Warmly welcome to သစ္စာနွယ်ဘလော့ခ်

Tuesday, May 24, 2011

စတီးပုရပိုက်များဖြင့် ပိဋကတ်သုံးပုံကို ရေးသားဌာပနာသွင်း

Posted by Thit Car Nwe 4:59 AM, under | No comments

၁၇.၅.၂၀၁၁-ရက်နေ့ နံနကိုပိုင်းက ပုဂံ-ညောင်ဦးဒေသရှိ ငှက်ပစ်တောင် ပေါ်တော်မူဘုရားအနီးရှိ ရှေးဟောင်း ရှင်အရဟံ သိမ်တော်ကြီးအတွင်း တိပိဋကတ်သုံးပုံကို ပထမဆုံးအကြိမ်အဖြစ် စတီးပုရပိုက်များဖြင့် ရေးသားကာ ဌာပနာသွင်းခြင်းကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းရှင်အရဟံ သိမ်တော်ကြီးကို အေဒီ ၁၁-ရာစုခန့်က ပုဂံညောင်ဦးဒေသတွင် ရှင်အရဟံမထေရ်ကိုယ်တိုင် သိမ်အဖြစ်သမုတ်ပေးခဲ့သည်ဟုသိရပြီး မြန်မာနိုင်ငံတွင် ရဟန္တာအရှင်မြတ်များ သမုတ်ခဲ့သည့် သိမ်ကိုးသိမ်ထဲတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။
ယင်းသိမ်တော်ကြီးအတွင်း ဌာပနာခဲ့သည့် စတီးပုရပိုက်ပေါင်း ၁၁၆၅၈ ချပ်ဖြစ်ပြီး တစ်ချပ်လျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် အကုန်အကျခံကာ ပူဇော် ဌာပနာသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပိဋကတ်သုံးပုံကို စတီးပုရပိုက်များဖြင့် ရေးထိုးဌပနာသွင်းခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး စတီးပုရပိုက်များအပြင် ဘုရားရှင်၏ မွေတော်ဓါတ်တော်များလည်း ထည့်သွင်းဌာပနာထားကြောင်း မေလ ၂၆-ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment