Warmly welcome to သစ္စာနွယ်ဘလော့ခ်

Tuesday, December 14, 2010

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ် ပြန်လည်ဖွင့်လှစ်

Posted by Thit Car Nwe 9:02 AM, under , | No comments

ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသ အခြေအနေမှာ ပုံမှန်ပြန်ဖြစ်လာပြီဖြစ်လို့ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို မြန်မာဖက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ထိုင်း အမှတ်၁ စစ်ဒေသ ဒုဗိုလ်ချုပ်ကြီး Udomdet Seetabutr ၏ စကားကို ကိုးကားပြီး ထိုင်းသတင်းဌာန တစ်ခုတွင်ဖော်ပြထားသည်။ ထိုသို့ နယ်စပ်ဂိတ် ပြန်ဖွင့်လိုက်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် အလည်အပတ် ဈေးဝယ်သွားလိုသော ဒေသခံများ အတွက် လွယ်ကူချောမွေ့သွားစေသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက နယ်မြေ မတည်ငြိမ် မအေးချမ်းမှုများ ရှိခဲ့သောကြောင့် နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ရာမှ ယခုအခါ အေးချမ်းမှု ရရှိခဲ့ပြီ ဖြစ်သည့်အတွက် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ထိုင်းဗိုလ်ချုပ်က ထိုင်းစစ်တပ်အနေဖြင့် ထိုင်း မြန်မာနယ်စပ်အခြေနေကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး အကယ်၍ အဆိုပါနယ်စပ်ဂိတ်ကို ပုံမှန်အသုံးပြုနေကြသူများအတွက် အန္တရယ်ဖြစ်စေနိုင်ပါက သူတို့အနေဖြင့် သတိပေးချက် ထုတ်ပြန်သွားမှာဖြစ်ကြောင်းနှင့် ထိုင်းနယ်စပ်ဒေသ တာဝန်ထမ်းဆောင်နေကြသည့် ထိုင်းစစ်တပ်နှင့် နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့များကိုလည်း စိတ်ဓာတ်ရေးရာအရ အားပေးကူညီသွားမှာဖြစ်ကြောင်းပြောကြားသွားသည်။

0 comments:

Post a Comment

Tags

Labels

Blog Archive

Sponsors

Blog Archive

Recent Posts


ShoutMix chat widget