံးမှ မိခင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ သည့် ကြေးနန်း ၁၈၀၀ကျော် အနက် အရေးကြီး သော ၅၀၀ ခန့် ကို ထပ်မံ ဖွင့်ချမည် မည်ဖြစ်ပြီး ယခု သီတင်းပတ် အတွင်း ကြေးနန်း ၁၄ ခု အား ထပ်မံဖွင့်ချနိုင်ဖွယ်ရှိသည်ဟု ပြင်သစ်နိုင်ငံမှ မြန်မာဝီကီလိခ်သို့ ပေးပို့ သည့်  အီးမေးလ်တွင် ဖော်ပြထားသည်။

အမေရိကန်သံရုံးကြေးနန်း ပေါက်ကြားမှုတွင် အရေးမကြီးသော ကြေးနန်းများမှာ ရန်ကုန်မြို့ ၃၈ လမ်းဈေး ရှိ လမ်းဘေး ဈေးသည်များအား စည်ပင်ရဲက လိုက်ဖမ်းမှု ၊ မီးပျက်သည့်အခါ ဆင်းရဲသားရပ်ကွက်များတွင် ကလေးငယ်များက ဖယောင်းတိုင်း လိုက်ရောင်းပုံများပါဝင်ပြီး ထပ်မံပေါက်ကြားနိုင်ဖွယ်ရှိသည့် အကြောင်းအရာကမူ မြန်မာစစ်အစိုးရ ၊ သက်ဆင် နှင့် ထိုင်း နိုင်ငံ၏ ဆက်ဆံရေး ဖြစ်နိုင်သည်ဟု သိရှိရသည်။

ယနေ့ ပေါက်ကြားသည့် Embassy of Singapore တွင် မူ စင်္ကာပူ ခေါင်းဆောင် လီကွမ်ယူက မြန်မာ စစ်ဗိုလ်ချုပ်များ ကြောင့် အရှေ့ တောင်အာရှ သည် အရှက် ရသည် ဟု ဖော်ပြထားသည်။   (မြန်မာဝီကီလိ)

မြန်မာ နိုင်ငံအကြောင်း မူရင်းကြေးနန်း ၁၀ ခု
(http://213.251.145.96/origin/33_0.html)
(မြန်မာ ၀ီကီလိခ်)

