18.11.2010
မကြာခင်ကမှ ကျင်းပပြီးစီးသွားခဲ့သည့် မြန်မာပြည်က စစ်အစိုးရရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းပြသည့်အနေဖြင် ဖိလစ်ပိုင်နိုင်ငံ မနီလာရှိ နအဖ စစ်သံရုံးရှေ့သို့ မြန်မာအရေးလှုပ်ရှားသူများက ချီတက်ဆန္ဒပြခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အကျယ်ချုပ်မှလွတ်မြောက်လာသည့် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလည်း ချီးကြူးဂုဏ်ပြုသွားခဲ့ကြသည်။ မြန်မာနိုင်ငံမှာ အဓိကပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးလိုက်ရုံမျှဖြင့်မလုံလောက်ကြောင်း အတိုက်အခံနှင့် အဏာပိုင်တို့ကြား စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် မြန်မာနိုင်ငံရေးပြဿနာများကို အဖြေရှာရန်ကိုလည်း တိုက်တွန်းတောင်းဆိုသွားခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံသည် မြန်မာအပါအ၀င် အာဆီယံဆယ်နိုင်ငံအသင်းတွင် အဖွဲ့ဝင်တစ်နိုင်ငံအဖြစ်ပါဝင်နေပြီး မြန်မာအရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားပေးနေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။
ယခုနောက်ဆုံး ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ ရွေးကောက်ပွဲတွင် လွှတ်တော် သုံးရပ်ရှိ နေရာပေါင်း ၁၁၅၄ နေရာတွင် ကြံ့ဖွံ့ပါတီက ၈၈၃ နေရာ အနိုင်ရပြီး ရာခိုင်နှုန်း အားဖြင့် ၇၆.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တစည ပါတီက ၆၃ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၅၇ နေရာ၊ ရခိုင် တိုင်းရင်း သား များ တိုးတက်ရေး ပါတီက ၃၅ နေရာ၊ NDF နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က ၁၆ နေရာစီ အနိုင်ရရှိ ကြောင်း တရုတ် People Daily အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
2500 - ဗုဒ္ဓသို့ အလွမ်း
2 years ago
0 comments:
Post a Comment