Warmly welcome to သစ္စာနွယ်ဘလော့ခ်

Saturday, June 18, 2011

တစ်နပ်စား လမ်းစဉ်

Posted by Thit Car Nwe 8:56 AM, under | No comments

စိတ်ချမ်းသာစွာနေထိုင်နိုင်ရေးသည် ဘ၀တစ်ခုအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ မည်မျှပင် ရှိနေစေကာမူ စိတ်ချမ်းသာမှုတစ်ခု ဆိတ်သုဉ်းနေပါက ရရှိထားသည့် ဘ၀တစ်ခု၏တန်ဖိုးသည် ပြီးပြည့်စုံသည်ဟု မဆိုသာပေ။ တစ်ချိန်တည်းမှာပင် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံခြင်းသည် စိတ်ချမ်းသာရေးတွင် အထောက်အပံ့တစ်ခုအနေဖြင့် ပါဝင်နေသည်ကိုလည်း ငြင်းပယ်၍မရနိုင်ပေ။ ဤနေရာတွင် ဘ၀အတွက် ပဓာနနှင့် သာမညကို နားလည်သဘောပေါက်ပြီး ပဓာနကျသည့် လမ်းကြောင်းအမှန်ကို ရွေးချယ်ပြီး လက်တွေ့ကျကျ ကျင့်သုံးနိုင်မှသာလျှင် ဘ၀တွင်သာယာချောမွေ့ပြီး ပျော်ရွှင်မှုကို ရရှိနိုင်ပေလိမ့်မည်။ ယနေ့ကာလတွင်...

Tuesday, May 31, 2011

တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် မြန်မာပြည်ကြွမည်

Posted by Thit Car Nwe 1:27 AM, under , | No comments

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ချစ်ကြည်ရေး အဖွဲ့ဝင်များသည် မေ ၂၈-ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ Ba Da Chu ဥယျာဉ်ရှိ ဗုဒ္ဓစွယ်တော်မြတ် ကိန်းဝပ် စံပယ်တော်မူရာ Ling Guang Si Buddhist Temple သို့ သွားရောက်ရှိခဲ့ကြပြီး ဗုဒ္ဓစွယ်တော်မြတ်အား ဖူးမြော် ကြည်ညိုခဲ့ကြသည်ဟုသိရသည်။ ၄င်းခရီးစဉ်အတွင်း ဗုဒ္ဓစွယ်တော်မြတ် မြန်မာနိုင်ငံသို့ ဒေသစာရီ ကြွချီရန် ပင့်လျှောက်ထားခဲ့ကြောင်းနှင့်...

Monday, May 30, 2011

အကျဉ်းသားများ ဘာသာတရားဖြင့် ပြုပြင်ပြောင်းလဲရေးအစီစဉ်စတင်

Posted by Thit Car Nwe 10:30 AM, under , | No comments

သီရိလင်္ကာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ၏ ကိုယ်ကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ရည်ရွယ်ပြီး မေလ ၁၃ ရက်နေ့က နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်ပေါင်း ၃၃ ခုတွင် ဘာသာရေးကျောင်းများကို တရားဝင် ဖွင့်လှစ်လိုက်ကြောင်းသိရသည်။ အဆိုပါ အစီစဉ်ကို အကျဉ်းသားများ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေးဝန်ကြီးမှ ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပြီး သေးငယ်သည့်ပြစ်မှု ကျူးလွန်ခဲကြသူများကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာန်ဘာသာတို့မှ ဘာသာရေးအဆုံးအမများကို...

Tuesday, May 24, 2011

စတီးပုရပိုက်များဖြင့် ပိဋကတ်သုံးပုံကို ရေးသားဌာပနာသွင်း

Posted by Thit Car Nwe 4:59 AM, under | No comments

၁၇.၅.၂၀၁၁-ရက်နေ့ နံနကိုပိုင်းက ပုဂံ-ညောင်ဦးဒေသရှိ ငှက်ပစ်တောင် ပေါ်တော်မူဘုရားအနီးရှိ ရှေးဟောင်း ရှင်အရဟံ သိမ်တော်ကြီးအတွင်း တိပိဋကတ်သုံးပုံကို ပထမဆုံးအကြိမ်အဖြစ် စတီးပုရပိုက်များဖြင့် ရေးသားကာ ဌာပနာသွင်းခြင်းကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းရှင်အရဟံ သိမ်တော်ကြီးကို အေဒီ ၁၁-ရာစုခန့်က ပုဂံညောင်ဦးဒေသတွင် ရှင်အရဟံမထေရ်ကိုယ်တိုင် သိမ်အဖြစ်သမုတ်ပေးခဲ့သည်ဟုသိရပြီး မြန်မာနိုင်ငံတွင် ရဟန္တာအရှင်မြတ်များ သမုတ်ခဲ့သည့် သိမ်ကိုးသိမ်ထဲတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။ ယင်းသိမ်တော်ကြီးအတွင်း ဌာပနာခဲ့သည့် စတီးပုရပိုက်ပေါင်း ၁၁၆၅၈ ချပ်ဖြစ်ပြီး...