Posted by Thit Car Nwe 2:43 AM, under | No comments

Saturday, December 11, 2010

ဒေသအတွင်း တစ်နေ့တခြား ကျော်ကြားလာသည့် မြန်မာနိုင်ငံ

Posted by Thit Car Nwe 9:33 AM, under | No comments

၂၀၁၀ ခုနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တရုတ်အတိုက်အခံ Liu Xiaobo ကို စနေနေ့ကပဲ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဆုပေးပွဲ အခမ်းအနား ကျင်းပပြီး ပေးအပ်ခဲ့ပါတယ်။ အဲဒီအခမ်းးအနားကို ကမ္ဘာတ၀ှမ်းက နိုင်ငံပေါင်း ၆၅ နိုင်ငံဖိတ်ကြားခဲ့ပေမယ့် အနည်းဆုံး ၄၅ နိုင်ငံကသာ ဖိတ်ကြားစာကို လက်ခံခဲ့တယ်လို့သိရပါတယ်။ ယင်းဆုပေးပွဲအခမ်းအနားနဲ့ပတ်သက်ပြီး “ဒီအခမ်းအနားဟာ အလိမ်အညာတွေနဲ့ပြည့်နေတဲ့ နိုင်ငံရေးဇာတ်ခုံတခုလို့” တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဝေဖန်လိုက်တဲ့အပြင် ပြည်တွင်း ရုပ်သံတွေမှာလည်း ၄င်းအခမ်းအနားမြင်ကွင်း ပြသခွင့်များကို ပိတ်ပင်ခဲ့ပါတယ်လို့သိရပါတယ်။
တရုတ်အစိုးရဟာ သူတို့ပြည်တွင်းမှာသာ အဆိုပါအခမ်းနားနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေကို လုပ်ခဲ့တာသာမဟုတ်ပါဘူး ပြည်ပနိုင်ငံများကိုလည်း အဆိုပါဆုပေးပွဲအခမ်းအနားကို မတက်ရောက်ကြဖို့ အမျိုးမျိုး ဖိအားပေးတာမျိုးတွေကို လုပ်ခဲ့ပါသေးတယ်။ ယခုကျင်းပခဲ့တဲ့ အခမ်းအနားကို တက်ရောက်ရန်ပျက်ကွက်ခဲ့ကြတဲ့ နိုင်ငံအများစုဟာ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် အခမ်းအနား မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပြီး အဲဒီနိုင်ငံများစာရင်းထဲမှာ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဖိလစ်ပိုင်အစိုးရကိုယ်စားလှယ် ဆုပေးပွဲအခမ်းအနားကို တက်ရောက်ဖို့ ပျက်ကွက်မှုနဲ့ပတ်သက်ပြီး ပြည်တွင်းထုတ်သတင်းများက သမတ Aquino အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့ကြပါတယ်။ အဲဒီထဲမှာမှ သတင်းစာကြီးတစ်စောင်က သမတ Aquino အစိုးရဟာ စီးပွါးရေး လုံခြုံရေးပြဿနာတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ဆက်ဆံရေးပြေလည်စေဖို့အတွက် မိမိတို့နိုင်ငံရဲ့ လူအခွင့်ရေးနဲ့ဆိုင်တဲ့ ပုံရိပ်ကောင်းတွေကို စွန့်လွှတ် စတေးလိုက်တာဖြစ်ကြောင်းနှင့်၊ အခုလိုလုပ်လိုက်တဲ့အတွက် ဖိလစ်ပိုင်အစိုးရဟာ မြောက်ကိုးရီးယားနှင် မြန်မာနိုင်ငံတို့လိုပဲ တရုတ်အစိုးရရဲ့ မျက်နှာသာအပေးခံရတဲ့ သီးခြားမိတ်ဆွေနိုင်ငံ စာရင်းဝင်သွားပြီဖြစ်ကြောင်း ရေးသားဝေဖန်ထားပါတယ်။
စနေနေ့က ကျင်းပခဲ့တဲ့ အဆိုပါ နိုဘဲလ် ငြိမ်းချမ်းရေးဆုပေးပွဲမှာပဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က မြန်မာပြည်မှာ မိမိတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်တို့ကိုလည်း သတိယနေကြာင်း ထည့်သွင်းပြောသွားခဲ့ပါသေးတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများမှာပြုလုပ်တဲ့ အခမ်းအနားတွေ အစည်းဝေးတွေတိုင်းမှာ ကောင်းသတင်းတွေနဲ့ ကျော်ကြားနေရမယ့်အစား ဒေသအတွင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ မြောက်ကိုရီးယားနှင့် ခေတ်ပြိုင် နာမည်ဆိုးနဲ့ တစ်နေ့တစ်ခြား ကျော်ကြားလို့သာနေကြောင်း တင်ပြလိုက်ရပါတယ်။

Friday, December 10, 2010

ဗုဒ္ဓ၀ါဒနှင့် လူအခွင့်အရေး

Posted by Thit Car Nwe 8:47 AM, under | No comments

၁၉၄၈-ခုနှစ် ဒီဇင်ဘာလ ၁၀-ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှ တစ်ညီတစ်ညွတ်တည်း သဘောတူ ပြဌာန်းလိုက်သည့် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေငြာစာတမ်းကြီးသည် ယနေ့ဆိုလျှင် နှစ်ပေါင်း ၆၂- နှစ်ပင် ပြည့်မြောက်ခဲ့လေပြီ။ သို့သော်လည်း မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်းများစွာမှ ပြည်သူအများစုကြီးသည် လူအခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ရင်ဆိုင်ခံစားလို့နေကြရသည်။ အဆိုပါလူအခွင့်အရေး ကြေငြာစာတမ်း၏ အင်္ဂါရပ်တစ်ချက်ချင်းစီကို လေ့လာကြည့်ပါက အခြေခံလူကျင့်ဝတ်တစ်ခုဖြစ်သည့် မေတ္တာ ကရုဏာ တရားနှစ်ပါးကို အခြေခံထားသည်ကို တွေ့ရှိကြရပေလိမ့်မည်။ ၄င်းမေတ္တာ ကရုဏာစိတ်တို့ကို အခြေခံထားသည့် လူ့အခွင့်အရေးကြေငြာစာတမ်းသည့် ဗုဒ္ဓဘာသာဝင်များအတွက် အထူးအဆန်းမဟုတ်ဟုပင် ဆိုရပင်လိမ့်မည်။ သို့သော်လည်း ဗုဒ္ဓဘာသာထွန်းကားသည့် နိုင်ငံများတွင် အဆိုပါအပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေငြာစာတမ်းပါအတိုင်း ပြည်သူအများ ဘယ်အတိုင်းအတာအထိ ခံစားနိုင်ကြသနည်း ဆိုသည့် အမေးကတော့ လူအခွင့်အရေးလှုပ်ရှားသူတို့အကြား မေးစရာတစ်ခုပင် ဖြစ်လို့နေပေတော့သည်။

