11.11.2010
ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျခံနေရသည့် နေအိမ်အကျယ်ချုပ် အယူခံလွှာကို နေပြည်တော် တရားရုံးချုပ်မှ ပယ်ချလိုက်ကြောင်း သိရသည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံလွှာကို နေပြည်တော်ရှိ တရားရုံးချုပ်မှ အောက်တိုဘာ ၂၉ ရက်နေ့တွင် လက်ခံ ကြားနာ စစ်ဆေးခဲ့ပြီး ယနေ့တွင် အဆိုပါအယူခံလွှာကို ပယ်ချလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုကြီးအပြီးကတည်းမှ နေအိမ်အကျယ်ချုပ်ဖြင့် ၆ နှစ်ကြာ ထိန်းသိမ်းထားခဲ့ပြီး အဆိုပါ နေအိမ်အချုပ်ပြည့်ခါနီးတွင် သူမ၏ နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်ခဲ့ရာမှ နေအိမ် အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ၂၀၀၉ ခုနှစ် သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသည်။ သိုသော်လည်း ၄င်းအမိန့်ချသည့်နေတွင်ပင် ဗိုလ်ချုပ်မှူးကြီး၏အမိန့်ဟုဆိုကာ နေအိမ်အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။
လာမည့် နိုဝင်ဘာ ၁၃ ရက် စနေနေ့သည် သူမ၏ နေအိမ်အကျယ်ချုပသက်တမ်း ၁၈ လ ပြည့်ပြီဖြစ်ပြီး ပြန်လည် လွတ်မြောက်ရမည့် ရက်ဖြစ်သည်။ လေ့လာသုံးသပ်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ရက်အတွင်း ပြန်လည်လွှတ်ပေးဖွယ်ရှိတာကြောင့် စစ်အစိုးရက မိမိတို့မူလက သတ်မှတ်ထားသည့် ဥပဒေအတိုင်း နောက်ဆုံးအချိန်ထိ အမှန်အဖြစ် ဆုပ်ကိုင်ထားတာဖြစ်နိုင်ကြောင်းပြောဆိုနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကတော့ အဆိုပါအကျယ်ချုပ်ဥပဒေမှာ တရားဥပဒေနဲ့မညီညွတ်ကြောင်း ကြိမ်ဖန်များစွာပြောဆိုခဲ့ပြီးဖြစ်သည်။
2500 - ဗုဒ္ဓသို့ အလွမ်း
2 years ago
0 comments:
Post a Comment