Monday, May 16, 2011

မြတ်ဗုဒ္ဓ၏ မီးပြတိုက်

Posted by Thit Car Nwe 8:35 AM, under | No comments

ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် မွေးဖွားတော်မူသည့်နေ့၊ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူသည့်နေ့ ၊ မြတ်စွာဘုရားရှင်၏ ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ ဟူသည့် သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်ပြီး ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ အထူးခြားဆုံး နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပေသည်။ ယင်းကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ကို 1999 ခုနှစ်တွင် ကမ္ဘာကုလသမဂ္ဂ၏ နေ့တစ်နေ့အဖြစ်ဖြင့် အထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချကာ အသိမှတ်ပြုပေးခဲ့သည်။ ၄င်းအချိန်မှစ၍ နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း...

Saturday, May 14, 2011

အကျဉ်းသား ၂၆၀၀ လွှတ်ပေးမည်

Posted by Thit Car Nwe 12:15 PM, under , | No comments

မကြာမှီရက်ပိုင်းအတွင်း ကျင်းပတော့မည့် ဗုဒ္ဓသာသနာ၂၆၀၀- ခရီး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်ဖြင့် သီရိလင်္ကာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား ၂၆၀၀ ကိုလွှတ်ပေးမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး V.R. De Silva က သတင်းဌာနများသို့ပြောကြားသည်။ ဗုဒ္ဓသာသနာ၂၆၀၀ ခရီး အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် သမ္မတ President Mahinda Rajapaksa ၏ အမိန့်ဖြင့် သေးငယ်သည့်ပြစ်မှု ကျူးလွန်ခဲ့သူများနှင့် ဒဏ်ငွေပေးဆောင်ရန်ပျက်ကွက်မှုဖြင့်...

Friday, May 13, 2011

တကျော့ပြန် ခေါင်းထောင်လာသည့် စိတ်ဓာတ်မြင့်တင်ရေးသင်တန်း

Posted by Thit Car Nwe 10:25 AM, under , | No comments

ယခုနှစ် ဇန်န၀ါရီလအတွင်းက မြန်မာနိုင်ငံတွင် တစ်နေ့တခြား လူပြောများနေခဲ့သည့် သင်္ကန်းအရေခြုံ အရှင်ဣဒ္ဓိပါလဆိုသူ၏ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မလျှော်ကန်သည့် စိတ်ဓာတ်မြင့်တင်ရေးအမည်ခံ သင်တန်းကြောင့် ပြည်တွင်းပြည်ပရှိ သံဃာတော်များနှင့် လူဒါယိကာ ဒါယိကာမများမှ အပြင်းအထန် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် အဆိုပါ သင်တန်းခေါင်းဆောင် အရှင်ဣဒ္ဓိပါလဆိုသူအား နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့သည်ဟု ကြားသိခဲ့ရပြီး ယင်းသင်တန်းမှာလည်း ရပ်နားခဲ့ရသည်။...

Tuesday, April 26, 2011

ကျောင်းသားသပိတ် ကျောက်စာတိုင် ပြန်ဖွင့်မည်

Posted by Thit Car Nwe 10:06 PM, under , | No comments

ရန်ကုန်မြို့ ၊ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်ရှိ ကျောင်းသားသပိတ် ကျောက်စာတိုင်ကို မကြာမီပြန်လည် ဖွင့်လှစ်တော့မည်ကြောင်း mmdailynews တွင်ဖော်ပြထားသည်။ ယခင်က တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားခဲ့ပြီး ယခုအခါတွင် ယင်းကျောက်စာတိုင်ကို အများပြည်သူများ ပုံမှန်ကြည့်ရှုခွင့် ရနိုင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ပေးရန် ရွှေတိဂုံဂေါပကအဖွဲ့မှ ကြိုးပမ်းလျက်ရှိကြောင်းနှင့် မကြာမှီပြန်လည်ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်းကိုလည်း ယင်းသတင်းဝဒ်ဆိုက်တွင် ဖော်ပြထားသည်။အဆိုပါကျောက်စာတိုင်သည်...

Friday, April 15, 2011

မြန်မာငါးဖမ်းသမားများ သီရိလင်္ကာကယ်ဆယ်

Posted by Thit Car Nwe 8:14 AM, under , | No comments

နိုင်ငံတကာရေပိုင်နက်အတွင်း စက်ပျက်ပြီး  မျောပါနေသည့် သဘောင်္သား ၁၂- ဦးပါ မြန်မာငါးဖမ်းလှေတစ်စီးကို သီရိလင်္ကာ ငါးဖမ်းလှေမှ ကယ်ဆယ်နိုင်လိုက်ကြောင်း သီရိလင်္ကာရေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Kosala Warnakulasuriya ကို ကိုးကားပြီး သီရိလင်္ကာနေ့စဉ်ထုတ် သတင်းစာတွင်ဖော်ပြထားသည်။ အဆိုပါမြန်မာ ငါးဖမ်းသမားများကို ကယ်တင်လာသည့် သီရိလင်္ကာငါးဖမ်းလှေသည် ယခုအခါတွင် သီရိလင်္ကာနိုင်ငံ ထရိန်ကိုမာလီသဘောင်္ဆိပ်သို့ ဦးတည်ခုတ်မောင်းလာနေပြီး မနက်ဖြန်တွင်ရောက်ရှိလာမည်...

Thursday, April 14, 2011

ပိတောက်ချစ်သူ

Posted by Thit Car Nwe 3:30 AM, under | No comments

...