တကယ့်လက်တွေ့အားဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားလှပါသည်ဆိုသည့် မြန်မာနိုင်ငံသည်လည်း လူအခွင့်အရေးမှတ်တမ်းများအရ ကမ္ဘာပေါ်တွင် လူအခွင့်အရေး ချိုးဖောက်မှုအများဆုံး နိုင်ငံများ စာရင်းထဲတွင်ပါဝင်နေသည်။ ထို့ကြောင့် မည်သည့်ဘာသာတရားက ကောင်းသည် ဆိုးသည် ဆိုသည့် အမည်နာမတစ်ခု အောက်တွင် အငြင်းပွါးနေခြင်းသည် မိုက်မဲရာကြပြီး သဘောထား သေးသိမ်လွန်းရာကြပေလိမ့်မည်။ တကယ်တမ်းတွင် ဘာသာတရားတစ်ခု၏ အဆုံးအမနှင့် လူကျင့်ဝတ်များကို နားလည်သဘောပေါက်ပြီး လက်တွေ့လိုက်နာ ကျင့်သုံးမှုများကသာလျှင် အပြုဆောင်ပေသည်။
လူအခွင့်ရေး ကြေငြာစာတမ်းနဲ့ပတ်သက်ပြီး ပြောဆိုကြရာတွင် ဗုဒ္ဓဘာသာ၏အခမ်းကဏ္ဍသည် လူအခွင့်အရေးများကို ညွှန်ပြမထားကြောင်း ပြောဆိုလေ့ရှိကြသည်။ အဆိုပါပြောဆိုချက်များသည် ကျဉ်းမြောင်းသည့် အယူအဆများပေါ်တွင်သာ အခြေခံထားသည်ဟု ဆိုရပေလိမ့်မည်။ လူအခွင့်အရေးနဲ့ပတ်သက်ပြီး ဗုဒ္ဓ၀ါဒရှုထောင့်မှ ကြည့်ကြသည့်အခါတွင် တွေးခေါ်မှုဆိုရာ ဒဿနအမြင်နဲ့ လူကျင့်ဝတ်ပိုင်းဆိုရာ အခြေခံရှုထောင့်နှစ်ခုဖြင့် ရှုမြင်သင့်ကြပေသည်။ ၄င်းအခြေခံ ရှုထောင့်များဖြင့်ကြည့်ပါက အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြငြာစာတမ်း၏ အပိုဒ်ရေ တစ်ခုချင်းစီသည် ဗုဒ္ဓ၀ါဒနဲ့ ကိုက်ညီနေရုံမျှမကပဲ ဗုဒ္ဓဘာသာအတွက် အသစ်အဆန်းမျှပင် မဟုတ်ကြောင်းတွေ့ကြပေလိမ့်မည်။ ဥပမာအားဖြင့် လူအခွင့်အရေးကြေငြာစာတမ်း၏ အပိုဒ်တစ်နံပါတ်တွင် လူတိုင်းတွင် မွေးဖွားကတည်းက တူညီသော လူဂုဏ်သိက္ခာနှင့် မွေးရာပါအခွင့်အရေးများ ရပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။ ၄င်းဖော်ပြချက်အ၇ ဗုဒ္ဓဘာသာအမြင်ဖြင့် ကြည့်ကြပါ၇င် ဗုဒ္ဓ၀ါဒသည် ဖန်ဆင်းရှင်ဝါဒမဟုတ်သလို အပြဌာန်းခံဝါဒ သဘောတရားကိုလည်း လက်မခံပေ။ လူတိုင်းလူတိုင်းသည် အတိတ်က မိမိတို့ပြုလုပ်ခဲ့သည့် ကောင်းကံ ဆိုးကံအရ လွတ်လပ်စွာမွေးဖွားလာခဲ့ကြပြီး ၄င်းအတိတ်ကံများအရ မိမိတို့ခံစားနေကြရသည့် ကောင်းမွေ ဆိုးမွေများသည် မိမိသည်သာလျှင် တာဝန်အ၇ှိဆုံးဖြစ်သည်ဟု ယုံကြည်ထားသည်။ မည်သည့်တစ်ဦးတစ်ယောက် တန်ခိုးရှင်ကမှ ဖန်ဆင်းပေးလိုက်ခြင်းမျိုးမဟုတ်ပဲ မိမိသည်သာလျှင် ကံကြမ္မာ၏ ဖန်ဆင်းရှင်ဖြစ်သည်ဟု ယုံကြည့်ထားသည်။ လွတ်လပ်စွာမွေးဖွားလာခဲ့ကြသည့် လူသားများဖြစ်ကြသည့်အားလျှော်စွာ ကြိုးစားပါက မိမိသည်လည်း ဘုရားပင်ဖြစ်နိုင်သည့် တန်းတူညီမျှသည့် အကျိုးခံစားနိုင်ခွင့်ရှိသည်။ ငါသာလျှင်ဘုရားဖြစ်ပိုင်ခွင့်ရှိသည်၊ အခြားမည်သူတစ်ဦး တစ်ယောက်မျှ ဘုရားဖြစ်ပိုင်ခွင့်မရှိစေရဟု ခွဲခြားဆက်ဆံမှုမျိုးမရှိပေ။ အဆိုပါအချက်များဖြင့်ပင် ဗုဒ္ဓ၀ါဒသည် လူတိုင်းတွင် လူဂုဏ်သိက္ခာနဲ့အညီနေနိုင်စေရေး လူတိုင်းတန်းတူညီမျှ အခွင့်အရေး ရရှိရေးတို့ကို ဖော်ပြလျှက်ရှိကြောင်း ထင်ရှားစွာပြသနေသည်။
နိဂုံးချုပ်အနေအားဖြင့် မြန်မာနိုင်ငံမှ အုပ်ချုပ်သူအာဏာပိုင်များအနေဖြင့် ဗုဒ္ဓ၀ါဒကိုလေးစားသည့် စစ်မှန်သည့် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါလျှင် လူတန်းဖိုးနဲ့ လူတိုင်းတွင်ရရှိခံစားအပ်သည့် လူအခွင့်အရေး လူဂုဏ်သိက္ခာများကိုလည်း လေးစားလိုက်နာရန်အထူးလိုအပ်လှပေသည်။ သို့မှသာလျှင် ဗုဒ္ဓ၀ါဒကိုလေးစား တန်းဖိုးထား လိုက်နာကျ့င့်သုံးသည့် ဗုဒ္ဓဘာသာဝင်များအဖြစ် အသိမှတ်ပြုကြ၇ပေလိမ့်မည်။

