Warmly welcome to သစ္စာနွယ်ဘလော့ခ်

Saturday, December 18, 2010

ဒီဇင်ဘာ လကုန်ရက်များတွင် မြန်မာပြည်တွင်း အင်အားအသင့်အတင့်ရှိ အအေးလှိုင်း ဖြတ်မည်

Posted by Thit Car Nwe 2:32 AM, under | No comments

ဒီဇင်ဘာလ နှောင်းပိုင်းတွင် မြန်မာနိုင်ငံ တစ်ခုလုံးသို့ အင်အားအသင့်အတင့်ရှိသော အအေးလှိုင်း ဖြတ်သန်းဝင်ရောက်ခြင်း ခံရနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များ အရ ယခု ရက်ပိုင်းမှ စတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ညအပူချိန်များ လျော့ကျလျက် ရှိပြီး ဒီဇင်ဘာလလယ်တွင် ပျမ်းမျှ အပူချိန် ၄ ဒီဂရီ ဆဲလ်စီးယက်စ် အထိသာ ကျဆင်းလေ့ရှိသော ချင်းပြည်နယ် ဟားခါးမြို့သည် ယခုလ ၁၅ ရက်နေ့က အနုတ် ၁ ဒီဂရီ ဆဲလ်စီးယက်စ် အထိ အပူချိန် ကျဆင်းခဲ့ကြောင်း၊ ပြင်ဦးလွင်နှင့် ပင်လောင်းမြို့တို့တွင်လည်း မဖြစ်စဖူး ပျမ်းမျှ အပူချိန် ၅ ဒီဂရီ ဆဲလ်စီးယက်စ် အထိ ကျဆင်းခဲ့သဖြင့် ထူးခြားသော ညအပူချိန် ကျဆင်းမှုများ ကြုံတွေ့လာရကြောင်း သိရှိရသည်။

ထို့အပြင် ဒီဇင်ဘာလ အကုန်ပိုင်း ရက်များတွင် ညအပူချိန်များ ဆက်လက်၍ ကျဆင်းလာဖွယ် ရှိပြီး အအေးလှိုင်း ဖြတ်သန်းမှုသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက် ဒေသများတွင် အပြင်းဆုံး ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ တိုင်းထွာချက်အရ ရန်ကုန်မြို့တော်၏ ညအပူချိန်သည် ၁၈ ဒီဂရီ ဆဲလ်စီးယက်စ် ရှိပြီး နေပြည်တော်တွင် ၁၇ ဒီဂရီ ဆဲလ်စီးယက်စ်ရှိကြောင်း သိရှိရသည်။

ဤသို့ အအေးလှိုင်း ဖြတ်မည့် အချိန်များတွင် သက်ကြီးရွယ် အိုများ၊ ဆီးချို ၊ သွေးတိုး ၊ အ၀လွန်ရောဂါ ၊ သွေးတွင်း ကိုလက်စထရော မြင့်မားလွန်းသော ရောဂါ စသဖြင့် ရောဂါ ရှိသူများ နှင့် လူတိုင်းသည် ညအချိန် ရေချိုးခြင်း၊ ညနေဖက် ခေါင်းလျှော်ခြင်း၊ နွေးထွေးလုံခြုံစွာ မနေခြင်း၊ အရက်သေစာ သောက်စားခြင်း စသည်တို့ကို အထူးသတိပြု ရှောင်ရှားကြရမည် ဖြစ်ကြောင်း ၊ အဆိုပါ ကိစ္စများကို လေဖြတ်ရန် အန္တရာယ် မြင့်မားလှသော အအေးလှိုင်း ဖြတ်ချိန်အတွက် အထူးဆင်ခြင်သင့်ကြောင်း mmDailyNews ကျန်းမာရေးအယ်ဒီတာ ဒေါက်တာသီဟသစ်မှ သတိပေး ပြောကြားခဲ့သည်။
(mmdailynews)

0 comments:

Post a Comment

Tags

Labels

Blog Archive

Sponsors

Blog Archive

Recent Posts


ShoutMix chat widget