Warmly welcome to သစ္စာနွယ်ဘလော့ခ်

Saturday, December 25, 2010

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ သတင်းစာသတိပေး

Posted by Thit Car Nwe 3:16 AM, under , | No comments

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အတိုက်အခံများအနေဖြင့် အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ အင်္ဂလိပ်ဘာသာဖြင့် ယနေ့ထုတ်ဝေသည့် မြန်မာ့အလင်း သတင်းစာ ခေါင်းကြီးပိုင်းတွင် သတိပေး ရေးသားဖော်ပြထားသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် အကြောင်းပြချက်ဖြင့် အကြမ်းဖက်နည်းအားဖြင့်ဖြစ်စေ ငြိမ်းချမ်းသောနည်းအားဖြင့်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လက်ရှိအစိုးရကို ထိန်းချုပ်ဖို့ အားထုတ်မှုမျိုးများဟာလည်း ဘယ်အကျိုးရလာဒ်မှ ထွက်ပေါ်လာမှာမဟုတ်ကြောင်းကိုလည်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံရေး အကြပ်အတည်းများဖြေရှင်းနိုင်ရေးအတွက် စစ်ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရေးကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။

ယမန်နေ့က ပြုလုပ်သည့် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင်လည်း မြန်မာ့စစ်ဘုရင်ကြီး ဗိုလ်သန်းရွှေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ တိုးတက်ကောင်းမွန်နေသည်ဟု သူမိန့်ခွန်းတွင်ထည့်သွင်း ပြောဆိုသွားခဲ့သေးသည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသများတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်နေပြီး ထောင်းပေါင်းများစွာသော စစ်ပြေးဒုက္ခသည်များ သူတစ်ပါး နိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှာင်နေကြရသည်။ ယခုကဲ့သို့ တိုင်းပြည်အတွင်း မငြိမ်မသက်ဖြစ်နေချိန်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ပါသည်ဟု ဗိုလ်သန်းရွှပါးစပ်က ထုတ်ဖော်ပြောဆိုခြင်းသည် တကယ့်တိုင်းပြည်၏ လက်ရှိအခြေနေမှန်ကို မသိခြင်းပဲလား မသိချင်ဟန်ဆောင်နေခြင်းလား ဆိုသည်မှာ မေးဖွယ်ရာဖြစ်နေသည်။ မကြာခင်က Wikileaks မှ ပေါက်ကြားသည့် ပေးစာထဲတွင် မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီးများဟာ အသိဥာဏ်ခေါင်းပါးလွန်းပြီး ထုံပေပေနိုင်သူများသာဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက ပြောသည်ဟု ဖော်ပြထားပြီး မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရတာ “လူသေနှင့် စကားပြောရသလိုပဲ” ဟုလည်း ၂၀၀၇ ခုနှစ်က အမေရိကန်အရာရှိများနှင့် တွေ့ဆုံရာမှာ စင်ကာပူဝန်ကြီးချုပ်ဟောင်းက မှတ်ချက်ပြု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

0 comments:

Post a Comment

Tags

Labels

Blog Archive

Sponsors

Blog Archive

Recent Posts


ShoutMix chat widget