Warmly welcome to သစ္စာနွယ်ဘလော့ခ်

Thursday, December 9, 2010

ရွှေဘုံသာလမ်း တိုက်ခန်း ဝါယာရှော့ခ်မှ မီးလောင်

Posted by Thit Car Nwe 3:47 AM, under , | No comments


ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်း (အလယ်) အမှတ် (၂၂၁/ ၂၂၃) အဆောက်အအုံရှိ သုံးလွှာ ဝဲဘက်အခြမ်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်ခန့်က လျှပ်စက်ဝါယာရှော့ခ် မှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ခုနစ်စီးဖြင့် လာရောက် ငြှိမ်းသတ်ခဲ့ကြောင်း၊ နာရီဝက်ခန့်အကြာ မီးငြိမ်းသတ်ခဲ့ရပြီး ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း The Voice Weekly တွင်ဖော်ပြထားသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏ တန်ဖိုးကို လောလောဆယ် မသိရှိသေးပေမယ့် အိမ်ရှင်ကတော့ မီးခိုးဒဏ်ကြောင့် မေ့သွားပြီး ဆေးရုံပို့လိုက်ရကြောင်းသိရသည် ။
ယနေ့ ၀၉.၁၂.၂၀၁၀ မွန်းလွဲ ၁ နာရီခွဲခန့်ကလည်း မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင်၏နေအိမ် မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းထွက်ပေါ်လျှက်ရှိသည်။ အဆိုပါ မီးလောင်ကျွမ်းမှုမှာလည်း ၀ါယာရှော့ခ်မှတဆင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟုသိရပြီး မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်သူအများ လျှပ်စက်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ နေ့စဉ်ရင်ဆိုင်နေကြရပြီး အဆိုပါ လျှပ်စက်ဝါယာရှော့ခ် များမှတစ်ဆင့် မကြာခဏ မီးလောင်မှုများ ဖြစ်ပွားနေကြောင်း မကြာခဏကြားသိနေကြရသည်။

0 comments:

Post a Comment

Tags

Labels

Blog Archive

Sponsors

Blog Archive

Recent Posts


ShoutMix chat widget