(သခင်နွယ်)

Thursday, December 9, 2010

ရွှေဘုံသာလမ်း တိုက်ခန်း ဝါယာရှော့ခ်မှ မီးလောင်

Posted by Thit Car Nwe 3:47 AM, under , | No comments


ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်း (အလယ်) အမှတ် (၂၂၁/ ၂၂၃) အဆောက်အအုံရှိ သုံးလွှာ ဝဲဘက်အခြမ်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်ခန့်က လျှပ်စက်ဝါယာရှော့ခ် မှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ခုနစ်စီးဖြင့် လာရောက် ငြှိမ်းသတ်ခဲ့ကြောင်း၊ နာရီဝက်ခန့်အကြာ မီးငြိမ်းသတ်ခဲ့ရပြီး ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း The Voice Weekly တွင်ဖော်ပြထားသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏ တန်ဖိုးကို လောလောဆယ် မသိရှိသေးပေမယ့် အိမ်ရှင်ကတော့ မီးခိုးဒဏ်ကြောင့် မေ့သွားပြီး ဆေးရုံပို့လိုက်ရကြောင်းသိရသည် ။
ယနေ့ ၀၉.၁၂.၂၀၁၀ မွန်းလွဲ ၁ နာရီခွဲခန့်ကလည်း မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင်၏နေအိမ် မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းထွက်ပေါ်လျှက်ရှိသည်။ အဆိုပါ မီးလောင်ကျွမ်းမှုမှာလည်း ၀ါယာရှော့ခ်မှတဆင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟုသိရပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်သူအများ လျှပ်စက်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ နေ့စဉ်ရင်ဆိုင်နေကြရပြီး အဆိုပါ လျှပ်စက်ဝါယာရှော့ခ် များမှတစ်ဆင့် မကြာခဏ မီးလောင်မှုများ ဖြစ်ပွားနေကြောင်း မကြာခဏကြားသိနေကြရသည်။