Posted by Thit Car Nwe 3:26 AM, under | No comments

...

Posted by Thit Car Nwe 3:20 AM, under | No comments

...

Posted by Thit Car Nwe 3:16 AM, under | No comments

...

Saturday, March 5, 2011

သက်ဆိုင်သူသို့

Posted by Thit Car Nwe 4:14 AM, under | No comments

“ပုဂ္ဂိုလ်ရေးအရ သံဃာတော်တွေဟာ နိုင်ငံရေးထဲမှာ မပါဝင်စေချင်ဘူး၊ သာသနာကို သန့်သန့်ရှင်းရှင်းနဲ့ ဗုဒ္ဓရဲ့ ၀ိနည်းအတိုင်း ဗုဒ္ဓရဲ့ စကားကိုနားထောင်ပြီး နိုင်ငံရေးလုပ်မယ့်အစား တမဂ် တဖိုလ်ပေါက်အောင် လုပ်ပြီးတော့ လူထုကို ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးတရားတွေဟောနိုင်တဲ့ ကိုယ်တော်တွေ ဖြစ်စေချင်တယ်” ။ ယခုဖော်ပြလိုက်သည့် စာသားမှာ မတ်လ ၂-ရက်နေ့ ည ဘီဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီစဉ်တွင် ဂျပန်နိုင်ငံမှ ဦးညွန့်ရွှေ ၏ ပါဝင်ဆွေးနွေးချက် စကားကိုကောက်နှုတ် ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ ယင်းဆွေးနွေးမှုအစီစဉ်တွင် ဦးညွန့်ရွှေ ၏ဆွေးနွေးချက်ကို အပေါ်ယံ ကြည့်ပါက ရဟန်းသံဃာတော်များအပေါ်တွင်...

Sunday, February 27, 2011

ရန်ကုန်တွင်ပေါက်ကွဲမှုဖြစ်ပွါး

Posted by Thit Car Nwe 7:36 PM, under , | No comments

ရန်ကုန်တိုင်း ၊အင်းစိန်မြို့နယ်အတွင်းရှိ အောင်ဇေယျတံတားအနီးတွင် တနင်္ဂနွေနေ့ ညနေ ၇ နာရီ ၁၀ မိနစ်ခန့်က ပေါက်ကွဲမှုတခုဖြစ်ပွား ခဲ့ရာ ဖောက်ခွဲရေးပစ္စည်းကို သယ်ဆောင်လာသူအပါအ၀င် လူခြောက်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းနဲ့ နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေနေတွင်ရှိကြောင်းသိရသည်။ အဆိုပါပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဇော်မင်းသန်း ဆိုသူကို ရဲက စွပ်စွဲထားပြီး ၄င်းမှ အိပ်တစ်အိပ်ကို ကွမ်းယာဆိုင်တစ်ဆိုင်အား လွဲပြောင်းပေးစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပေါက်ကွဲမှုကြောင့်...

Wednesday, February 16, 2011

တာဝန်မဲ့လွန်းသည့် သီရိလင်္ကာ မြန်မာသံရုံး

Posted by Thit Car Nwe 8:33 PM, under | No comments

သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့် နိုင်ငံတနိုင်ငံဆိုသည်အား ထေရ၀ါဒဗုဒ္ဓဘာသာ ကို လေ့လာထားကြပြီးသူတိုင်း သိပြီးဖြစ်သည်။ သီရိလင်္ကာနိုင်ငံသူ/သားများ၏ သာသနာ့ဝန်ထမ်း ရဟန်းသံ ဃာတော်များနှင့် ဘာသာရေးအပေါ်မှာ ရိုသေလေးစားမှုများမှာလည်း ဗုဒ္ဓဘာသာဝင်တိုင်း အတုယူစရာတခု ပင် ဖြစ်လို့နေပါသည်။ သီရိလင်္ကာနိုင်ငံတွင်းမှာ နေထိုင်ပြီး စာပေသင်ကြားနေကြသည့် နိုင်ငံပေါင်းစုံမှ သာ သနာ့ဝန်ထမ်းများအတွက် နေထိုင်ခွင့် ဗီဇာကို အခမဲ့ ဆောင်ရွက်ပေးနေခြင်းမှာလည်း ထိုနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာသာသာနာ၏ ဂုဏ်ရောင်ကို ပိုပြီးတောက်ပြောင်စေသည်။ သီရိလင်္ကာနိုင်ငံအခြေစိုက် ပြည်ပနိုင်ငံကိုယ်စားပြုသည့်...

Sunday, January 30, 2011

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်တာနက်ဝဒ်ဆိုက် စတင်

Posted by Thit Car Nwe 7:11 AM, under , | No comments

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၄င်းတို့၏ http://burmese.nldburma.org/ အင်တာနက်သတင်းဝဒ်ဆိုက်တစ်ခုကို စတင်တည်ထောင်လိုက်သည်။ ယင်းဝဒ်ဆိုက်တွင် မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ခွန်းဆက်လွှာကို အောက်ပါအတိုင်း တွေ့မြင်နိုင်သည်။မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ကျယ်ပြန့်ခြင်းက အဓိကဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေ လုပ်ကိုင်လှုပ်ရှားမှုတွေကို...

