Warmly welcome to သစ္စာနွယ်ဘလော့ခ်

Sunday, November 14, 2010

မတူညီတဲ့ မျဉ်းပြိုင်နှစ်ခု

Posted by Thit Car Nwe 10:59 AM, under | No comments

14.11.2010

ဒီတစ်လအတွင်း တွေ့မြင် ကြားသိလိုက်ကြရတဲ့ မတူညီတဲ့ မျဉ်းပြိုင်နှစ်ခုကတော့ နိုဝင်ဘာ ၇-ရက်နေ့ ရွေးကောက်ပွဲမတိုင်မှီ ကာလများဆီက ပါတီအသီးသီးရဲ့ မဲဆွယ်မှုတွေအတွင်းက ပြည်သူလူထု တက်ရောက်နားထောင်ကြသူများနဲ့ နိုဝင်ဘာ ၁၃-ရက်နေ့က နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်အစိုးရမှ မတရား အကောက်ကြံပြီး မတရားတဲ့ ဥပဒေတွေနဲ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အချိန် သူမကို လာရောက်နှုတ်ဆက်ကြတဲ့ ပြည်သူလူထုကြီးရဲ့မြင်ကွင်း နောက်တစ်နေ့ NLD အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို လာရောက်နောထောင်ကြသူ လူအုပ်ကြီး ဒီနှစ်ခု ခြားနားချက်ပါပဲ။
စစ်အုပ်စုက ပါတီထောင်ပြီး ဖွဲ့စည်းထားတဲ့ ကြံဖွတ်ပါတီရဲ့ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလအတွင်း ပြည်သူတွေကို သူတို့ရဲ့ ဟောပြောစည်းရုံးရေး လာရောက်နားမထောင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု သူတို့ပါတီကို မဲပေးရင် ဘာပေးမယ် စတဲ့ ချော့လုံးတွေက တစ်ဖုံ နည်းမျိုးစုံသုံးပြီး မဲဆွယ်ခဲ့ပေမယ့် တက်ရောက်လာတဲ့ ပရိသတ်ဟာ လက်ဆယ်ခြောင်း ရေတွက်လို့ ဆယ်ကြိမ်မကျော်နိုင်ပါဘူး။
ကိုင်း အခုတော့ ခြိမ်းခြောက်မှုလည်းကင်း ကိုယ်သောက်ဖို့ ကိုယ့်ရေဗူးလေးတွေကိုတိုင် ကိုယ်စီသယ်ဆောင်လာခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို လာရောက်နားထောင်ကြတဲ့ ပရိသတ်ကြီးကတော့ အံ့မခန်းတဲ့လူပင်လည်ကြီးပါပဲ။ မတူညီတဲ့ ဖြစ်စဉ်နှစ်ခုရဲ့ နောက်ကွယ်က အဓိကလက်သည်တရားခံကတော့ အရာရာကို မတရားတဲ့အမိန့်တွေနဲ့ ဖိအားပေးတတ်တဲ့ သဘောတရားနဲ့ လူအများရဲ့မေတ္တာကို ကိုယ်ချင်းစာနာမှုတရားအခြေခံတဲ့ စဉ်ကြယ်တဲ့ နှလုံးသား အခြေခံတို့ရဲ့ မတူညီတဲ့ အကြိုးရလာဒ်တွေပဲဖြစ်ပါတယ်။ တစ်ဦးပေါ်တစ်ဦးအပေါ်မှာထားရှိတဲ့ ကိုယ်ချင်းစာတရား မေတ္တာတရား တွေဆိုတာဟာ တစ်ဖက်လူရဲ့ မေတ္တာနဲ့တုံ့ပြန်လာမှု မိမိရဲ့ အမိန့်ကို နာခံမှုတို့ကို ဖိတ်ခေါ်နေသလိုဖြစ်စေပြီး ။ အတင်းအဓမ္မ ဖိအားပေးမှုတွေ မတရားဖိနှိပ် အနိုင်ကျင့်မှုတွေကတော့ တစ်ဖက်လူကို မကျေနပ်မှုတွေ ခုခံတော်လှန်မှုတွေဖြစ်ပေါ်လာအောင် နှိုးဆွပေးသလိုသာ ဖြစ်စေပါတယ်။

0 comments:

Post a Comment