မကြာမှီ ဖွင့်လှစ်မည့် မြန်မာ့အကြီးဆုံး တော်ဝင် ဈေးဝယ်စင်တာ

Posted by Thit Car Nwe 3:17 AM, under , | No comments


မြန်မာ့ပထမဆုံး 3D ရုပ်ရှင်ရုံနှစ်ရုံ၊ ရုံးခန်း ၁၆၀ ကျော်၊ ဆိုင်ခန်း ၆၀၀ ကျော်၊ မော်တော်ယာဉ် ၇၀၀ စီးဆန့် ကားပါကင်၊ ဓာတ်လှေကား ၁၀ ခု၊ စက်လှေကား ၁၄ ခု၊ ဂါလန်တစ်သိန်းကျော်ဆန့် အရေးပေါ် မီးသတ်ရေကန်တို့ ပါဝင်သည့် မြန်မာ့အကြီးဆုံး ရှော့ပင်စင်တာကြီး ဖြစ်သော တော်ဝင်စင်တာ၏ တည်ဆောက်မှု လုပ်ငန်းများသည် ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်ပြီး ယခုလ ၃၁ ရက်နေ့တွင် အကြိုဖွင့်ပွဲ (Soft Opening) ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

အဆိုပါ တော်ဝင်စင်တာသည် ဒဂုံမြို့နယ်အတွင်း ပြည်လမ်းကြီးပေါ်တွင် တည်ရှိပြီး ဆယ်ထပ် အဆောက်အဦတစ်ခု ဖြစ်သည်။ အထပ်တစ်ထပ်လျှင် ပျမ်းမျှ ဆိုင်ခန်း ၂၀၀ ခန့် ပါဝင်မည် ဖြစ်ပြီး ၁ လွှာမှ ၃ လွှာအထိ အရောင်းဆိုင်ခန်းများ ဖြစ်ကာ ၅ လွှာမှ ၈ လွှာအထိ ရုံးခန်းများ ဖြစ်မည်ဟု သိရှိရသည်။

ဈေးဝယ်ဧရိယာများ အတွက် ကားပါကင်ကို မြေအောက်တွင် သီးသန့် ပြုလုပ်ထားပြီး ၄ လွှာတွင် ရုံးခန်းများအတွက် သီးသန့် ကားပါကင် တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ထူးခြားချက် အနေဖြင့် အဆိုပါ တော်ဝင်စင်တာတွင် မီနီရုပ်ရှင်ရုံ ၄ ခု ပါဝင်မည် ဖြစ်ပြီး ၄င်းတို့အနက် ၂ ခုမှာ မြန်မာ့ပထမဆုံး 3D ရုပ်ရှင်ရုံ နှစ်ခု ဖြစ်သည်ဟု သတင်းရရှိသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည့် အကြိုဖွင့်ပွဲ (Soft Opening) ပြုလုပ်မည် ဖြစ်ပြီး ဆိုင်ခန်းအားလုံး ဖွင့်လှစ်မည့် အထူးဖွင့်ပွဲ (Grand Opening) ပြုလုပ်သည့်အခါ ပြည်တွင်း အနုပညာရှင်များနှင့် ကိုရီးယား သရုပ်ဆောင်များကို ဖွင့်လှစ်စေရန် စီစဉ်ထားသည် ဟုလည်း ကြားသိရသည်။

လက်ရှိ အဆိုပါ တော်ဝင်စင်တာတွင် ဆိုင်ခန်းအတော်များများ စတင်ငှားရမ်းပြီး ဖြစ်ပြီး ရုံးခန်းများ ငှားရမ်းပေးခြင်း မစတင်ရသေးကြောင်း သတင်းရရှိသည်။ (mmdailynews)