Saturday, January 29, 2011

အရှက် အကြောက် တရားနှစ်ပါး ကင်းမဲ့ခဲ့သော်--- အပိုင်း ( ၂ )

Posted by Thit Car Nwe 10:27 AM, under , | 1 comment

တစ်ချိန်က ဂန္ဓာရတိုင်းခေါ် ယနေ့ ပါကစ္စတန်၊ အာဖဂန်နစ်စတန်၊ တာကစ္စတန် ၊ ယောနကတိုင်းခေါ် တူရကီ နှင့် ဂရိနိုင်ငံများအထိ ဗုဒ္ဓသာသနာတော်ကြီး၏ ရောင်ဝါသည် ထွန်းလင်းတောက်ပခဲ့သော်လည်း ယနေ့အချိန်အခါတွင် အဆိုပါဒေသများ၌ ပျောက်ကွယ်သွားခဲ့လေပြီ။ မြတ်ဗုဒ္ဓသာသနာ၏ ပေါ်ထွန်းရာမြေအဖြစ် အသိမှတ်ပြုထားကြသည့် ယနေ့ အိန္ဒိပြည်ကြီး၌ပင် ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်း ရာချီ၍ပင်ရှိခဲ့လေပြီ ။ ယင်းကဲ့သို့ ဗုဒ္ဓသာသနာတော်ကြီး ကွယ်ပသွားခဲ့ရခြင်းတွင် အခြားဘာသာဝင်တို့၏ ကြီးစိုးလွမ်းမိုးလာမှုတို့နှင့်...

Wednesday, January 26, 2011

လိုကယ်စိတ်နဲ့ ဂလိုဘယ်ခေတ်

Posted by Thit Car Nwe 9:09 AM, under | No comments

မြန်မာစီပွားရေး လောကသားတွေရဲ့ လက်သုံးစကားတစ်ခွန်း ရှိသေးတယ်။ “အလုပ်ရှင် အလုပ်သမားလို သဘောမထားပါဘူး၊ မိသားစုလို သဘောထားပါတယ်”ဆိုတာ ဖြစ်တယ်။ ဒီစကားဟာ တော်တော်ကို စီးပွားရေးသမား မပီသတဲ့စကား၊ ပရော်ဖက်ရှင်နယ် မဆန်တဲ့စကား ဖြစ်တယ်ဆိုတာကို မသိကြဘူး။ ခပ်လွယ်လွယ် ပြောလိုက်တဲ့ သဘောဖြစ်တယ်။ စီးပွားရေးလုပ်တယ်ဆိုတာ ပရဟိတဂေဟာ ဖွင့်တာ မဟုတ်ဘူး။ အလှူပေးနေတာလည်း မဟုတ်ဘူး။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ တိကျတဲ့ စည်းကမ်းတွေ ရှိရမယ်။ နှစ်ဦးသဘောတူထားတဲ့ ပဋိဥာဉ်တွေ ရှိရမယ်။ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ ရှင်းရှင်းလင်းလင်း တိတိကျကျ ရေးဆွဲထားတာ ရှိရမယ်။ ပရော်ဖက်ရှင်နယ်...

ကြယ်တာရာ ပေါက်ကွဲမှုကြောင့် ကမ္ဘာကြီး ရက်သတ္တပတ် နေ့ချည်းသက်သက် ဖြစ်ပေါ်ရန် အချိန်နီးကပ်ဟု ပညာရှင်များဆို

Posted by Thit Car Nwe 8:21 AM, under , | No comments

ကမ္ဘာ့နက္ခတ်တာရာ ပညာရှင်များသည် သမိုင်းတင်ပြီးခေတ် နောက်ပိုင်း ယနေ့ ၂၁ ရာစုအတွင်း အာကာသဆိုင်ရာ အထူးခြား ဆန်းကြယ်ဆုံး သတင်းတစ်ပုဒ် အဖြစ် ကမ္ဘာကြီးအတွက် ဒုတိယမြောက် နေလုံးတစ်ခု ပေါ်လာပြီး နေ့ညကွဲပြားခြင်း ခေတ္တရပ်ဆိုင်းသွားနိုင်သည် ဆိုသော သတင်းကို သြစတြေးလျ သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က တင်ပြခဲ့သည်။၎င်းတို့၏ စောင့်ကြည့်လေ့လာချက်များအရ ကမ္ဘာ့ကောင်းကင်မှ မြင်ရသော ကြယ်ကြီးများထဲတွင် အဌမအကြီးဆုံး အနီရောင် ကြယ်ကြီး ဖြစ်သည့် Betelgeuse သည် ဆက်လက်တည်ရှိနိုင်ရန်...

Tuesday, January 25, 2011

အိန္ဒိယ ဆိုက်ရောက်ဗီဇာ မြန်မာပါဝင်

Posted by Thit Car Nwe 4:02 AM, under | No comments

အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာကြသည့် ခရီးသွားဧည့်သည်များအား ဆိုက်ရောက်ဗီဇာထုတ်ပေးသည့် နိုင်ငံများစာရင်းတွင် မြန်မာနှင့် အင်ဒိုနိရှားနှစ်နိုင်ငံကိုပါ တိုးချဲ့လိုက်ကြောင်း အိန္ဒိယ အစိုးမှ ယနေ့ထုတ်ပြန်ကြေငြလိုက်သည်။ အဆိုပါ ဆိုက်ရောက်ဗီဇာထုတ်ပေးရေး အစီစဉ်ကို ပြီးခဲ့သည့် 2010 ခုနှစ် ဇန်န၀ါရီ ၁-ရက်နေ့တည်း စတင်ကျင့်သုံးခဲ့တာ ဖြစ်ပြီး ဂျပန် စင်္ကာပူ ဖင်လန် နယူးဇီလန်နှင့် Luxembourg တို့ ပါဝင်ခဲ့သည်။ ဖော်ပြပါနိုင်ငံများအပြင် ကမ္ဘောဒီယား လာအို ဗီယက်နန်တို့အပြင် ဖိလစ်ပိုင်တို့ပါ ပါဝင်လာခဲ့သည်။ ၄င်းဆိုက်ရောက်ဗီဇာ ထုတ်ပေးေ၇းအစီစဉ်မှာ အသုံးတည့်လာတာကြောင့် ယခုတစ်ကြိမ်...

Monday, January 24, 2011

ရန်ကုန်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွါး

Posted by Thit Car Nwe 9:35 AM, under , | No comments

ယနေ့နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံတွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ရာမှ အခြားယာဉ်များကိုပါ ဆင့်ကဲတိုက်မှုများ ဖြစ်ခဲ့ရာ ခရီးသည်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားပြီး လူဆယ်ဦးခန့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ အဆိုပါ BM သ-၉၀၆၆ ကားမှာ ကမ္ဘာအေးဘုရားလမ်းမှ မောင်းနှင်လာစဉ် ယခုကဲ့သို့ ဘရိတ်ပေါက်ပြီး အခြားယဉ်များသို့ပါ ဆင့်ကဲတိုက်မှုများ ဖြစ်ပွါးခဲ့ပြီး လမ်းလက်ဝဲဖက်ရှိ စူပါပါဝါ လျပ်စစ်ပစ္စည်း ဆိုင်သို့ပါ...

Friday, January 21, 2011

အရှက် အကြောက် တရားနှစ်ပါး ကင်းမဲ့ခဲ့သော်--- အပိုင်း ( ၁ )

Posted by Thit Car Nwe 10:02 AM, under | No comments

ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ဟိရိ သြတပ္ပတရားနှစ်ပါးနှင့် ပတ်သက်၍ “ဒုစရိကို ဟိရီရှက်စွ၊ လန့်သြတ္တနှင့်” ဟု ဖွင့်ဆိုတော်မူခဲ့သည်။ ဆိုလိုသည့် အဓိပ္ပါယ်မှာ မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ရမည်မှ ရှက်ခြင်းသဘောသည် ဟိရီ ဖြစ်ပြီး ယင်းမကောင်းမှု ဒုစရိုက်များကို ပြုရမည်မှ ကြောက်လန့်ခြင်း သဘောသည် သြတပ္ပ ဟု ဆိုလိုခြင်းသဘောဖြစ်သည်။ တနည်းအားဖြင့် ဆိုရသော် ဟိရီ၏သဘောသည် မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ရမည်မှ ရှက်ခြင်းသဘောရှိသောကြောင့်...

မြန်မာသင်္ဘောသားများ အသက်ဘေးမှ လွတ်မြောက်လာ

Posted by Thit Car Nwe 2:53 AM, under , | No comments

ပြီးခဲ့သည့် စနေနေ့က ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခြင်းကို ခံထားရသည့် မြန်မာနိုင်ငံသား ၁၁ ဦးအပါဝင် သင်္ဘောသား ၂၁-ဦးပါဝင်သည့် တောင်ကိုရီယား ဓာတုဗေဒကုန်တင် သင်္ဘောပေါ်မှ သဘောင်္သားမျာကို အိုမန်နှင့် အာဖရိကနှစ်နိုင်ငံအကြား ရေပြင်တွင် ယနေ့မနက်ပိုင်း အာရုံမတက်ခင်တွင် တောင်ကိုးရီးယား ရေတပ်မှ ကယ်တင်နိုင်လိုက်သည်။ တောင်ကိုးရီယား အထူးတပ်ဖွဲ့ဝင်မျာက အပိုင်စီးခံထားရသည့် ကုန်တင်သဘောင်္ကြီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး သင်္ဘောသား ၂၁ ယောက်ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။...

Thursday, January 20, 2011

လူထုခေါင်းဆောင် အင်တာနက် တပ်ဆင်ခွင့်ရရှိ

Posted by Thit Car Nwe 9:04 AM, under , | No comments

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အင်တာနက်လိုင်း တပ်ဆင်ခွင့် ရရှိသွားပြီဖြစ်ကြောင်းသိရသည်။ အင်တာနက်တပ်ဆင်ခွင့်ကို ပြီးခဲ့သည့် လကတည်းက လျှောက်ထားခဲ့တာဖြစ်ပြီး ယခုနောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာကတည်းက Twitter တို့လို့ လူမှု ကွန်ယက်များမှတစ်ဆင့် ပြည်တွင်းပြည်ပရှိ လူငယ်များနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆက်သွယ်ဖို့ ဆန္ဒရှိကြောင်းပြောဆိုခဲ့ပြီးဖြစ်သည်။ ယခုလို စစ်အစိုးဖက်မှ အင်တာနက် သုံးစွဲခွင့်ချပေးလိုက်သော်လည်း ဘယ်အတိုင်းအတာအထိ လွတ်လပ်စွာသုံစွဲခွင့်ပြုထားမည်...