Wednesday, December 8, 2010

လေးစားလောက်ပါတဲ့ ဦးဦး တို့ရဲ့ မုဒိတာ

Posted by Thit Car Nwe 9:48 AM, under | No comments




မြန်မာသံရုံးဧည့်ခန်းတွင် တွေ့မြင်ရသည့် ပုံများ

တစ်ခုသော ညနေခင်း စာရေးသူထံ တယ်လီဖုန်းဝင်လာပါတယ်။ တယ်လီဖုံးသံက ခါတိုင်းကထက် ထူးဆန်းနေသလားလို့ပါ။ တယ်လီဖုံးသံကိုများ အထူးအဆန်းလုပ်ပြီး ပြောနေရသေးသလားလို့ ပြောစရာတော့ရှိပါတယ်။ အော် ထူးမှ သိပ်ထူးပေါ့။ သတင်းက နအဖရဲ့ စစ်သံရုံးနဲ့ ဆက်စပ်နေလို့လေ။ မြန်မာနိုင်ငံမှာ ထူးမခြားနားတာက ၂၀၁၀ နိုဝင်ဘာ ၇- ရက် မတိုင်ခင်ကအုပ်ချုပ်သူတွေနဲ့ နောက်ရက်ကစပြီး ယနေ့ထိ ဆက်ပြီး အနိုင်ကျင့် ဗိုလ်ကျ အုပ်ချုပ်လာခဲ့တဲ့ ဒီ စစ်သားလူမျိုး ဆိုတာကြီးတွေပဲမဟုတ်လား။ သိတယ်နော်------။
အစည်းဝေမှ မူရင်းပုံများ