Tuesday, January 18, 2011

ပုံမှန်မဟုတ်သည့် ၁၄-ရက်နေ့ထုတ် ကြေးမုံသတင်းစာ

Posted by Thit Car Nwe 5:10 AM, under , | No comments

မြန်မာနိုင်ငံတွင် အငြင်းပွါးဖွယ်ရာဖြစ်နေသည့် အရှင်ဣဒ္ဓိပါလ ဆိုသူ၏ “စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း” နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း ၁၄.၁.၂၀၁၁ နေ့ စစ်အစိုးရထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၇-တွင် သင်းတန်းကြော်ငြာ ပါရှိခဲ့သော်လည်း ပြည်တွင်း ပြည်ပရှိ ရဟန်းသံဃာတော်များနှင့် ထေရ၀ါဒဗုဒ္ဓဘာသာကို တန်ဖိုးထားကြသည့် ဒါယကာ ဒါယိကာမများ၏ ဝေဖန်ကန့်ကွက်တွေများလာတာကြောင့် ယခုအခါတွင် ကြေးမုံအွိုင်းလိုင်း သတင်းစာပါ အဆိုပါ ကြေငြာကို ပယ်ဖြုတ်လိုက်ပြီး ၄င်းအစား ၁၅-ရက်နေ့ထုတ်...

Sunday, January 16, 2011

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ၏ သဘောထုတ်ပြန်ကြေငြာချက်

Posted by Thit Car Nwe 11:44 AM, under | No comments

Statement for Eidapala 2 ...

Saturday, January 15, 2011

မြန်မာသဘောင်္သားများပါဝင်သည့် သဘောင်္တစ်စီး ပင်လယ်ဓားပြများ ဖမ်းဆီး

Posted by Thit Car Nwe 9:34 AM, under , | No comments

မြန်မာသင်္ဘောသား ၁၁ ဦးပါဝင်သည့် တောင်ကိုရီယား ဓာတုဗေဒကုန်တင် သင်္ဘောတစ်စီးကို ယနေ့ စနေနေ့ နေ့ခင်းပိုင်းက ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲသွားခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ပြောဆိုကြောင်းသိရသည်။ အဆိုပါ သင်္ဘောဖမ်းဆီးခံရချိန်တွင် တန်ချိန် 11,500-တင်ဆောင်ထားသည်ဟု သိရှိရပြီး U A E နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဦးတည်ခုတ်မောင်းလာနေစဉ် ယခုကဲ့သို့ ဆိုမာလီ ပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံလိုက်၇ကြောင်းသိရသည်။ ၄င်းသင်္ဘောပေါ်တွင် တောင်ကိုရီးယးသင်္ဘောသား...

Friday, January 14, 2011

ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဆန့်ကျင့်သည့် သင်္ကန်းဝတ်တစ်ဦး၏ လုပ်ဆောင်ချက်

Posted by Thit Car Nwe 2:44 AM, under ,, | No comments

(ကြေးမုံသတင်းစာပါ ကြော်ငြာ) ယခု ရက်ပိုင်းများအတွင်း YouTube နှင့် အင်တာနက် ၀ဒ်ဆိုက်များပေါ်တွင် ပျံ့နှံ့နေသည့် သံဃာတော်တစ်ပါး ဦးဆောင်သည့် စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းအမည်ခံ လှုပ်ရှားမှု ပြကွက်များကြောင့် ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာကို တန်ဖိုးထားလေးစားသည့် ဒကာ ဒကာမအများ စိတ်မသက်မသာ ဖြစ်နေကြရကြောင်း ကြားသိရသည်။ အဆိုပါ သင်တန်းကို ဦးဆောင်သူမှာ အရှင်ဣဒ္ဓိပါလ ဟု သင်တန်းအဖွင့်စကားတွင် ကြားသိရပြီး အဆိုပါသင်တန်းသို့ စစ်တပ်မှ အရာရှိကြီးများ မြို့ရွာအေးချမ်းသာယာရေးနဲ့...

Thursday, January 13, 2011

သံဃာတော်တစ်ပါး စွန်းအားရှင်၏ အပြင်းအထန်ရိုက်နှက်မှုခံရ

Posted by Thit Car Nwe 9:38 AM, under | No comments

ပြီးခဲ့သည့် အင်္ဂါနေ့ညပိုင်းက ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၇ ရပ်ကွက်ရှိ ဓမ္မ၀ိဟာရစာသင်တိုက်မှ အရှင်ဓမ္မုဿရ ကို စွမ်းအားရှင် ၂၀ ခန့်က၀ိုင်းရိုက်ပြီး သေပြီအမှတ်ဖြင့် စွန့်ပစ်ခဲ့ရာမှ အဆိုပါသံဃာတော်မှာ မသေပဲ ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူခဲ့ပြီး ယခုအခါတွင် အဆိုပါသံဃာတော်မှာ စွမ်းအားရှင်အဖွဲ့၏ နောက်ထပ်တစ်ကြိမ် အန္တရယ်ပြုလာမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ထေရ၀ါဗုဒ္ဓဘာသာထွန်းကားသည်ဟု ကမ္ဘာက အသိအမှတ်ပြုခံထားရသည့် မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကာလ နောက်ပိုင်းမှစပြီး စစ်အစိုး၇နှင့်...

Wednesday, January 12, 2011

ကလေးမြို့တွင် ကျောင်းသားဆန္ဒပြမှုဖြစ်ပွါး

Posted by Thit Car Nwe 9:55 AM, under | No comments

စစ်ကိုင်းတိုင်း ကလေးမြို့ တွင် ယနေ့ ဇန်န၀ါရီလ ၁၂ ရက် နေ့ မနက်က ကလေးမြို့တွင်းမှ သက်ဆိုင်ရာ တက္ကသိုလ်များသို့ ပြေးဆွဲနေသည့် ကျောင်းကားခများ ယခင် အသွားအပြန် ကျပ်တရာမှ လေးရာအထိ ရုတ်တရက် တက်သွားမှုကြောင့် ဂျီတီစီတက္ကသိုလ် ကွန်ပြူတာ တက္ကသိုလ် နှင့် ကလေးတက္ကသိုလ်တို့မှ တက္ကသိုလ်ကျောင်းသား/သူ သုံးရာကျော်ခန့် ဒကစ ဒေသဆိုင်ရာ ဒေသဆိုင်ရာစစ်ကွပ်ကဲမှုရုံးအထိ လမ်းလျှောက်စီတန်းပြီး ကားခလျှော်ချပေးရေး တောင်းဆိုခဲ့ကြကြောင်းကြားသိရသည်။ နောက်ဆုံးတွင် အာဏာပိုင်များမှ ကျောင်းသားများတောင်းဆိုသည့်အတိုင်း...

Tuesday, January 11, 2011

ဥပဒေ၊ နည်းဥပဒေ စာအုပ်(၁၇)မျိုး ထုတ်ဝေဖြန့်ချီ

Posted by Thit Car Nwe 9:22 AM, under , | No comments

မြန်မာနိုင်ငံတွင် နှစ်နှစ်ဆယ်အတွင်း ပဌမဆုံးအကြိမ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွင်း သက်ဆိုင်ရာဒေသအသီးသီး၌အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ လွတ်တော်မခေါ်မှ ကြိုတင်ပြီးလေ့လာစေနိုင်ရန် ဥပဒေ၊ နည်းဥပဒေ စာအုပ်(၁၇)မျိုးအား ပုံနှိပ်ထုတ်ဝေဖြန့်ချိလိုက်ကြောင်းသိရသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး၊ ပထမအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး၊ ပထမအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ၁၃၂၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ...

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်

Posted by Thit Car Nwe 3:46 AM, under , | No comments

စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ ( အသက် ၆၄ နှစ်) တွင် ကင်ဆာရောဂါဖြင့် ၁၀၊ ၁၊ ၂၀၁၀ ရက် ညနေတွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။ ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း'၊ 'ခုနစ်စဉ် အလွမ်း’ တို့ဖြင့် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု နှစ်ကြိမ် ရရှိ ခဲ့သူ ဖြစ်သည်။ဆရာမောင်ဝဏ္ဏကို စာရေးဆရာ၊ ဒါရိုက်တာ သာဓု၊ ဒေါ်ခင်ညို တိုမှ ၁၉၄၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ဆရာမောင်ဝဏ္ဏသည် ၁၉၇၆ ခုနှစ်တွင် ဒေါ်ချိုချိုရီနှင့် အိမ်ထောင်ပြုပြီး သားသမီး သုံးဦး ထွန်းကားခဲ့သည်။ ဆရာ၏ သက်တမ်းတစ်လျှောက်တွင်...

ကလေးမြိ့ မီးသတင်း

Posted by Thit Car Nwe 2:53 AM, under | No comments

စစ်ကိုင်းတိုင်း ကလေးမြို့ပင်လုံရပ်ကွက် စိန်မေရီ အလက(၁) အရှေ့ဖက်တွင် ရှိသည့် မြတ်မေတ္တာမွန် စက်သုံးဆီ အရောင်းဆိုင်တွင် မနေ့ (၁၀-၁-၂၀၁၁) ညနေ (၄) နာရီ ခန့်အချိန်က မီးစတင် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဓာတ်ဆီဆိုင်အပါအ၀င် စတိုးဆိုင်တစ်ခု နှင့် လူနေအိမ်တစ်ခု မီးလောက်ပျက်စီး သွားခဲ့ကြောင်းသိရှိရပြီး ညနေ ၅ နာရီ ၂၀ မိနစ်ကျော်မှ မီငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသ...