ကိုင်း ထူးခြားပုံလေးကို ဆက်ပြောကြစို့--- ။ ဒီလိုလေ------- မြန်မာနိုင်ငံတော်ရဲ့ အလံသစ်ဆိုတာကြီးကို အောက်တိုဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်က မြန်မာနိုင်ငံတ၀န်းလုံးမှာရှိတဲ့ ၀န်ကြီးဌာနတွေမှာ တပြိုင်နက်တည်း လွှင့်ထူလိုက်ကြတယ်လေ--- မှတ်မိကြသေးတယ်ဟုတ် ။ မှတ်မှိကြရမှာပေါ့--- ရွှေနိုင်ကြီးရဲ့ သင်္ကေတတစ်ခုပဲဟာ။ ဒီနိုင်ငံတော် အလံသစ်ဆိုတာကြီးနဲ့ ပတ်သက်ပြီးတော့ပဲ ပြည်တွင်း ပြည်ပက မြန်မာတွေအများစုက ယတြာအလံကြီး လို့ပြောလိုပြော ဆန့်ကျင်ကန့်ကွက်တာတွေ လုပ်လိုလုပ်ခဲ့ကြ စသည် စသည်ဖြင့်ပေါ့။ အဲဒီအထဲမှာ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (MSMA) ကလည်း ထိပ်ဆုံးကပေါ့။ ဒီလိုနဲ့ပဲ စကားလုံး အကြီးကြီးနဲ့ ပြောရရင် ၂၆၊ ၁၀၊ ၂၀၁၀ (အင်္ဂါနေ့) ကပဲ အရေးပေါ်အစည်းဝေးကြီးခေါ် ၊ အဲဒီအစည်းဝေးမှာ နအဖ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကို အများပြည်သူများနည်းတူ မထောက်ခံ ဆန့်ကျင်ပါကြောင်း ၊ ပြည်သူလူထုရဲ့ အရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များက အတည်မပြုသေးပဲ နိုင်ငံတော်ရဲ့ ယခင်အလံဟောင်းကို ဖြုတ်ချ အလံသစ်ဆိုတာကြီးနဲ့ အစားထိုးခဲ့တဲ့ ကိစ္စကို ဆန့်ကျင်ပါကြောင်း စတာ စတာတွေပေါ့ ဆွေးနွေးဖြစ်ခဲ့ကြတယ်လေ။ အစည်းဝေးအပြီးမှာတော့ နအဖ စစ်အစိုးရရဲ့ ယတြာအလံ (အဲလေ ဟုတ်ပါဘူး) နိုင်ငံတော်အလံသစ်ဆိုတာကြီးကို လပေါင်းများစွာစုပုံထားခဲ့တဲ့ အမှိုက်ပုံပေါ်တင်ပြီး မီးသင်္ဂြိုလ် ပူဇော်လိုက်ကြတယ်။ အဲဒီ အစည်းဝေးမှတ်တမ်း ဓာတ်ပုံမှတ်တမ်းတွေကလည်း အစည်းဝေးပြီးတာနဲ့ပဲ ပြည်ပအခြေစိုက် သတင်းဌာန၀ဒ်ဆိုက်ပေါ်တွေမှာ ပျံ့နှံ့သွားခဲ့တယ်။ သူတို့တစ်တွေကလည်း သတင်းဦးဆိုတာထက် နိုင်ငံတော်အလံသစ်ကြီးကို ဂုဏ်ပြုချင်ကြတယ်နဲ့တူပါရဲ့။
အဲဒီလို ဂုဏ်ပြုကြသူတွေအထဲမှာမှ ထူးထူးဆန်းဆန်း ပါဝင်လာသူတစ်ဦးကတော့ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာရှိတဲ့ မြန်မာစစ်သံရုံးလေ။ စာရေးသူပြောပြချင်တဲ့ ထူးခြားတဲ့ တယ်လီဖုံးမြည်သံက သတင်းတစ်ခုဆိုတာ အဲဒါပါပဲ၊ ဇာတ်ေ၇လည်အောင် အတော်ညှိနေရတယ်။ နအဖ စစ်သံရုံးက အလံသစ်ကို မီးသဲင်္ဂြိုဟ်တာကိုပဲ ပူးပေါင်းပါဝင်ပြီးဂုဏ်ပြုတာလား ဒါမှမဟုတ် မီးသင်္ဂြိဟ်နေကြသူတွေကို ကြည့်ပြီး ၀မ်းမြောက်ဝမ်းသာဖြစ် မုဒိတာပွါးတာလားတော့ မသိပါဘူး သတင်းဌာနပေါင်း များစွာက တုန့်ပြန်မှုထက်တွေထက်ပင် သာလွန်သေးတယ်။ သာလွန်နေပုံဆိုတာက ဒီလိုလေ--- အဲဒီ မှတ်တမ်းဓာတ်ပုံတွေကို မြန်မာသံရုံးက ဓာတ်ပုံအဖြစ်ကူးယူပြီး သံရုံးဧည့်ခန်းရဲ့ မှန်ခင်းစားပွဲပေါ် အမှတ်တရ ပြသဂုဏ်ပြုထားတယ်ဆိုပဲ။ အော် လေးစားစရာပဲနော်---။ သိပ်ကိုပဲ အများရဲ့ ကောင်းမှုတွေကို မုဒိတာပွါးတတ်ကြတာပါကလား။ ဆယ်စုနှစ် နှစ်ခုအတွင်း သူတစ်ပါးရဲ့ ကောင်းမှုကို ယခုလို အားရ၀မ်းသာ အကောင်ထည်ဖော်ပြီး ယခုလိုလက်တွေ့ပြသလိုက်တာက ထူးဆန်းတဲ့ အချက်မဟုတ်ပေဘူးလား။ ဒါနဲ့ပဲ သူတို့ရဲ့ မုဒိတာတွေကို ထပ်ပြီး ဆင့်ပွါးမုဒိတာပွါးလိုက်ပါတယ်နော်။ သံရုံးက ဦးဦး တို့ရဲ့ ကြီးမားလှတဲ့ မုဒိတာစိတ်ကို လေးစားလျှက်ပါ----။
အော် ဒါနဲ့ မပြီးခင် စကားစပ်မိတုန်း လက်တို့ပြီးတော့ ပြောလိုက်ရအုံးမယ်--- ဒီဆောင်းပါးလေး ဖတ်ပြီးရင်လည်း မှတ်တမ်းဓာတ်ပုံလေးတွေ ယခင်ရှိနေကြ နေရာဖြစ်တဲ့ သံရုံးဧည့်ခန်းရဲ့ မှန်ခင်းစားပွဲပေါ်လေးတွေပေါ်မှာပဲ ဆက်လက်စံမြန်းတော်မူနေကြတာကို တွေ့မြင်ပါရစေနော် ။

(အရှင်သစ္စာဝံသ)

Tags

Labels

Blog Archive

Sponsors

Blog Archive

Recent Posts


ShoutMix chat widget