Sunday, January 9, 2011

မြန်မာနိုင်ငံသားများ စစ်မှုမထမ်းမနေရ ဥပဒေသတ်မှတ်

Posted by Thit Car Nwe 10:16 AM, under , | No comments

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အကြား အမျိုးသား အမျိုးသမီး အားလုံး စစ်မှု မထမ်းမနေရ ဥပဒေ မူကြမ်းတစ်ခု စစ်အစိုးရက ခှမှတ်ထားကြောင်း NHK ဂျပန်သတင်းဌာနက ကြေငြာလိုက်သည်။ အဆိုပါဥပဒေအရ အမျိုးသားများအတွက် အသက် ၁၈-နှစ်နှင့် ၄၅ နှစ်ကြား၊ အမျိုးသမီးများအတွက် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား ၂-နှစ်မှ ၃ သုံးနှစ်အထိစစ်မှုထမ်းဆောင်ရမည်ဖြစ်သည်။ ခြေလက်အင်္ဂါ မသန်စွမ်းသူများမှအပ အသက်ပြည့်မှီသူ အားလုံး မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ အာဏာပိုင်များထံ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းကိုလည်း...

Saturday, January 8, 2011

The wall street ဂျာနယ်တွင် ဖော်ပြထားသည့် 1887 နှင့် 1897 နှစ်များ ဆီက မြန်မာနိုင်ငံအတွင်း ဗြီတိန် ဆေးတပ်ဖွဲ့

Posted by Thit Car Nwe 3:43 AM, under | No comments

...

Thursday, January 6, 2011

မြန်မာကို တရုတ်၏ လွှမ်းမိုးမှု တစ်နေ့တစ်ခြား တိုးပွါးလာ

Posted by Thit Car Nwe 7:05 AM, under | No comments

မြန်မာ့နိုင်ငံတွင် နိုင်ငံေ၇းအကြပ်အတည်းများမည်မျှပင် ရင်ဆိုင် ကြုံတွေ့နေရသော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံ၏ နိုင်ငံရေး စီးပွါးရေးလွှမ်းမိုးမှုမှာ တစ်နေ့တစ်ခြားတိုးပွါးလျှက်ရှိသည်။ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂတွင်ဆွေးနွေးတိုင်း မြန်မာစစ်အစိုး၇ဖက်မှ ရပ်တည်လေ့ရှိပြီး နိုင်ငံတကာကို အာခံပြလေ့ရှိသည်။ ယခုလည်မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားပြီး ရင်းနှီးမြှုပ်နှံ နေသည့် တရုတ်ကုမ္ပဏီပေါင်း ၁၇၃- ခုရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၃၈ ရာခိုင်နှုန်း ကျော်တွင်ရှိနေသည်။ ပြီးခဲ့သည်၂၀၁၀ ခုနှစ်အတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ...

Wednesday, January 5, 2011

သီ၇ိလင်္ကာမှ မျက်ကြည်လွှာလှူဒါန်း

Posted by Thit Car Nwe 3:55 AM, under , | No comments

မြန်မာပြည်သို့ ၄-ရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံ ပြည်သူဆက်ဆံရေးနှင့် ပြည်သူရေးရာဝန်ကြီး Mervin Silva သည် လူမျက်ကြည်လွှာ နှစ်ခုကို မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့ကြောင်းသိရသည်။ အဆိုပါမျက်ကြည်လွှာကို မြန်မာဖက်မှ စစ်အစိုးကိုယ်စား မြန်မာအမျိုးသားကျန်းမာရေး ၀န်ကြီးဌာန ဒါရိုက်တာ အထွေထွေအတွင်းရေးမှုး ဒေါက်တာ ဦးဝင်းမြင့် က လက်ခံခဲ့သည်ဟု သိရသည်။ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတကာဆိုင်ရာ မျက်စိကုသပေးရေးဘဏ်သည် ကမ္ဘာပေါ်တွင် အခြား မျက်စိအစားထိုးကုသပေးသည့်...

Tuesday, January 4, 2011

သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ အကျဉ်းထောင်တွင်း သွားရောက် ပရိတ်ရွတ်

Posted by Thit Car Nwe 3:50 AM, under , | No comments

ဇန်န၀ါရီ ၄ - ရက် ယနေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ ၆၃-နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီး အကျဉ်းချခြင်း ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့မှ ဦးဆောင်ကာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဝေဒိကဒ အကျဉ်းထောင်အတွင်းသို့ သွားရောက်၍ မေတ္တသုတ်နှင့် မောရသုတ်တို့ကို ရွတ်ဖတ်ပြီး အကျဉ်းသား ၆၀၀ -ကျော်အတွက် ဆေးနှင့် အခြား စားသောက်ဖွယ်ရာပစ္စည်းများကို...

Monday, January 3, 2011

အထူးသတင်း

Posted by Thit Car Nwe 9:39 AM, under | No comments

မနက်ဖြန် ဇန်န၀ါရီ ၄ - ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ ၆၃-နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ဖြင့်လည်းကောင်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေရေးအတွက်လည်းကောင်း ရည်ရွယ်ပြီး သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့မှ ဦးစီးကာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ဝေဒိကဒ အကျဉ်းထောင်အတွင်းသို့ သွားရောက်၍ မေတ္တာသုတ်နှင့် မောရသုတ်တို့ကို ရွတ်ဖတ်ပြီး အကျဉ်းသား ၆၀၀ -ကျော်အတွက် ဆေးနှင့် အခြား စားသောက်ဖွယ်ရာပစ္စည်းများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။...

Pages 211234 »

Tags

Labels

Blog Archive

Sponsors

Blog Archive

Recent Posts


ShoutMix chat widget